အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




တမန်တော်ဝတ္ထု 28:6 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ကျွန်းသား​တို့​က သူ​သည် ယောင်​လာ​တော့​မည်​၊ သို့မဟုတ် ရုတ်တရက်​လဲကျ​၍ သေဆုံး​လိမ့်မည်​ဟု​ဆို​လျက် စောင့်ကြည့်​နေ​ကြ​၏။ သို့သော် ကြာမြင့်​စွာ​စောင့်ကြည့်​နေ​သော်လည်း မကောင်း​သည့်​လက္ခဏာ​တစ်စုံတစ်ခု​မျှ သူ​၌​မ​ဖြစ်​သည်​ကို မြင်​ကြ​သောအခါ သူ​တို့​သည် စိတ်​ပြောင်း​သွား​၍ ဤ​သူ​ကား ဘုရား​ဖြစ်​သည်​ဟု​ဆို​ကြ​၏။

အခန်းကိုကြည့်ပါ။

Common Language Bible

ထို​သူ​တို့​က​ပေါ​လု​သည်​တစ်​ကိုယ်​လုံး​ရောင် လာ​လိမ့်​မည်။ သို့​မ​ဟုတ်​တ​ခ​ဏ​ချင်း​တွင်​လဲ သေ​လိမ့်​မည်​ဟု​စောင့်​မျှော်​နေ​ကြ​၏။ ဤ​အ​တိုင်း ပင်​ဆက်​လက်​၍​အ​တော်​ကြာ​အောင်​စောင့်​မျှော် နေ​ကြ​သော်​လည်း အ​ဘယ်​သို့​မျှ​ပေါ​လု​၌ ဘေး​ဥ​ပဒ်​မ​ဖြစ်​သည်​ကို​မြင်​ကြ​သော​အ​ခါ သူ​တို့​သည်​စိတ်​သ​ဘော​ပြောင်း​လဲ​လာ​လျက် ``ဤ​သူ​ကား​နတ်​ဘု​ရား​ပေ​တည်း'' ဟု​ဆို ကြ​ကုန်​၏။

အခန်းကိုကြည့်ပါ။

Garrad Bible

ယောင် ယမ်း မည် ဟူ၍၎င်း၊ ရုတ် ခြင်း လဲ သေ မည် ဟူ၍၎င်း၊ အောက် မေ့ လျက် နေ သော ထို သူ တို့ သည် ကြာ မြင့် စွာ ကြည့် နေ ပြီး နောက်၊ မည့် သည့် အ န္တ ရာယ် မျှ မ ဖြစ် ကြောင်း သိ မြင် ရာ စိတ် ပြောင်း၍ ဘု ရား ပါ တ ကား ဟု ဆို ကြ၏။

အခန်းကိုကြည့်ပါ။

Judson Bible

သူ​သည် တစ်​ကိုယ်​လုံး​ရောင်​မည်၊ တစ်​ခ​ဏ​ချင်း​တွင် လဲ၍​သေ​မည်​ဟု ထို​သူ​တို့​သည်​ကြာ​မြင့်​စွာ ငံ့​လင့်​သော်​လည်း၊ သူ၌​မ​ကောင်း​သော အ​ပြစ်​တစ်​စုံ​တစ်​ခု​ကို​မျှ မ​မြင်​လျှင် သ​ဘော​ပြောင်း​လဲ၍ ဤ​သူ​ကား နတ်​ဘု​ရား​ဖြစ်​သည်​ဟု ဆို​ကြ၏။

အခန်းကိုကြည့်ပါ။

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

ပေါလု​၏​လက်​သည် ရောင်လာ​သဖြင့် ထို​သူတို့​က ရုတ်တရက်​လဲသေမည်​ဟု စောင့်ကြည့်နေကြ၏။ သို့ရာတွင် အချိန်​အတန်ကြာ​စောင့်ကြည့်​သော်လည်း ပေါလု​၌ မည်သည့်​ဘေးအန္တရာယ်​မှ မဖြစ်သည်​ကို မြင်​သောအခါ သူတို့​၏​ထင်မြင်ချက်​ကို ပြောင်း​၍ “ဤ​လူ​သည် ဘုရား​တစ်ဆူ​ဖြစ်သည်” ဟူ၍ ပြောဆိုကြ၏။

အခန်းကိုကြည့်ပါ။



တမန်တော်ဝတ္ထု 28:6
6 ပူးပေါင်းရင်းမြစ်များ  

ကိုယ်တော်​၏​ရှေ့​မှ​သွား​သော​လူထု​ပရိသတ်​များ​နှင့် နောက်​မှ​လိုက်​သော​လူထု​ပရိသတ်​များ​သည် “ဒါဝိဒ်​၏​သား​တော်​အား ဟောရှဏ္ဏ​ဖြစ်​စေ​သတည်း။ ထာဝရ​ဘုရား​၏​နာမ​တော်​၌ ကြွလာ​တော်မူ​သော​အရှင်​သည် မင်္ဂလာရှိ​စေ​သတည်း။ အမြင့်ဆုံး​သော​အရပ်​၌ ဟောရှဏ္ဏ​ဖြစ်​စေ​သတည်း”​ဟု ကြွေးကြော်​ကြ​၏။


ပိလတ်​မင်း​က “သို့ဖြစ်လျှင် ခရစ်တော်​ဟု​ခေါ်​သော​ယေရှု​ကို မည်သို့​ပြု​ရ​မည်နည်း”​ဟု မေး​ပြန်​သော် သူ​တို့​အားလုံး​က “လက်ဝါးကပ်တိုင်​ပေါ်၌​တင်​လိုက်​ပါ”​ဟု ဆို​ကြ​၏။


လူစုလူဝေး​က​လည်း “ဤ​အသံ​သည် လူ​၏​အသံ​မ​ဟုတ်။ ဘုရားသခင်​၏​အသံ​ဖြစ်​၏”​ဟု ကြွေးကြော်​ကြ​၏။


ထို​နေရာ​အနီး​တွင် ပုဗလိ​ဟု​အမည်​ရှိ​သော​ကျွန်း​သူကြီး​၏​မြေကွက်​များ​ရှိ​၏။ သူ​သည် ငါ​တို့​ကို​လက်ခံ​၍ သုံး​ရက်​တိုင်တိုင် ကောင်း​စွာ​ဧည့်ခံ​လေ​၏။


လူကြီး​လူငယ်​ရှိသမျှ​တို့​သည် သူ့​ကို​အာရုံစိုက်​လျက် “ဤ​သူ​သည် ကြီးမြတ်​ခြင်း​ဟု​ခေါ်​သော ဘုရားသခင်​၏​တန်ခိုး​တော်​ဖြစ်​သည်”​ဟု ဆို​ကြ​၏။