ထိုပွဲတွင် မင်းကြီးသည် မိမိနိုင်ငံတော်၏ဘုန်းစည်းစိမ်၊ မိမိ၏ကြီးမြတ်သောဂုဏ်အရှိန်အဝါတို့ကို ရက်ပေါင်းတစ်ရာ့ရှစ်ဆယ်တိုင်တိုင် ရက်များစွာခင်းကျင်းပြသလေ၏။
တမန်တော်ဝတ္ထု 25:23 - မြန်မာ့စံမီသမ္မာကျမ်း နောက်တစ်နေ့တွင် အဂြိပ္ပမင်းကြီးနှင့်မိဖုရားဗေရနိတ်တို့သည် ခမ်းနားကြီးကျယ်သောအဆောင်အယောင်ဖြင့် တပ်မှူးကြီးများ၊ ထိုမြို့၏အရေးပါပုဂ္ဂိုလ်များနှင့်အတူကြွလာ၍ ညီလာခံခန်းမထဲသို့ဝင်ကြ၏။ ထိုအခါ ဖေတ္တုမင်းသည် အမိန့်ပေးသဖြင့် ပေါလုကိုခေါ်ထုတ်လာကြ၏။ Common Language Bible သို့ဖြစ်၍နောက်တစ်နေ့၌အဂြိပ္ပမင်းနှင့်မိ ဖုရားဗေရနိတ်တို့သည် ခမ်းနားကြီးကျယ် သောအဆောင်အယောင်များနှင့်တကွတပ်မှူး များ၊ မြို့ပေါ်ရှိဂုဏ်အသရေရှိလူကြီးများ နှင့်အတူကြွလာလျက် ညီလာခံခန်းမကြီး သို့ဝင်တော်မူ၏။ ထိုအခါဖေတ္တု၏အမိန့် အရ ပေါလုအားခေါ်သွင်းကြ၏။- Garrad Bible ထို ကြောင့် နောက် နေ့၌ အ ဂ ရိ ပ္ပ မင်း နှင့် ဗေ ရ နိတ် တို့ သည် အ ခမ်း အ နား ခင်း ကျင်း၍ ဗိုလ် ချုပ် များ မြို့ ဝန် များ ခြံ ရံ လျက် ညီ လာ ခံ ထွက် ကြ ပြီး လျှင် ဖေ တ္ထု မင်း အ မိန့် နှင့် ပေါ လု ကို သွင်း ခဲ့ ရာ၊ Judson Bible နက်ဖြန်နေ့၌ အဂြိပ္ပမင်းနှင့် ဗေရနိတ်တို့သည် များစွာသော ဂုဏ်အသရေကို ဆောင်လျက်၊ စစ်သူကြီးတို့မှစ၍ ထိုမြို့၌ထင်ရှားသော သူများတို့နှင့်တကွ အိမ်တော်ဦးသို့ ဝင်ကြလျှင်၊ ဖေတ္တုမင်းသည်ပေါလုကို ဆောင်ခဲ့စေ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့ကြောင့် နောက်တစ်နေ့တွင် အဂြိပ္ပမင်းကြီးနှင့် ဗေရနိတ်တို့သည် ခမ်းနားကြီးကျယ်သောအဆောင်အယောင်ဖြင့် တပ်မှူးကြီးများ၊ မြို့၌ထင်ရှားကျော်ကြားသောဂုဏ်အသရေရှိလူကြီးများနှင့်အတူ ညီလာခံခန်းမသို့ ကြွရောက်လာကြ၏။ ထိုအခါ ဖေတ္တုမင်းသည်လည်း ပေါလုကိုခေါ်ဆောင်လာစေရန် အမိန့်ပေးလေ၏။ |
ထိုပွဲတွင် မင်းကြီးသည် မိမိနိုင်ငံတော်၏ဘုန်းစည်းစိမ်၊ မိမိ၏ကြီးမြတ်သောဂုဏ်အရှိန်အဝါတို့ကို ရက်ပေါင်းတစ်ရာ့ရှစ်ဆယ်တိုင်တိုင် ရက်များစွာခင်းကျင်းပြသလေ၏။
အချည်းနှီး၊ အချည်းနှီးဟု ဒေသနာဆရာဆို၏။ အချည်းနှီး၊ အချည်းနှီး၊ ခပ်သိမ်းသောအရာတို့သည် အချည်းနှီးဖြစ်ကြ၏။
သင်၏ဘုန်းတန်ခိုး၊ သင်၏စောင်းသံသည် မရဏာနိုင်ငံသို့ဆင်းသွားပြီ။ လောက်ကောင်များသည် သင့်အောက်၌ပြန့်နေ၍ ပိုးကောင်များသည် သင့်ကိုဖုံးလွှမ်း၏။
မရဏာနိုင်ငံသည် အလိုရမ္မက်ကြီးစွာဖြင့် မိမိပါးစပ်ကိုအတိုင်းအဆမရှိ ကျယ်စွာဖွင့်လျက်ရှိ၍ ဇိအုန်မြို့ဂုဏ်သရေရှိသူများ၊ ဆူညံနေသောလူအုပ်ကြီး၊ သောက်စားပျော်ပါးနေသူများသည် မရဏာနိုင်ငံသို့ ဆင်းသွားကြရလိမ့်မည်။
အီဂျစ်ပြည်၏ထမ်းပိုးကို ချိုးပစ်သောအခါ တာပနက်မြို့၌ နေ့သည် အမှောင်ကျလိမ့်မည်။ သူဂုဏ်ယူအားထားရာ သူ၏ခွန်အားသည်လည်း ကုန်ခန်းသွား၍ သူ့အဖို့ တိမ်ဖုံးသောနေ့တစ်နေ့ဖြစ်လိမ့်မည်။ မြို့သူမြို့သားတို့သည် သုံ့ပန်းအဖြစ် ပါသွားကြလိမ့်မည်။
သင်၏လူအလုံးအရင်းကို ခွန်အားကြီးသောစစ်သူရဲတို့၏ဓားဖြင့် ကျဆုံးစေမည်။ အကြမ်းကြုတ်ဆုံးလူမျိုးအပေါင်းတို့သည် အီဂျစ်ပြည်၏မာနကို ချိုးပစ်လိမ့်မည်။ သူ၏လူအလုံးအရင်းတို့သည် ပျက်စီးသွားရလိမ့်မည်’ဟု မိန့်တော်မူ၏။
ထိုပြည်ကို လူသူကင်းမဲ့ရာ၊ ဆိတ်ညံရာ ဖြစ်စေမည်။ သူဂုဏ်ယူအားထားရာ သူ၏ခွန်အားကိုလည်း ကွယ်ပျောက်စေမည်။ အစ္စရေးတောင်တို့သည် ဖြတ်သန်းသွားလာမည့်သူမရှိ။ လူသူကင်းမဲ့ရာဖြစ်သွားမည်။
ငါသည် ဆိုးညစ်သောလူမျိုးတို့ကို ခေါ်ခဲ့၍ သူတို့နေထိုင်ရာအိမ်များကို သိမ်းပိုက်စေမည်။ ခွန်အားကြီးသောသူတို့၏မာနကို ချိုးပစ်မည်။ သူတို့၏သန့်ရှင်းရာဌာနကို ညစ်ညူးစေမည်။
“ဤဘေဘီလုံမြို့ကြီးသည် ငါ၏ခန့်ညားသောဂုဏ်သရေကို ထင်ဟပ်ပြရာ မင်းမြို့တော်အဖြစ် ငါ့အစွမ်းသတ္တိ၊ ငါ့တန်ခိုးအာဏာဖြင့် တည်ဆောက်ခဲ့သောမြို့ကြီးဖြစ်သည် မဟုတ်လော”ဟု မြွက်ဆို၏။
သို့သော် အခွင့်ကောင်းရောက်လာလေ၏။ ဟေရုဒ်သည် မိမိ၏မွေးနေ့၌ မှူးကြီးမတ်ရာများ၊ တပ်မှူးကြီးများနှင့် ဂါလိလဲနယ်၏ခေါင်းဆောင်များအတွက် ညစာစားပွဲကျင်းပသောအခါ
ဟေရုဒ်မင်းသည် ချိန်းဆိုထားသောနေ့၌ မင်းဝတ်တန်ဆာများကိုဝတ်ဆင်လျက် ပလ္လင်တော်ပေါ်တွင်ထိုင်ကာ ထိုသူတို့အား မိန့်ခွန်းမြွက်ကြားလေ၏။
ထိုမှ ရက်အနည်းငယ်ကြာပြီးနောက် အဂြိပ္ပမင်းကြီးနှင့်မိဖုရားဗေရနိတ်တို့သည် ဖေတ္တုမင်းကိုနှုတ်ဆက်ရန် ဆီဇာရီးယားမြို့သို့ရောက်လာကြ၏။
ထိုအခါ မင်းကြီးနှင့်ဘုရင်ခံတို့သည်ထပြီး မိဖုရားဗေရနိတ်မှစ၍ သူတို့နှင့်အတူထိုင်နေသောသူတို့သည်လည်း ထကြ၏။
သို့သော် သခင်ဘုရားက“သွားလော့။ ဤသူကား လူမျိုးခြားများ၊ ရှင်ဘုရင်များနှင့် အစ္စရေးအမျိုးသားများရှေ့သို့ ငါ၏နာမကိုယူဆောင်သွားရန် ငါရွေးကောက်ထားသောတန်ဆာပလာဖြစ်၏။
လောကအရာကိုသုံးစွဲသောသူတို့သည်လည်း ၎င်းကိုအပြည့်အဝမသုံးစွဲသကဲ့သို့ နေကြပါစေ။ အကြောင်းမူကား ဤလောက၏ပုံစံအဖြစ်သနစ်သည် ရွေ့လျားကွယ်ပျောက်သွားမည်။
နေသည် အပူရှိန်နှင့်တကွထွက်လာသောအခါ မြက်ပင်ကို ညှိုးနွမ်းခြောက်သွေ့စေတတ်၏။ ထိုအခါ မြက်ပွင့်သည်ကြွေ၍ ၎င်း၏တင့်တယ်သောအဆင်းသည်ပျက်စီးသွား၏။ ထိုနည်းတူ ချမ်းသာသောသူသည်လည်း မိမိ၏စီးပွားရှာဖွေမှုအလယ်၌ပင် မှေးမှိန်ကွယ်ပျောက်သွားလိမ့်မည်။
အဘယ်ကြောင့်ဆိုသော် လူအပေါင်းတို့သည် မြက်ပင်ကဲ့သို့ဖြစ်၍ သူတို့၏ဘုန်းအသရေရှိသမျှသည်လည်း မြက်ပွင့်ကဲ့သို့ဖြစ်၏။ မြက်ပင်သည် ညှိုးနွမ်းခြောက်သွေ့သွား၍ အပွင့်သည်လည်း ကြွေတတ်၏။
အကြောင်းမူကား လောက၌ရှိသမျှသောအရာတည်းဟူသော ကိုယ်ကာယ၏တပ်မက်ခြင်း၊ မျက်စိ၏တပ်မက်ခြင်း၊ စည်းစိမ်၌ကြွားဝါခြင်းတို့သည် ခမည်းတော်နှင့်မစပ်ဆိုင်။ လောကနှင့်သာစပ်ဆိုင်၏။