ထိုသူတို့သည် များစွာသောလက်ဆောင်ဖြင့် ငါတို့ကို ဂုဏ်ပြုလျက် ငါတို့ရွက်လွှင့်သောအခါ၌လည်း လိုအပ်သည့်အရာများကို တင်ပေးလိုက်ကြ၏။
သူတို့သည်ကျွန်ုပ်တို့အားလက်ဆောင်များပေး ကြ၏။ ကျွန်ုပ်တို့ထွက်ခွာမည်ပြုသောအခါ၌ လည်းလိုအပ်သည့်စားနပ်ရိက္ခာများကို သင်္ဘောပေါ်သို့ပို့ပေးကြ၏။
ငါ တို့ ကို ရို သေ စွာ ကန် တော့ သည့် ပြင် ငါ တို့ လွှင့် သွား ကြ ပြန် သော် လို အပ် သ မျှ ကို တင် လိုက် ကြ၏။
ထိုသူတို့သည် များစွာသော လက်ဆောင်တို့ကို ပေး၍၊ ငါတို့သည် လွှင့်ပြန်သောအခါ၊ ရိက္ခာများကိုလည်း သင်္ဘောပေါ်သို့ တင်ကြ၏။
ထိုသူတို့သည် ကျွန်ုပ်တို့အား လက်ဆောင်များပေးကြ၏။ ထို့နောက် ကျွန်ုပ်တို့ထွက်ခွာမည့် အချိန်ရောက်သောအခါ၌လည်း သူတို့သည် ကျွန်ုပ်တို့လိုအပ်သည့်ရိက္ခာများကို သင်္ဘောပေါ်သို့ တင်ပေးလိုက်ကြ၏။
ထို့ကြောင့် ဟာဇေလသည် ဒမတ်စကပ်မြို့ထွက်အကောင်းဆုံးပစ္စည်းအမျိုးမျိုးကို ကုလားအုတ်အစီးလေးဆယ်ပေါ်တင်ပြီး လက်ဆောင်အဖြစ် ယူသွားကာ ဘုရားသခင်၏လူကို သွားတွေ့၏။ သူသည် ဘုရားသခင်၏လူထံ ရောက်သောအခါ ရှေ့မှောက်၌ ရပ်လျက် “အရှင့်သားဆီးရီးယားဘုရင်ဗင်္ဟာဒဒ်မင်းကြီးက ‘ဤဝေဒနာမှ ပြန်ကောင်းလာပါမည်လော’ဟူ၍ အကျွန်ုပ်အား မေးလျှောက်စေပါ၏”ဟု လျှောက်၏။
ဧဇရက “ဂျေရုဆလင်မြို့ရှိ ထာဝရဘုရား၏အိမ်တော်အား ခန့်ညားထည်ဝါအောင် ပြုပေးလိုသောစိတ်ကို ရှင်ဘုရင်၌ ရှိစေတော်မူသော အကျွန်ုပ်တို့ဘိုးဘေးတို့၏ဘုရားသခင်ထာဝရဘုရားသည် မင်္ဂလာရှိစေသတည်း။
ဆိုးယုတ်သောသူကို အယုတ်ဟုမြင်သောသူ၊ ထာဝရဘုရားကိုကြောက်ရွံ့သောသူအား ရိုသေလေးမြတ်သောသူ၊ မိမိအကျိုးထိခိုက်လျှင်ပင် ကျိန်ဆိုထားသောကတိကိုမဖျက်သောသူ၊
သုံးလကြာပြီးနောက် ထိုကျွန်းပေါ်တွင် ဆောင်းခိုနေသည့် နတ်အမွှာညီနောင်ရုပ်ပါအလက်ဇန္ဒြိယသင်္ဘောဖြင့် ငါတို့သည် ရွက်လွှင့်ကြ၏။
ဤအရာဖြစ်ပြီးနောက် ကျွန်းပေါ်ရှိနာမကျန်းဖြစ်သောအခြားသူများလည်း ပေါလုထံလာကြ၍ ရောဂါပျောက်ကင်းခြင်းအခွင့်ကိုရကြ၏။
ငါ၏ဘုရားသခင်သည်လည်း ဘုန်းအသရေတော်၌ရှိသော မိမိ၏ကြွယ်ဝမှုနှင့်အညီ သင်တို့၏လိုအပ်ချက်ရှိသမျှကို ခရစ်တော်ယေရှုအားဖြင့် ပြည့်စုံစေတော်မူလိမ့်မည်။
ငါတို့သည် ခရစ်တော်၏တမန်တော်များအနေဖြင့် ဩဇာအာဏာကိုအသုံးပြုနိုင်သော်လည်း သင်တို့ထံမှဖြစ်စေ၊ အခြားသောသူတို့ထံမှဖြစ်စေ လူတို့ပေးသောဂုဏ်ပြုချီးမွမ်းခြင်းကိုမရှာဘဲ