အကျွန်ုပ်သည် ကိုယ်တော်၏သက်သေခံချက်တို့ကို အမွေအဖြစ် ထာဝရဆက်ခံရရှိပါ၏။ အကြောင်းမူကား ထိုအရာတို့သည် အကျွန်ုပ်၏စိတ်နှလုံးရွှင်မြူးရာဖြစ်ကြပါ၏။
တမန်တော်ဝတ္ထု 8:28 - မြန်မာ့စံမီသမ္မာကျမ်း အပြန်ခရီးတွင် မိမိ၏ရထားပေါ်၌ထိုင်လျက် ပရောဖက်ဟေရှာယ၏ကျမ်းကိုဖတ်နေ၏။ Garrad Bible စစ် ရ ထား စီး လျက် ပ ရော ဖက် ဟေ ရှာ ယ ကျမ်း ကို ဖတ် နေ ရာ၊ Judson Bible ပြန်စဉ်တွင် မိမိရထားပေါ်၌ထိုင်လျက် ပရောဖက်ဟေရှာယ၏ ကျမ်းစာကို ဖတ်လေ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း အပြန်ခရီးတွင် မိမိ၏မြင်းရထားပေါ်၌ ထိုင်၍ ပရောဖက်ဟေရှာယ၏ကျမ်းကို ဖတ်နေ၏။ |
အကျွန်ုပ်သည် ကိုယ်တော်၏သက်သေခံချက်တို့ကို အမွေအဖြစ် ထာဝရဆက်ခံရရှိပါ၏။ အကြောင်းမူကား ထိုအရာတို့သည် အကျွန်ုပ်၏စိတ်နှလုံးရွှင်မြူးရာဖြစ်ကြပါ၏။
ကိုယ်တော်၏သက်သေခံချက်တို့သည် အကျွန်ုပ်ဆင်ခြင်အောက်မေ့စရာဖြစ်သောကြောင့် အကျွန်ုပ်သည် အကျွန်ုပ်၏ဆရာအားလုံးတို့ထက် ပို၍ပညာသတိရှိပါ၏။
ယုဒဘုရင် ဩဇိမင်းကြီး၊ ယောသံမင်းကြီး၊ အာခတ်မင်းကြီး၊ ဟေဇကိမင်းကြီး လက်ထက်၌ ယုဒပြည်၊ ဂျေရုဆလင်မြို့နှင့်ပတ်သက်၍ အာမုတ်၏သားဟေရှာယ မြင်ရသောဗျာဒိတ်နိမိတ်။
ဤသည်ကား “တောကန္တာရ၌ဟစ်ကြော်သောအသံမှာ ထာဝရဘုရား၏လမ်းတော်ကို ပြင်ဆင်ကြလော့။ ကိုယ်တော်၏လမ်းကြောင်းများကို ဖြောင့်တန်းစေကြလော့။
ပရောဖက်ဟေရှာယ၏ကျမ်းကို ကိုယ်တော်အားပေးကြ၏။ ထိုကျမ်းစာလိပ်ကိုဖွင့်၍ တွေ့တော်မူသောကျမ်းပိုဒ်၌ ရေးထားသည့်အချက်မှာ
ထိုအခါ အချင်းချင်းကြား၌ သဘောထားကွဲလွဲသဖြင့် ပြန်သွားကြစဉ်တွင် ပေါလုက “သန့်ရှင်းသောဝိညာဉ်တော်သည် ပရောဖက်ဟေရှာယအားဖြင့် သင်တို့ဘိုးဘေးတို့အား လျောက်ပတ်စွာဟောပြောခဲ့သည်ကား
ထို့ကြောင့် ဖိလိပ္ပုသည်ထ၍ သွားလေ၏။ ထိုစဉ် အီသီယိုးပီးယားဘုရင်မကန္ဒက်၏မှူးမတ်ကြီးဖြစ်ပြီး ဘုရင်မ၏ဘဏ္ဍာအားလုံးကို စီမံအုပ်ချုပ်ရသော အီသီယိုးပီးယားပြည်သားတစ်ဦးသည် ဂျေရုဆလင်မြို့သို့ လာရောက်ဝတ်ပြုကိုးကွယ်ပြီး
ထိုအခါ ဝိညာဉ်တော်သည် ဖိလိပ္ပုအား “ထိုရထားအနီးသို့သွား၍ ကပ်ပြီးလိုက်လော့”ဟု မိန့်တော်မူ၏။
ခရစ်တော်၏နှုတ်ကပတ်တရားကို သင်တို့၌ ကြွယ်ဝစွာတည်စေ၍ အချင်းချင်းတို့ကို အမျိုးမျိုးသောဉာဏ်ပညာဖြင့်သွန်သင်လျက် သတိပေးဆုံးမကာ ကျေးဇူးတော်ချီးမွမ်းခြင်းနှင့်တကွ ဆာလံသီချင်းများ၊ ဓမ္မသီချင်းများနှင့် ဝိညာဉ်ရေးဆိုင်ရာသီချင်းများကို သင်တို့၏စိတ်နှလုံးနှင့်တကွ ဘုရားသခင်ထံ သီဆိုကြလော့။
ဤပညတ်တရားကျမ်း၌ ရေးထားသမျှတို့ကို လိုက်နာစောင့်ထိန်းနိုင်မည့်အကြောင်း ထိုတရားတို့ကို သင့်နှုတ်မှမကွာစေနှင့်။ နေ့ညမပြတ် ဆင်ခြင်အောက်မေ့ရမည်။ သို့ပြုလျှင် သင့်ဘဝလမ်းခရီး၌ အထမြောက်အောင်မြင်လိမ့်မည်။