ဗေသလမြို့ရှိယဇ်ပလ္လင်၊ ရှမာရိမြို့ရွာရှိအထွတ်အမြတ်ထားရာကုန်းမြင့်မှဝတ်ကျောင်းများနှင့်ပတ်သက်၍ ထာဝရဘုရား၏စကားတော်အတိုင်း ထိုသူကြွေးကြော်ခဲ့သောအရာသည် အမှန်ဖြစ်လာလိမ့်မည်”ဟု မှာကြားလေ၏။
တမန်တော်ဝတ္ထု 8:14 - မြန်မာ့စံမီသမ္မာကျမ်း ရှမာရိနယ်သားတို့သည် ဘုရားသခင်၏နှုတ်ကပတ်တရားကိုလက်ခံကြကြောင်း ဂျေရုဆလင်မြို့တွင်ရှိသော တမန်တော်တို့သည် ကြားသိကြသောအခါ ပေတရုနှင့်ယောဟန်တို့ကို သူတို့ထံသို့စေလွှတ်ကြ၏။ Common Language Bible ယေရုရှလင်မြို့ရှိတမန်တော်တို့သည်ရှမာရိ ပြည်သားတို့ ဘုရားသခင်၏နှုတ်ကပတ်တရား တော်ကိုခံယူကြကြောင်းကြားလျှင် ပေတရု နှင့်ယောဟန်တို့ကိုသူတို့ထံသို့စေလွှတ်ကြ၏။- Garrad Bible ယေ ရု ရှ လင် မြို့ ရှိ တ မန် တော် တို့ သည် ဘု ရား သ ခင့် တ ရား တော် ကို ရှ မာ ရိ လူ မျိုး ခံ ယူ ကြောင်း ကြား၍ ပေ တ ရု နှင့် ယော ဟန် တို့ ကို စေ လွှတ် ကြ သည့် အ တိုင်း ရောက် ကြ သော်၊ Judson Bible ရှမာရိမြို့သားတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကို ခံယူကြပြီဟု ယေရုရှလင်မြို့၌ရှိသော တမန်တော်တို့သည် သတင်းကြားလျှင်၊ ပေတရုနှင့် ယောဟန်တို့ကို စေလွှတ်ကြ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ဂျေရုဆလင်မြို့ရှိ တမန်တော်တို့သည် ရှမာရိပြည်သားများက ဘုရားသခင်၏နှုတ်ကပတ်တရားတော်ကို ခံယူကြောင်း ကြားသိသောအခါ ပေတရုနှင့် ယောဟန်တို့ကို ရှမာရိနယ်သို့ လွှတ်လိုက်ကြ၏။ |
ဗေသလမြို့ရှိယဇ်ပလ္လင်၊ ရှမာရိမြို့ရွာရှိအထွတ်အမြတ်ထားရာကုန်းမြင့်မှဝတ်ကျောင်းများနှင့်ပတ်သက်၍ ထာဝရဘုရား၏စကားတော်အတိုင်း ထိုသူကြွေးကြော်ခဲ့သောအရာသည် အမှန်ဖြစ်လာလိမ့်မည်”ဟု မှာကြားလေ၏။
ကောင်းသောမြေပေါ်၌ ကြဲခြင်းခံရသည်ဆိုသည်မှာ တရားစကားကိုကြား၍ နားလည်သောသူကိုဆိုလို၏။ ထိုသို့သောသူသည် အမှန်ပင် အသီးသီး၍ အချို့သည် အဆတစ်ရာ၊ အချို့သည် အဆခြောက်ဆယ်၊ အချို့သည် အဆသုံးဆယ် သီးလေ၏”ဟု မိန့်တော်မူ၏။
ကိုယ်တော်သည် ပေတရုနှင့်ယောဟန်တို့အား“ပသခါပွဲတော်ကို ငါတို့စားရန် သွား၍ပြင်ဆင်ကြလော့”ဟု မိန့်တော်မူလျက် သူတို့ကိုစေလွှတ်တော်မူ၏။
ငါ့ကိုငြင်းပယ်၍ ငါ့စကားတို့ကိုလက်မခံသောသူအား ပြစ်ဒဏ်စီရင်သောသူရှိ၏။ ငါဟောပြောခဲ့သည့်တရားစကားကပင် နောက်ဆုံးသောနေ့၌ ထိုသူကိုပြစ်ဒဏ်စီရင်လိမ့်မည်။
လူမျိုးခြားတို့သည်လည်း ဘုရားသခင်၏နှုတ်ကပတ်တရားကို လက်ခံကြကြောင်း တမန်တော်တို့နှင့် ယုဒပြည်တစ်လျှောက်တွင်ရှိသောညီအစ်ကိုတို့သည် ကြားသိကြ၏။
ဂျေရုဆလင်မြို့သို့ရောက်ကြသောအခါ အသင်းတော်မှစ၍ တမန်တော်များနှင့် အသင်းတော်အကြီးအကဲများသည် သူတို့ကို ကြိုဆိုလက်ခံကြ၏။ သူတို့သည်လည်း မိမိတို့အားဖြင့် ဘုရားသခင်ပြုတော်မူသမျှတို့ကို ပြောကြားကြ၏။
ဗေရိမြို့သားတို့သည် သက်သာလောနိတ်မြို့၌ရှိသောသူတို့ထက် စိတ်ထားမြင့်မြတ်ကြ၏။ အကြောင်းမှာ သူတို့သည် နှုတ်ကပတ်တရားကို စေတနာစိတ်အပြည့်အဝဖြင့် လက်ခံ၍ ထိုအတိုင်းဟုတ်၊ မဟုတ် ကျမ်းစာကို နေ့စဉ်လေ့လာကြ၏။
ထိုအခါ ပေတရု၏စကားကိုလက်ခံသောသူတို့သည် ဗတ္တိဇံခံကြသဖြင့် ထိုနေ့၌ လူပေါင်းသုံးထောင်ခန့်မျှတိုးပွားလာ၏။
ရှောလုသည်လည်း သတေဖန်အသတ်ခံရသည့်အမှု၌ အလိုတူအလိုပါဖြစ်၏။ ထိုနေ့တွင် ဂျေရုဆလင်မြို့ရှိအသင်းတော်အပေါ် ပြင်းထန်သောညှဉ်းဆဲမှုဖြစ်ပေါ်လာသဖြင့် တမန်တော်တို့မှတစ်ပါး သင်းဝင်သူအပေါင်းတို့သည် ယုဒနယ်နှင့်ရှမာရိနယ်တစ်လျှောက်သို့ ကွဲလွင့်သွားကြ၏။
ဤသို့ဖြင့် မဏ္ဍိုင်များဖြစ်သည်ဟု မှတ်ယူခြင်းခံရသော ယာကုပ်၊ ကေဖနှင့် ယောဟန်တို့သည် ငါ့အားပေးထားသော ကျေးဇူးတော်ကိုသိမြင်၍ မိတ်ဖွဲ့ခြင်းလက်ယာလက်ကို ငါနှင့်ဗာနဗတို့အားကမ်းလျက် ငါတို့သည် လူမျိုးခြားတို့ထံသို့သွားရန်နှင့် သူတို့မူကား အရေဖျားလှီးထားသောသူတို့ထံသို့သွားရန် သဘောတူကြ၏။
သင်တို့သည် ငါတို့ထံမှကြားနာသော ဘုရားသခင်၏နှုတ်ကပတ်တရားကို လက်ခံကြသောအခါ လူတို့၏စကားအဖြစ်မဟုတ်ဘဲ ၎င်း၏စစ်မှန်သည့်အဖြစ်အတိုင်း တစ်နည်းဆိုသော် ယုံကြည်သောသင်တို့အထဲ၌ သက်ဝင်လှုပ်ရှားနေသော ဘုရားသခင်၏နှုတ်ကပတ်တရားအဖြစ် လက်ခံကြသောကြောင့် ငါတို့သည် ဘုရားသခင်ကို အမြဲမပြတ်ကျေးဇူးတင်ကြ၏။
ခရစ်တော်၏ကောင်းမြတ်သောသတင်း၌ ဘုရားသခင်၏လုပ်ဖော်ဆောင်ဖက်ဖြစ်သော ငါတို့၏ညီ တိမောသေကို စေလွှတ်လိုက်၏။ သူ့ကိုစေလွှတ်ခြင်းမှာ သင်တို့၏ယုံကြည်ခြင်းနှင့်ပတ်သက်၍ သင်တို့ကို တိုက်တွန်းနှိုးဆော်၍ ခိုင်ခံ့မြဲမြံစေရန်နှင့်
ပျက်စီးခြင်းသို့ရောက်မည့်သူတို့အတွက် မတရားမှုနှင့်ဆိုင်သောလှည့်ဖြားခြင်းအမျိုးမျိုးတို့ဖြင့်လည်းကောင်း ရောက်ရှိလာမည်။ သူတို့ပျက်စီးခြင်းသို့ရောက်မည့်အကြောင်းမှာ မိမိတို့ကယ်တင်ခြင်းခံရရန်အတွက် သမ္မာတရားအားချစ်ရမည်ကို ငြင်းပယ်ကြသောကြောင့်ဖြစ်၏။