ထ၍ မိမိဖခင်ထံသို့ပြန်လာလေ၏။ သူသည် အဝေး၌ရှိနေစဉ်ပင် သူ၏ဖခင်သည် သူ့ကိုမြင်လျှင် ကြင်နာစိတ်ရှိသဖြင့် ပြေးလာ၍ သူ့ကိုဖက်လျက် နမ်းလေ၏။
တမန်တော်ဝတ္ထု 21:6 - မြန်မာ့စံမီသမ္မာကျမ်း တစ်ဦးနှင့်တစ်ဦးနှုတ်ဆက်ကြ၍ ငါတို့သည် သင်္ဘောပေါ်သို့တက်ကာ သူတို့သည်မိမိတို့အိမ်သို့ ပြန်သွားကြ၏။ Common Language Bible ထိုနောက်တစ်ဦးနှင့်တစ်ဦးနှုတ်ဆက်ပြီးလျှင် ကျွန်ုပ်တို့သည်သင်္ဘောပေါ်သို့တက်၍သူတို့ သည်မိမိတို့အိမ်သို့ပြန်ကြ၏။ Garrad Bible အ ချင်း ချင်း နှုတ် ဆက် ပြီး နောက် သင်္ဘော သို့ ငါ တို့ တက် မှ သူ တို့ သည် အိမ် သို့ ပြန် သွား ကြ၏။ Judson Bible အချင်းချင်းနှုတ်ဆက်ပြီးမှ ငါတို့သည် သင်္ဘောပေါ်သို့တက်၍ သူတို့သည် မိမိအိမ်သို့ပြန်ကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့နောက် အချင်းချင်း နှုတ်ဆက်ကြပြီးမှ ကျွန်ုပ်တို့သည် သင်္ဘောပေါ်သို့ တက်၍ သူတို့သည်လည်း မိမိတို့အိမ်သို့ ပြန်ကြ၏။ |
ထ၍ မိမိဖခင်ထံသို့ပြန်လာလေ၏။ သူသည် အဝေး၌ရှိနေစဉ်ပင် သူ၏ဖခင်သည် သူ့ကိုမြင်လျှင် ကြင်နာစိတ်ရှိသဖြင့် ပြေးလာ၍ သူ့ကိုဖက်လျက် နမ်းလေ၏။
ကိုယ်တော်သည် မိမိအရပ်သို့ကြွလာသော်လည်း မိမိလူမျိုးတို့သည် ကိုယ်တော်ကိုလက်မခံကြ။
ကြည့်ရှုလော့။ သင်တို့သည် တစ်ကွဲတစ်ပြားစီဖြစ်လျက် မိမိတို့အိမ်သို့ အသီးသီးပြန်သွားကြကာ ငါ့ကို တစ်ကိုယ်တည်းပစ်ထားမည့်အချိန်ရောက်လာမည်ဖြစ်ရာ ယခုပင်ရောက်လာလေပြီ။ သို့ရာတွင် ခမည်းတော်သည် ငါနှင့်အတူရှိတော်မူသောကြောင့် ငါသည် တစ်ကိုယ်တည်းမဟုတ်။
ထို့နောက် ထိုတပည့်တော်အား“ကြည့်လော့။ သင်၏အမိပေတည်း”ဟု မိန့်တော်မူ၏။ ထိုအချိန်မှစ၍ ထိုတပည့်တော်သည် မယ်တော်ကို မိမိအိမ်၌ခေါ်ထားလေ၏။
ငါ့ညီတိတုကိုမတွေ့ရသောကြောင့် ငါသည် စိတ်မသာမယာဖြစ်၍ ထိုသူတို့ကိုနှုတ်ဆက်ပြီးလျှင်မာကေဒေါနိပြည်သို့ ငါထွက်ခွာသွား၏။