သူတို့သည် ထိုလှေကို သင်္ဘောပေါ်တင်ပြီးလျှင် သင်္ဘောကိုခိုင်ခံ့စေရန် ကြိုးဖြင့်ပတ်စည်းကြ၏။ ဆိတစ်သဲသောင်ပေါ်၌ သောင်တင်မည်ကို စိုးရိမ်သောကြောင့် ရွက်ကိုလျှောချလျက် လေတိုက်ရာသို့ မျောပါသွားကြ၏။
တမန်တော်ဝတ္ထု 27:26 - မြန်မာ့စံမီသမ္မာကျမ်း အကျွန်ုပ်တို့သည် ကျွန်းတစ်ခုတွင် သောင်တင်ရလိမ့်မည်”ဟု ဆိုလေ၏။ Common Language Bible သို့ရာတွင်ငါတို့သင်္ဘောသည်ကျွန်းတစ်ခု တွင်သောင်တင်လိမ့်မည်'' ဟုဆို၏။ Garrad Bible သို့ ရာ တွင် ကျွန်း တစ် ကျွန်း ပေါ် မှာ တင် ရ မည် ဟု ဆို လေ၏။ Judson Bible သို့သော်လည်း တစ်စုံတစ်ခုသောကျွန်းပေါ်မှာ သင်္ဘောတင်၍ ပျက်ရမည်ဟု ပေါလုဆို၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့သော် ကျွန်ုပ်တို့သည် ကျွန်းတစ်ကျွန်းပေါ်တွင် သောင်တင်ရလိမ့်မည်” ဟု ပြောလေ၏။ |
သူတို့သည် ထိုလှေကို သင်္ဘောပေါ်တင်ပြီးလျှင် သင်္ဘောကိုခိုင်ခံ့စေရန် ကြိုးဖြင့်ပတ်စည်းကြ၏။ ဆိတစ်သဲသောင်ပေါ်၌ သောင်တင်မည်ကို စိုးရိမ်သောကြောင့် ရွက်ကိုလျှောချလျက် လေတိုက်ရာသို့ မျောပါသွားကြ၏။
တစ်ဆယ့်လေးရက်မြောက်ညရောက်သောအခါ ငါတို့သည် အာဒြိပင်လယ်ထဲတွင်မျောပါနေကြစဉ် ညသန်းခေါင်အချိန်ခန့်တွင် သင်္ဘောသားတို့သည် ကမ်းတစ်ခုခုနှင့်နီးလာသည်ဟုထင်မှတ်၍
သူတို့သည် ကျောက်ဆောင်နှင့်တိုက်မိမည်ကိုစိုးရိမ်သဖြင့် သင်္ဘောပဲ့ပိုင်းမှ ကျောက်ဆူးလေးခုကိုချပြီး မိုးလင်းပါစေဟုဆုတောင်းကြ၏။
ငါတို့သည် ဘေးကင်းစွာရောက်ရှိကြသောအခါ ထိုကျွန်းကို မေလိတေကျွန်းဟုခေါ်ကြောင်း သိရကြ၏။