မိုက်မဲဆိုးညစ်သောအကြံသည် အပြစ်ဖြစ်၏။ ပြက်ရယ်ပြုတတ်သောသူသည်လည်း လူတို့အတွက်စက်ဆုပ်ရွံရှာဖွယ်ဖြစ်၏။
တမန်တော်ဝတ္ထု 8:22 - မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် သင်၌ရှိသော ဤမကောင်းမှုအတွက် နောင်တရလျက် သခင်ဘုရားထံဆုတောင်းလော့။ သို့ပြုလျှင် သင့်စိတ်နှလုံး၏အကြံအစည်အတွက် သင်သည် ခွင့်လွှတ်ခြင်းခံရကောင်းခံရလိမ့်မည်။ Common Language Bible ဤသို့ဆိုးညစ်မှုအတွက်နောင်တရလော့။ ဤ သို့စိတ်အကြံအစည်ပြုမိသည့်အတွက် အပြစ်ဖြေလွှတ်တော်မူရန် သခင်ဘုရား ထံဆုတောင်းလော့။- Garrad Bible သို့ ဖြစ်၍ သင့် ဆိုး သွမ်း ခြင်း အ တွက် နောင် တ ရ လျက် အ ကြံ အ စည် ကို လည်း ချမ်း သာ ပေး ကောင်း ပေး တော် မူ စေ ရန် အ ရှင် ဘု ရား ထံ တောင်း ပန် လော့။ Judson Bible ထိုကြောင့် သင်၌ ယခုဆိုးညစ်သောအမှုကို နောင်တရလော့။ သင်၏စိတ်နှလုံး၌ ကြံစည်ခြင်းအပြစ်ကို လွှတ်ကောင်းလွှတ်လိမ့်မည် ဖြစ်၍၊ ဘုရားသခင်ကို တောင်းပန်လော့။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့ကြောင့် သင်၏မကောင်းမှုအတွက် နောင်တရ၍ ဘုရားသခင်ထံ ဆုတောင်းလော့။ သို့ပြုလျှင် ဘုရားသခင်သည် သင်၏ဆိုးညစ်သောကြံစည်မှုအတွက် ခွင့်လွှတ်ကောင်း ခွင့်လွှတ်နိုင်မည်။ |
မိုက်မဲဆိုးညစ်သောအကြံသည် အပြစ်ဖြစ်၏။ ပြက်ရယ်ပြုတတ်သောသူသည်လည်း လူတို့အတွက်စက်ဆုပ်ရွံရှာဖွယ်ဖြစ်၏။
သို့ဖြစ်၍ အို အရှင်မင်းကြီး၊ အကျွန်ုပ်အကြံပေးသည်ကို လက်ခံပါ။ ဖြောင့်မတ်စွာပြု၍ အပြစ်ကိုရှောင်ကြဉ်ပါ။ ဆင်းရဲသားတို့ကို သနား၍ မတရားမှုများကို စွန့်ပစ်ပါ။ သို့ပြုလျှင် မင်းကြီး၏နန်းစည်းစိမ်သည် တာရှည်တည်ပါလိမ့်မည်”ဟု ပြန်လျှောက်လေ၏။
မကောင်းမှုကို မုန်း၍ ကောင်းမှုကို မြတ်နိုးလော့။ မြို့တံခါးတွင် တရားမျှတမှု ရှိစေလော့။ ကောင်းကင်ဗိုလ်ခြေအရှင် ဘုရားသခင်ထာဝရဘုရားသည် ကြွင်းကျန်သောယောသပ်အမျိုးကို သနားကောင်း သနားတော်မူလိမ့်မည်။
အသက်ချမ်းသာရာရမည့်အကြောင်း ထာဝရဘုရားကိုရှာကြလော့။ သို့မဟုတ်လျှင် ယောသပ်အမျိုးအနွယ်ကို ရုတ်ချည်းမီးလောင်၍ ငြှိမ်းသတ်မည့်သူမရှိဘဲ ဗေသလမြို့ကို ဝါးမျိုလိမ့်မည်။
မာလိန်မှူးသည် သူ့ထံသို့သွား၍ “သင် အဘယ်ကြောင့် အိပ်မောကျနေသနည်း။ ထပြီး သင့်ဘုရားထံ ဆုတောင်းပါလော့။ ငါတို့ သေကျေပျက်စီးမသွားအောင် သင့်ဘုရားသည် ငါတို့ကို ကယ်တင်ကောင်းကယ်တင်လိမ့်မည်”ဟု ဆို၏။
သို့ပြုလျှင် ဘုရားသခင်သည် ငါတို့ကို မဖျက်ဆီးဘဲ စိတ်တော်ပြောင်းလဲ၍ အမျက်တော်ပြေမည်၊ မပြေမည်ကို မည်သူသိနိုင်မည်နည်း”ဟူ၍ ဖြစ်၏။
ဘုရားသခင်သည် လူတို့မသိနားမလည်သည့်အချိန်ကာလကို အမှုမထားခဲ့သော်လည်း ယခုအခါ နေရာတိုင်းရှိ လူအပေါင်းတို့အား နောင်တရကြရန် အမိန့်ပေးတော်မူ၏။
ပေတရုကလည်း “သင်တို့၏အပြစ်များခွင့်လွှတ်ခြင်းကျေးဇူးအတွက် နောင်တရ၍ သင်တို့တစ်ဦးစီသည် ယေရှုခရစ်တော်၏နာမတော်၌ ဗတ္တိဇံခံကြလော့။ ထိုအခါ သန့်ရှင်းသောဝိညာဉ်တော်တည်းဟူသော ကောင်းချီးလက်ဆောင်ကို ရရှိကြလိမ့်မည်။
ထို့ကြောင့် သင်တို့၏အပြစ်များ ပယ်ဖျက်ခြင်းခံရစေရန် နောင်တရလျက် ပြောင်းလဲကြလော့။
ထိုအခါ ပေတရုက “သင်သည် ဘုရားသခင်၏ကောင်းချီးလက်ဆောင်ကို ငွေအားဖြင့်ဝယ်ယူနိုင်သည်ဟုထင်မှတ်သောကြောင့် သင်၏ငွေသည် သင်နှင့်အတူပျက်စီးပါစေ။
သခင်ဘုရားကလည်း“သင်သည်ထ၍ လမ်းဖြောင့်ဟုခေါ်သော လမ်းကြားတစ်ခုသို့သွားပြီးလျှင် ရှောလုအမည်ရှိသော တာရှုမြို့သားကို ယုဒ၏အိမ်၌ မေးမြန်းရှာဖွေလော့။ အကြောင်းမူကား သူသည် ဆုတောင်းလျက်နေ၍
သို့မဟုတ် ဘုရားသခင်၏ကျေးဇူးပြုတော်မူခြင်းသည် သင့်ကို နောင်တသို့ပို့ဆောင်သည်ကိုမသိမမှတ်ဘဲ ကိုယ်တော်၏ကြွယ်ဝသောကျေးဇူးပြုတော်မူခြင်း၊ သည်းခံတော်မူခြင်းနှင့် စိတ်ရှည်တော်မူခြင်းတို့ကို မထီမဲ့မြင်ပြုသလော။
ဘုရားသခင်၏နှုတ်ကပတ်တော်သည် အသက်ရှင်၍ ထက်မြက်ကာ အသွားနှစ်ဖက်ပါသည့် ဓားရှိသမျှတို့ထက် သာ၍ထက်သဖြင့် အသက်နှင့်ဝိညာဉ်တို့အထိလည်းကောင်း၊ အဆစ်အမြစ်နှင့်ခြင်ဆီတို့အထိလည်းကောင်း ထိုးဖောက်ပိုင်းခြားတတ်၏။ စိတ်နှလုံး၏စဉ်းစားဆင်ခြင်မှုနှင့်သဘောထားတို့ကိုလည်း ထိုးထွင်းသိမြင်နိုင်၏။
ငါသည် သူ့အား နောင်တရရန်အချိန်ပေးခဲ့သော်လည်း သူသည် မိမိ၏တရားနှင့်မညီမေထုန်ပြုခြင်းအတွက် နောင်တရလိုသောစိတ်မရှိ။