တမန်တော်ဝတ္ထု 4:31 - မြန်မာ့စံမီသမ္မာကျမ်း ထိုသို့ သူတို့ဆုတောင်းပြီးသောအခါ သူတို့စုဝေးနေကြသောနေရာသည် တုန်လှုပ်၍ သူတို့အားလုံးသည် သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်ဝလျက် ဘုရားသခင်၏နှုတ်ကပတ်တရားကို ရဲရင့်စွာဟောပြောကြ၏။ Common Language Bible ထိုသို့ဆုတောင်းကြပြီးသောအခါ၌ သူတို့ စုဝေးရာအရပ်သည်တုန်လှုပ်လေ၏။ သူတို့ သည်သန့်ရှင်းသောဝိညာဉ်တော်ဖြင့်ပြည့်ဝ လျက် ဘုရားသခင်၏တရားတော်ကိုရဲရင့် စွာဟောပြောကြ၏။ Garrad Bible ဤ ပ ဌ နာ အ ဆုံး၌ စည်း ဝေး ရာ အ ရပ် တုန် လှုပ်၍ ရှိ သ မျှ တို့ သည် သန့် ရှင်း သော ဝိ ညာဉ် တော် နှင့် ပြည့် လျက် ဘု ရား သ ခင့် တ ရား တော် ကို ရဲ ရင့် စွာ ဟော ပြော ကြ ၏။ Judson Bible ထိုသို့ဆုတောင်းပတ္ထနာပြုပြီးမှ၊ စုဝေးသော အရပ်သည် တုန်လှုပ်၍၊ ထိုသူအပေါင်းတို့သည် သန့်ရှင်းသောဝိညာဉ်တော်နှင့် ပြည့်သဖြင့်၊ ဘုရားသခင်၏ နှုတ်ကပတ်တရားတော်ကို ရဲ့ရင့်စွာဟောပြောကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုသို့ ဆုတောင်းပြီးနောက် စုရုံးနေသောနေရာသည် တုန်ခါလျက် ထိုသူအားလုံးတို့သည် သန့်ရှင်းသောဝိညာဉ်တော်နှင့် ပြည့်ဝသဖြင့် ဘုရားသခင်၏နှုတ်ကပတ်တရားတော်ကို ရဲရင့်စွာ ဟောပြောကြ၏။ |
သင်တို့ဆုတောင်းသောအခါတွင်လည်း ယုံကြည်ခြင်းဖြင့် တောင်းလျှောက်သမျှသောအရာတို့ကို သင်တို့ရကြလိမ့်မည်”ဟု ပြန်၍မိန့်တော်မူ၏။
သင်တို့အား ငါအမှန်အကန်ဆိုမည်။ ငါ့ကိုယုံကြည်သောသူသည် ငါပြုသောအမှုတို့ကိုပြုလိမ့်မည်။ ထိုထက် ပို၍ကြီးမြတ်သောအမှုတို့ကိုလည်း ပြုလိမ့်မည်။ အကြောင်းမူကား ငါသည် ခမည်းတော်ထံသို့သွားမည်ဖြစ်၏။
သင်တို့သည် ငါ့ကိုရွေးကောက်ကြသည်မဟုတ်။ ငါသာလျှင် သင်တို့ကိုရွေးကောက်သဖြင့် သင်တို့သည်သွားလျက် အသီးကိုသီး၍ သင်တို့၏အသီးတည်မြဲမည့်အကြောင်းနှင့် ငါ့နာမ၌ ခမည်းတော်အား တောင်းလျှောက်သမျှတို့ကို သင်တို့အား ခမည်းတော်ပေးတော်မူမည့်အကြောင်း သင်တို့ကို ငါခန့်ထား၏။
သင်တို့သည် ငါ၌တည်နေ၍ ငါ့စကားတို့သည် သင်တို့၌တည်နေလျှင် သင်တို့လိုချင်သမျှတို့ကို တောင်းကြလော့။ တောင်းလျှင် သင်တို့အတွက် ပြည့်စုံစေတော်မူလိမ့်မည်။
ထို့ကြောင့် သူတို့နှစ်ဦးသည် အချိန်အတန်ကြာနေလျက် သခင်ဘုရားအားဖြင့် ရဲရင့်စွာဟောပြောကြ၏။ သခင်ဘုရားသည်လည်း သူတို့၏လက်ဖြင့် နိမိတ်လက္ခဏာများနှင့်အံ့ဩဖွယ်ရာများကို ပြုခွင့်ပေးတော်မူ၍ မိမိကျေးဇူးတော်နှင့်ဆိုင်သောနှုတ်ကပတ်တရားဘက်၌ သက်သေခံတော်မူ၏။
ပင်တေကုတ္တေပွဲနေ့ရောက်သောအခါ ထိုသူအပေါင်းတို့သည် တစ်နေရာတည်း၌ စုဝေးနေကြ၏။
ထိုအခါ ပြင်းထန်သောလေတိုက်ခတ်သံနှင့်တူသည့် အသံသည် ကောင်းကင်မှ ရုတ်တရက်ပေါ်ထွက်လာ၍ သူတို့ထိုင်နေသောအိမ်တစ်အိမ်လုံးကို ဖုံးလွှမ်းလေ၏။
ထိုအခါ သူတို့အားလုံးသည် သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်ဝလျက် ဝိညာဉ်တော်သည် သူတို့အား ပြောနိုင်စွမ်းပေးတော်မူသည့်အတိုင်း အခြားသောဘာသာစကားများဖြင့် စတင်ပြောဆိုကြ၏။
ထိုသူတို့သည် ပေတရုနှင့်ယောဟန်တို့၏ရဲရင့်ခြင်းကိုမြင်၍ သူတို့နှစ်ဦးသည် ပညာမတတ်သော သာမန်လူများဖြစ်ကြောင်းသတိထားမိသဖြင့် အံ့သြကြလေ၏။ သူတို့နှစ်ဦးသည် ယေရှုနှင့်အတူရှိခဲ့ကြကြောင်းကိုလည်း မှတ်မိကြ၏။
ထာဝရဘုရား၊ ယခု သူတို့၏ခြိမ်းခြောက်မှုများကို သတိမူလျက် ကိုယ်တော်၏အစေအပါးတို့အား နှုတ်ကပတ်တရားကိုရဲရင့်ခြင်းအပြည့်အဝဖြင့်ဟောပြောရသောအခွင့်ကိုပေးတော်မူပါ။
များစွာသောညီအစ်ကိုတို့သည် ငါအချုပ်အနှောင်ခံရခြင်းကြောင့် သခင်ဘုရား၌ ယုံကြည်စိတ်ချလျက် ကြောက်ရွံ့ခြင်းမရှိဘဲ နှုတ်ကပတ်တရားကိုဟောပြောရန် ပိုမိုရဲရင့်လာကြ၏။
ငါသည် မည်သည့်အရာ၌မျှ ရှက်ကြောက်ခြင်းမရှိဘဲ ခါတိုင်းကဲ့သို့ ယခုအခါတွင်လည်း ရဲရင့်ခြင်းအပြည့်အဝရှိလျက် အသက်ရှင်သည်ဖြစ်စေ၊ သေသည်ဖြစ်စေ ငါ၏ကိုယ်ခန္ဓာအားဖြင့် ခရစ်တော်သည် ချီးမွမ်းခြင်းခံရမည့်အကြောင်း မျှော်လင့်တောင့်တ၏။
သင်တို့ထဲတွင် ဉာဏ်ပညာလိုအပ်သောသူရှိလျှင် ကဲ့ရဲ့ပြစ်တင်ခြင်းကိုပြုတော်မမူဘဲ ခပ်သိမ်းသောသူတို့အား ရက်ရောစွာပေးတော်မူသောဘုရားသခင်ထံ တောင်းလျှောက်စေ။ တောင်းလျှင်ရလိမ့်မည်။