ထာဝရဘုရားကိုကြောက်ရွံ့သောသူတို့၊ ကိုယ်တော်ကိုချီးမွမ်းကြလော့။ ယာကုပ်၏အမျိုးအနွယ်အပေါင်းတို့၊ ကိုယ်တော်ကိုဂုဏ်ပြုချီးမွမ်းကြလော့။ အစ္စရေးအမျိုးအနွယ်အပေါင်းတို့၊ ကိုယ်တော်ကိုကြောက်ရွံ့ရိုသေကြလော့။
တမန်တော်ဝတ္ထု 21:20 - မြန်မာ့စံမီသမ္မာကျမ်း ထိုသူတို့သည်ကြားလျှင် ဘုရားသခင်၏ဘုန်းတော်ကိုချီးမွမ်းကြ၏။ ထို့နောက် သူတို့သည် ပေါလုအား “ငါတို့ညီ၊ သင်သိမြင်သည့်အတိုင်း ဂျူးလူမျိုးတို့တွင် ယုံကြည်လာသူထောင်ပေါင်းများစွာရှိ၍ သူတို့အားလုံးသည် ပညတ်တရား၌ စိတ်အားထက်သန်သူများဖြစ်ကြ၏။ Common Language Bible ထိုသို့တင်ပြသည်ကိုကြားသောအခါ ထိုသူ တို့သည်ဘုရားသခင်၏ဂုဏ်တော်ကိုချီးကူး ကြ၏။ ထိုနောက်ပေါလုအား ``ငါတို့ညီ၊ ယုံကြည် သူယုဒအမျိုးသားတို့ထောင်ပေါင်းများစွာ ရှိကြောင်း၊ သူတို့အားလုံးပင်ပညတ်တရား ကိုစွဲလန်းသူများဖြစ်ကြောင်းသင်အသိ ပင်ဖြစ်သည်။- Garrad Bible ထို သူ တို့ ကြား သော် ဘု ရား သ ခင့် ဘုန်း တော် ကို ချီး မြှောက် လျက် ပေါ လု အား ပြော ဆို ကြ သည် မှာ ယု ဒ လူ မျိုး အ နက် မည် မျှ အ ထောင် အ သောင်း ယုံ ကြည် ကြ ကြောင်း၊ ရှိ သ မျှ တို့ သည် ပ ညတ် တ ရား တော် ဘက် ၌ စိတ် အား ကြီး သူ ဖြစ် ကြောင်း ညီ မောင် သိ လေ ပြီ။ Judson Bible ထိုသူတို့သည်ကြားလျှင်၊ ဘုရားသခင်၏ ဂုဏ်တော်ကိုချီးမွမ်းကြ၏။ ပေါလုအားလည်း၊ ငါတို့ညီ၊ ယုံကြည်သော ယုဒလူဘယ်နှစ်သောင်းရှိသည်ကို သင်သည် သိမြင်၏။ ထိုသူအပေါင်းတို့သည် ပညတ်တရားဘက်၌ စိတ်အားကြီးသောသူဖြစ်ကြ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ဤအကြောင်းကို ကြားသောအခါ သူတို့သည် ဘုရားသခင်အားချီးမွမ်းကြ၏။ ထို့နောက် ပေါလုအား “ချစ်ရသောညီ… ထောင်ပေါင်းများစွာသောဂျူးတို့သည် ယုံကြည်လာကြ၍ သူတို့အားလုံးသည် မောရှေ၏ပညတ်ကျမ်းကို လေးလေးနက်နက်လိုက်နာသောသူများ ဖြစ်ကြသည်ကို သင်သိမြင်၏။ |
ထာဝရဘုရားကိုကြောက်ရွံ့သောသူတို့၊ ကိုယ်တော်ကိုချီးမွမ်းကြလော့။ ယာကုပ်၏အမျိုးအနွယ်အပေါင်းတို့၊ ကိုယ်တော်ကိုဂုဏ်ပြုချီးမွမ်းကြလော့။ အစ္စရေးအမျိုးအနွယ်အပေါင်းတို့၊ ကိုယ်တော်ကိုကြောက်ရွံ့ရိုသေကြလော့။
ကမ္ဘာမြေအစွန်းရှိသမျှတို့သည် သတိရကြ၍ ထာဝရဘုရားထံသို့ပြန်လှည့်လာကြလိမ့်မည်။ တိုင်းနိုင်ငံများမှမျိုးနွယ်စုအပေါင်းတို့သည် ရှေ့တော်၌ ပျပ်ဝပ်ကြလိမ့်မည်။
ဤအခြင်းအရာကိုတွေ့မြင်သော လူထုပရိသတ်တို့သည် ကြောက်ရွံ့လျက် လူတို့အား ဤသို့သောအခွင့်အာဏာကို ပေးတော်မူသော ဘုရားသခင်၏ဘုန်းတော်ကိုချီးမွမ်းကြ၏။
ထိုအခါ ထောင်ပေါင်းများစွာသောလူထုပရိသတ်တို့သည် စုဝေးလာကြ၍ အချင်းချင်းပင်နင်းမိမတတ်ဖြစ်ကြ၏။ ကိုယ်တော်သည် တပည့်တော်တို့အား ဦးစွာမြွက်ဆိုတော်မူသည်မှာ“ဖာရိရှဲတို့၏တဆေးဖြစ်သည့် သူတော်ကောင်းယောင်ဆောင်မှုကို သတိထားကြလော့။
သို့သော် သင်၏ညီသည် သေဆုံးခဲ့သော်လည်း အသက်ပြန်ရှင်ပြီး ပျောက်ဆုံးခဲ့သော်လည်း ပြန်တွေ့ရသည်ဖြစ်၍ ယခုဝမ်းမြောက်ပျော်ရွှင်သင့်၏’ဟု ဆိုလေ၏”ဟူ၍ မိန့်တော်မူ၏။
သင်တို့အား ငါအမှန်အကန်ဆိုမည်။ ဂျုံစေ့တစ်စေ့သည် မြေ၌ကျ၍ မပျက်စီးလျှင် တစ်စေ့တည်းရှိနေ၏။ ပျက်စီးလျှင်မူကား များစွာသောအသီးကို ဖြစ်ထွန်းစေတတ်၏။
သူတို့သည် ထိုစကားကိုကြားသောအခါ တိတ်ဆိတ်သွားကြ၏။ ထို့နောက် ဘုရားသခင်၏ဘုန်းတော်ကိုချီးမွမ်းလျက် “သို့ဖြစ်လျှင် ဘုရားသခင်သည် အသက်ရှင်ခြင်းသို့ရောက်စေသည့်နောင်တတရားကို လူမျိုးခြားတို့အားလည်း ပေးတော်မူပြီ”ဟု ဆိုကြ၏။
လူအချို့တို့သည် ယုဒပြည်မှ ဆင်းလာ၍ “သင်တို့သည် မောရှေ၏ဓလေ့ထုံးစံအတိုင်း အရေဖျားလှီးခြင်းကိုမခံလျှင် ကယ်တင်ခြင်းမခံရနိုင်”ဟု ညီအစ်ကိုတို့အား သွန်သင်ကြ၏။
ငါတို့ထံမှ လူအချို့တို့သည် ငါတို့၏ညွှန်ကြားချက်မရှိဘဲထွက်သွား၍ အမျိုးမျိုးသောစကားအားဖြင့် သင်တို့ကိုပူပန်စေပြီး သင်တို့ကို စိတ်အနှောင့်အယှက်ဖြစ်စေခဲ့သည်ဟု ငါတို့ကြားရ၏။
သို့သော် ဖာရိရှဲဂိုဏ်းထဲမှ ယုံကြည်သူအချို့တို့သည်ထ၍ “လူမျိုးခြားတို့ကို အရေဖျားလှီးခြင်းပေးကြရန်နှင့် မောရှေ၏ပညတ်တရားကို စောင့်ထိန်းကြရန် ညွှန်ကြားရမည်”ဟု ဆိုကြ၏။
ထိုအခါ ပေတရု၏စကားကိုလက်ခံသောသူတို့သည် ဗတ္တိဇံခံကြသဖြင့် ထိုနေ့၌ လူပေါင်းသုံးထောင်ခန့်မျှတိုးပွားလာ၏။
“အကျွန်ုပ်သည် ဆီလီဆီးယားပြည်၊ တာရှုမြို့၌မွေးဖွားခဲ့သော ဂျူးလူမျိုးတစ်ဦးဖြစ်ပါသည်။ သို့သော် ဤမြို့တွင် ကြီးပြင်းလာ၍ ဂါမလျေလ၏ခြေရင်း၌ ဘိုးဘေးတို့မှဆက်ခံသော ပညတ်တရားနှင့်အညီ တင်းကျပ်စွာ ဆုံးမသွန်သင်ခြင်းကိုခံယူပြီး ယနေ့ သင်တို့အားလုံးသည် ဘုရားသခင်အတွက် စိတ်အားထက်သန်သကဲ့သို့ အကျွန်ုပ်သည်လည်း စိတ်အားထက်သန်ခဲ့ပါသည်။
လူအားလုံးတို့သည် ဖြစ်ပျက်ခဲ့သောအမှုအရာအတွက် ဘုရားသခင်၏ဘုန်းတော်ကိုချီးမွမ်းနေကြသည်ဖြစ်၍ ထိုလူတို့ကြောင့် တမန်တော်တို့အား အပြစ်ဒဏ်ပေးနိုင်မည့်နည်းလမ်းကို ရှာမတွေ့သဖြင့် သူတို့သည် တမန်တော်တို့ကို ထပ်မံခြိမ်းခြောက်ပြီးလျှင် ပြန်လွှတ်လိုက်ကြ၏။
သို့သော် နှုတ်ကပတ်တရားကို ကြားနာသူများစွာတို့သည် ယုံကြည်ကြရာ ယောက်ျားအရေအတွက် ငါးထောင်ခန့်မျှဖြစ်လာလေ၏။
ဤသို့ဖြင့် ဘုရားသခင်၏နှုတ်ကပတ်တရားသည်ပျံ့နှံ့သွား၍ ဂျေရုဆလင်မြို့၌ တပည့်တော်တို့၏အရေအတွက်သည် အလွန်တိုးပွားလာ၏။ ယဇ်ပုရောဟိတ်အစုအဝေးကြီးသည်လည်း ယုံကြည်ခြင်းတရားကိုနာခံလာကြ၏။
သူတို့သည် ဘုရားသခင်အတွက် ထက်သန်သောစိတ်ရှိကြောင်း ငါသက်သေခံ၏။ သို့သော် ထိုထက်သန်သောစိတ်သည် စစ်မှန်သောအသိပညာအားဖြင့်မဟုတ်။
ငါသည် ဂျူးဘာသာတရား၌ ငါ့လူမျိုးထဲရှိသက်တူရွယ်တူများထက် သာလွန်ပြီး ငါ့ဘိုးဘေးတို့၏ဓလေ့ထုံးတမ်းများနှင့်ပတ်သက်၍ အလွန်စိတ်အားထက်သန်ခဲ့သည်ကိုလည်းကောင်း သင်တို့ကြားသိထား၏။
ထိုနေ့၌ ကိုယ်တော်သည် မိမိ၏သန့်ရှင်းသူတို့အားဖြင့် ဘုန်းတော်ထင်ရှားစေခြင်းကိုခံရပြီး ငါတို့၏သက်သေခံချက်ကို သင်တို့ယုံကြည်ကြသည်ဖြစ်၍ ယုံကြည်သူအပေါင်းတို့၏အံ့ဩချီးမွမ်းခြင်းကိုခံရလိမ့်မည်။