အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




တမန်တော်ဝတ္ထု 3:2 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ထိုစဉ် လူ​တို့​သည် အမိ​ဝမ်းတွင်း​က​ပင် ခြေ​မသန်စွမ်း​သူ​တစ်​ဦး​ကို ထမ်း​လာ​ကြ​၏။ သူ​သည် ဗိမာန်​တော်​ထဲသို့​ဝင်​သော​သူ​တို့​ထံမှ ပေးကမ်း​စွန့်ကြဲ​ခြင်း​ကို​တောင်းခံ​ရန်​အတွက် လူ​တို့​သည် သူ့​ကို တင့်တယ်​ဟု​ခေါ်​သော ဗိမာန်​တော်​တံခါး​အနီး​တွင် နေ့တိုင်း​ချထား​လေ့​ရှိ​ကြ​၏။

အခန်းကိုကြည့်ပါ။

Common Language Bible

တင့်​တယ်​ဟု​ခေါ်​သော​တံ​ခါး​အ​နီး​တွင်​ဝမ်း တွင်း​ပါ​ခြေ​မ​စွမ်း​မ​သန်​သူ​လူ​တစ်​ယောက် ထိုင်​လျက်​ရှိ​၏။ ဗိ​မာန်​တော်​ထဲ​သို့​လာ​ကြ သော​သူ​များ​ထံ​မှ​ကြေး​ငွေ​တောင်း​ခံ​နိုင်​ရန် နေ့​စဉ်​နေ့​တိုင်း​ထို​သူ​ကို​တံ​ခါး​အ​နီး​တွင် ချ​ထား​လေ့​ရှိ​ကြ​၏။-

အခန်းကိုကြည့်ပါ။

Garrad Bible

ဗိ မာန် တော် ဝင် သူ တို့ ထံ အ စွန့် အ ကြဲ ခံ စေ ခြင်း ငှါ တင့် တယ် ခေါ် ဗိ မာန် တော့် တံ ခါး အ နီး နေ့ တိုင်း ချ ထား လေ့ ရှိ သော ဝမ်း တွင်း ပါ ခြေ ဆွံ့ တစ် ယောက် ကို ထမ်း လာ ကြ သ ဖြင့်၊

အခန်းကိုကြည့်ပါ။

Judson Bible

အ​မိ​ဝမ်း​တွင်း​က​ပင်​ခြေ​မ​စွမ်း​သော သူ​တစ်​ယောက်​ကို သူ​တစ်​ပါး​တို့​သည် ထမ်း​လျက်​လာ​ကြ၏။ ဗိ​မာန်​တော်​သို့ ဝင်​သော​သူ​တို့​မှာ စွန့်​ကြဲ​ခြင်း​ကို​ခံ​စေ​ခြင်း​ငှာ၊ တင့်​တယ်​အ​မည်​ရှိ​သော တံ​ခါး​နား​မှာ ထို​သူ​ကို​ထား​လေ့​ရှိ၏။-

အခန်းကိုကြည့်ပါ။

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

ထိုအခါ လူတို့​သည် မွေးရာပါ ခြေမသန်သူ​တစ်ဦး​ကို သယ်ဆောင်လာကြ၏။ သူတို့​သည် “လှပသော​တံခါး” ဟု ခေါ်တွင်သည့် ဗိမာန်တော်​၏​တံခါး​အနီး​၌ ထို​သူ​ကို နေ့စဉ်​ထားလေ့ရှိ၏။ ဤသည်​မှာ ထို​သူ​သည် ဗိမာန်တော်​သို့ ဝင်သော​သူတို့​ထံမှ ငွေကြေး​တောင်းရမ်း​နိုင်ရန်​ဖြစ်၏။

အခန်းကိုကြည့်ပါ။



တမန်တော်ဝတ္ထု 3:2
9 ပူးပေါင်းရင်းမြစ်များ  

သူ​၏​အိမ်​တံခါးဝ​၌​ကား တစ်ကိုယ်လုံး​အနာစိမ်း​ပေါက်​နေ​သော လာဇရု​အမည်​ရှိ​ဆင်းရဲသား​တစ်​ယောက် လဲလျောင်း​နေ​၏။


ကိုယ်တော်​သည် ဂျေရိခေါ​မြို့​အနီး​သို့​ရောက်လာ​စဉ်တွင် မျက်မမြင်​တစ်​ဦး​သည် လမ်း​ဘေး​၌​ထိုင်​လျက် တောင်းစား​နေ​၏။


ထိုအခါ အိမ်နီးချင်း​များ​နှင့် ယခင်​က သူ​သည် သူတောင်းစား​ဖြစ်​ခဲ့​ကြောင်း​ကို သိမြင်​သော​သူ​တို့​က “ဤ​သူ​သည် ထိုင်​လျက်​တောင်းစား​နေ​ခဲ့​သူ​မ​ဟုတ်​လော”​ဟု ဆို​ကြ​၏။


‘ကော်နေလိ၊ သင်​၏​ဆုတောင်း​သံ​ကို ဘုရားသခင်​နားညောင်း​တော်မူ​၍ သင်​၏​ပေးကမ်း​စွန့်ကြဲ​ခြင်း​တို့​သည်​လည်း ဘုရားသခင်​ရှေ့​တော်​၌ အောက်မေ့​စရာ​ဖြစ်​လေ​ပြီ။


ထို​ကောင်းကင်တမန်​ကို စေ့စေ့​ကြည့်​ရင်း သူ​သည် ကြောက်လန့်​၍ “သခင်ဘုရား၊ မည်သည့်​အကြောင်းအရာ​ရှိ​ပါ​သနည်း”​ဟု မေး​လေ​၏။ ကောင်းကင်တမန်​က​လည်း “သင်​၏​ဆုတောင်း​ခြင်း​နှင့်​ပေးကမ်း​စွန့်ကြဲ​ခြင်း​တို့​သည် အမှတ်ရ​စရာ​အဖြစ် ဘုရားသခင်​၏​ရှေ့​တော်​သို့​ရောက်​လေ​ပြီ။


လုတ္တရ​မြို့​တွင် ခြေ​ချည့်​သော​လူ​တစ်​ဦး​ထိုင်​လျက်​နေ​၏။ သူ​သည် အမိ​ဝမ်းတွင်း​ကပင် ခြေ​မသန်စွမ်း​သူ​ဖြစ်​လျက် တစ်ခါမျှ လမ်း​မ​လျှောက်​ခဲ့​ဖူး​ပေ။


သူ​သည် ပေးကမ်း​စွန့်ကြဲ​ခြင်း​ကို​ခံ​ရန် ဗိမာန်​တော်​၏​တင့်တယ်​တံခါး​နား​တွင် ထိုင်​လေ့​ရှိ​သူ​ဖြစ်​ကြောင်း မှတ်မိ​ကြ​သဖြင့် ထို​သူ​၌​ဖြစ်ပျက်​သည့်​အမှုအရာ​အတွက် အလွန်​အံ့သြ​၍​မိန်းမော​တွေဝေ​ကြ​၏။


ဤ​နိမိတ်​လက္ခဏာ​အားဖြင့် အကောင်းပကတိ​ဖြစ်​လာ​သော​သူ​သည် အသက်​လေးဆယ်​ကျော်​ရှိ​၏။