ထာဝရဘုရားကလည်း မောရှေအား “နုန်၏သားယောရှု၌ ဝိညာဉ်တော်တည်၏။ သူ့ကိုခေါ်၍ သင့်လက်ကို သူ့အပေါ်တင်လော့။
တမန်တော်ဝတ္ထု 8:17 - မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် ပေတရုနှင့်ယောဟန်တို့သည် သူတို့အပေါ်လက်တင်ကြသောအခါ သူတို့သည် သန့်ရှင်းသောဝိညာဉ်တော်ကိုခံယူရရှိကြ၏။ Common Language Bible ပေတရုနှင့်ယောဟန်တို့သည်ထိုသူတို့၏ အပေါ်သို့လက်တင်ကြသောအခါ သူတို့ သည်သန့်ရှင်းသောဝိညာဉ်တော်ကိုခံယူ ရရှိကြလေသည်။ Garrad Bible လက် တင် ကြ သော်၊ သန့် ရှင်း သော ဝိ ညာဉ် တော် ကို ထို သူ တို့ ခံ ရ ကြ၏။ Judson Bible ထိုသူတို့အပေါ်၌ လက်ကိုတင်သောအားဖြင့် သူတို့သည် သန့်ရှင်းသောဝိညာဉ်တော်ကို ခံရကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့နောက် ပေတရုနှင့်ယောဟန်တို့သည် ထိုသူတို့အပေါ် လက်တင်သောအခါ သူတို့သည် သန့်ရှင်းသောဝိညာဉ်တော်ကို လက်ခံရရှိကြ၏။ |
ထာဝရဘုရားကလည်း မောရှေအား “နုန်၏သားယောရှု၌ ဝိညာဉ်တော်တည်၏။ သူ့ကိုခေါ်၍ သင့်လက်ကို သူ့အပေါ်တင်လော့။
လေဝိအမျိုးတို့ကို ထာဝရဘုရားရှေ့တော်သို့ ခေါ်ဆောင်လာပြီးလျှင် အစ္စရေးအမျိုးသားတို့သည် လေဝိအမျိုးတို့အပေါ် လက်ကို တင်ရမည်။
“အကျွန်ုပ်၏သမီးငယ်သည် သေလုနီးပါးဖြစ်နေပါ၏။ သူသည် ရောဂါပျောက်ကင်းလျက် အသက်ချမ်းသာရာရမည့်အကြောင်း ကြွလာ၍ သူ့အပေါ် လက်တော်ကိုတင်တော်မူပါ”ဟု အနူးအညွတ်တောင်းပန်လေ၏။
ထိုအခါ သူတို့သည် အစာရှောင်၍ ဆုတောင်းကြကာ ထိုသူနှစ်ဦးတို့အပေါ် လက်တင်ပြီးနောက် သူတို့ကိုစေလွှတ်လိုက်ကြ၏။
ပေါလုသည် သူတို့အပေါ်လက်တင်သောအခါ သန့်ရှင်းသောဝိညာဉ်တော်သည် သူတို့အပေါ်သို့ သက်ရောက်သဖြင့် သူတို့သည် အခြားသောဘာသာစကားများကိုပြောဆိုလျက် ပရောဖက်ပြုဟောပြောကြ၏။
ထိုအခါ သူတို့အားလုံးသည် သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်ဝလျက် ဝိညာဉ်တော်သည် သူတို့အား ပြောနိုင်စွမ်းပေးတော်မူသည့်အတိုင်း အခြားသောဘာသာစကားများဖြင့် စတင်ပြောဆိုကြ၏။
သူတို့ကို တမန်တော်တို့ရှေ့၌ရပ်စေကြ၏။ ထိုအခါ တမန်တော်တို့သည် ဆုတောင်းလျက် သူတို့အပေါ်လက်တင်ကြ၏။
တမန်တော်တို့လက်တင်ခြင်းအားဖြင့် ဝိညာဉ်တော်ကို လူတို့ရရှိကြောင်း ရှိမုန်မြင်လျှင် တမန်တော်တို့ထံသို့ ငွေကိုယူဆောင်လာ၍
ထို့ကြောင့် အာနနိသည် သွား၍ အိမ်ထဲသို့ဝင်ပြီးလျှင် ရှောလုအပေါ်လက်တင်လျက် “ငါ့ညီရှောလု၊ သင်သည် မျက်စိပြန်မြင်၍ သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်ဝမည့်အကြောင်း သင်လာသောလမ်း၌ သင့်အားထင်ရှားသောသခင်ယေရှုသည် ငါ့ကိုစေလွှတ်တော်မူ၏”ဟု ဆိုလေ၏။
သင်တို့ကို ငါအလွန်တွေ့မြင်လိုသည်မှာ သင်တို့အား ဝိညာဉ်ဆုကျေးဇူးအချို့ကိုဝေမျှပေး၍ သင်တို့ကိုခိုင်ခံ့မြဲမြံစေရန်ဖြစ်၏။
အသင်းတော်အကြီးအကဲများ၏လက်တင်ခြင်းနှင့်တကွ ပရောဖက်ပြုဟောပြောခြင်းအားဖြင့် သင့်အပေါ်ပေးအပ်ထား၍ သင်၌ရှိသည့်ဆုကျေးဇူးကို လျစ်လျူမရှုနှင့်။
မည်သူ့အပေါ်၌မျှ လက်တင်ခြင်းအမှုကို အလျင်စလိုမပြုနှင့်။ အခြားသူတို့၏အပြစ်၌လည်း ပါဝင်ခြင်းမရှိနှင့်။ သင့်ကိုယ်သင် ဖြူစင်သန့်ရှင်းအောင်စောင့်ထိန်းလော့။
ထို့ကြောင့် ငါလက်တင်သောအားဖြင့် သင်ရရှိသောဘုရားသခင်၏ဆုကျေးဇူးကို ပြန်လည်လှုံ့ဆော်ရန် သင့်ကို ငါသတိပေး၏။
ဗတ္တိဇံနှင့်ဆိုင်သောသွန်သင်ခြင်း၊ လက်တင်ခြင်း၊ သေလွန်သောသူတို့၏ရှင်ပြန်ထမြောက်ခြင်း၊ ထာဝရပြစ်ဒဏ်စီရင်ခြင်း စသည့်အကြောင်းအရာများ၌ ထပ်၍အခြေမပြုဘဲနေကြကုန်စို့။