ပဋိညာဉ်တော်ကို ကြည့်ရှုဆင်ခြင်တော်မူပါ။ အကြောင်းမူကား ကမ္ဘာမြေကြီးပေါ်ရှိမှောင်မိုက်သောအရပ်တို့သည် ရက်စက်ကြမ်းကြုတ်မှုကျက်စားရာအရပ်သက်သက် ဖြစ်ပါ၏။
တမန်တော်ဝတ္ထု 27:42 - မြန်မာ့စံမီသမ္မာကျမ်း စစ်သားတို့သည် အကျဉ်းသားတစ်စုံတစ်ဦးမျှ ရေကူး၍မထွက်ပြေးစေရန် သူတို့ကိုသတ်မည်ဟုကြံစည်ကြ၏။ Common Language Bible ထိုအခါစစ်သားများသည်အကျဉ်းသားတို့ ရေကူး၍ထွက်ပြေးမည်ကိုစိုးရိမ်သဖြင့် သူ တို့အားအသေသတ်ရန်ကြံစည်ကြ၏။- Garrad Bible ထို အ ခါ အ ကျဉ်း သား တို့ ကူး ပြေး မည် စိုး ရိမ် သည့် အ တွက် အ သေ သတ် ရန် စစ် သည် တို့ အ ကြံ ပေး ကြ ရာ၊ Judson Bible ထိုအခါ အကျဉ်းခံသောသူတို့သည် ကုန်းသို့ကူး၍ ပြေးမည်ကို စိုးရိမ်သောကြောင့် စစ်သူရဲတို့သည် သတ်မည်ဟုအကြံရှိကြ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း စစ်သားများသည် အကျဉ်းသားများ ကုန်းသို့ ရေကူး၍ထွက်ပြေးမည်ကို စိုးသောကြောင့် သတ်ရန်ကြံစည်ကြ၏။ |
ပဋိညာဉ်တော်ကို ကြည့်ရှုဆင်ခြင်တော်မူပါ။ အကြောင်းမူကား ကမ္ဘာမြေကြီးပေါ်ရှိမှောင်မိုက်သောအရပ်တို့သည် ရက်စက်ကြမ်းကြုတ်မှုကျက်စားရာအရပ်သက်သက် ဖြစ်ပါ၏။
ဖြောင့်မတ်သောသူသည် မိမိတိရစ္ဆာန်၏အသက်ကို ဂရုစိုက်တတ်၏။ ဆိုးယုတ်သောသူတို့၏သနားစုံမက်ခြင်းမူကား ရက်စက်မှုဖြစ်၏။
အားလုံးသည် တစ်ခုတည်းသောအဖြစ်နှင့်ကြုံတွေ့ရသည်ဟူသောဤအချက်သည် နေအောက်တွင်ပြုသမျှသောအမှုထဲမှ မကောင်းသောအမှုဖြစ်၏။ လူသားတို့၏စိတ်နှလုံးသည်လည်း မကောင်းမှုနှင့်ပြည့်နှက်လျက်ရှိ၍ သူတို့အသက်ရှင်စဉ် သူတို့၏စိတ်နှလုံးထဲ၌ ရူးသွပ်ခြင်းရှိ၏။ ထို့နောက်တွင် သူတို့သည် သေဆုံးကြရ၏။
ဟေရုဒ်မင်းသည် ပေတရုကို ကြိုးစားရှာဖွေသော်လည်း မတွေ့သဖြင့် အစောင့်တို့ကိုစစ်ဆေး၍ သေဒဏ်ပေးရန် အမိန့်ချလေ၏။ ထို့နောက် ယုဒပြည်မှ ဆီဇာရီးယားမြို့သို့ ဆင်းသွား၍ ထိုမြို့၌နေလေ၏။
‘ပေါလု၊ မစိုးရိမ်နှင့်။ သင်သည် ဆီဇာဧကရာဇ်ရှေ့သို့ရောက်ရမည်။ ဘုရားသခင်သည် သင်နှင့်အတူရွက်လွှင့်နေသူအပေါင်းတို့ကိုလည်း သင့်အား ပေးအပ်တော်မူပြီ’ဟု မြွက်ဆိုခဲ့ပါသည်။
သို့သော် သင်္ဘောသည် ဒီရေနှစ်ကြောင်းစုဆုံရာသို့ရောက်သွား၍ သောင်တင်သဖြင့် သင်္ဘောဦးသည် သောင်၌စိုက်ပြီး လှုပ်ရှား၍မရတော့ချေ။ ပဲ့ပိုင်းမှာမူ လှိုင်းလုံးများရိုက်ခတ်သဖြင့် ကျိုးပျက်လေ၏။
မကြာခဏ ခရီးထွက်၍ မြစ်ချောင်းတို့၌ကြုံရသောဘေး၊ ဓားပြတို့၏ဘေး၊ ကိုယ့်လူမျိုးတို့ပြုသောဘေး၊ လူမျိုးခြားတို့ပြုသောဘေး၊ မြို့တွင်း၌ကြုံရသောဘေး၊ တောကန္တာရ၌ကြုံရသောဘေး၊ ပင်လယ်ထဲ၌ကြုံရသောဘေး၊ ညီအစ်ကိုအတုအယောင်များပြုသောဘေး စသည်တို့နှင့် ရင်ဆိုင်ခဲ့ရ၏။