ထိုအခါ ဧလိယက “သင့်သားကိုပေးပါ”ဟု ဆိုပြီး ထိုမုဆိုးမရင်ခွင်မှသားကိုယူ၍ မိမိနေရာအထက်ခန်းသို့ သယ်သွားကာ မိမိ၏အိပ်ရာပေါ်တွင် ချထား၏။
တမန်တော်ဝတ္ထု 20:9 - မြန်မာ့စံမီသမ္မာကျမ်း ဥတုခုအမည်ရှိသော လူငယ်တစ်ဦးသည် ပြတင်းပေါက်အပေါ်၌ထိုင်၍ အလွန်အမင်းအိပ်ငိုက်နေ၏။ ပေါလုသည် ကြာမြင့်စွာဆွေးနွေးပြောဆိုသောအခါ သူသည် အိပ်မောကျ၍ တတိယထပ်မှ အောက်သို့ ပြုတ်ကျသွားလေ၏။ သူ့ကိုပွေ့ချီလိုက်သောအခါ သေဆုံးနေသည်ကို တွေ့ကြ၏။ Common Language Bible ဥတုခုဆိုသူလူငယ်လူရွယ်တစ်ယောက်သည် ပြူတင်းပေါက်ဘောင်ပေါ်တွင်ထိုင်လျက်နေ၏။ ပေါလုဆက်၍ဟောပြောနေစဉ်သူသည်ငိုက် မြည်းလာပြီးလျှင် နောက်ဆုံး၌အိပ်ပျော်သွား ကာအိမ်၏တတိယအထပ်မှမြေသို့လိမ့် ကျလေသည်။ လူတို့သည်သူ့ကိုပွေ့ချီလိုက် ရာသေနေသည်ကိုတွေ့ကြ၏။- Garrad Bible လေ သာ ပေါက် တွင် ထိုင်၍ များ စွာ ငိုက် မျည်း သော ဥ တု ခု ဆို သူ လူ ငယ် တစ် ယောက် သည် ပေါ လု အ ကျယ် ဟော ပြော ရာ တွင် အိပ် ကြူး သ ဖြင့် တ တိ ယ ဆင့် မှ ကျ၍ အ လောင်း ကို ချီ ယူ ကြ ၏။ Judson Bible ဥတုခုအမည်ရှိသော လုလင်တစ်ယောက်သည် ပြတင်းပေါက် နားမှာထိုင်၍ အိပ်ပျော်ကျူးလွန်လျက် နေ၏။ ပေါလုသည် ကြာမြင့်စွာ ဟောပြောသည်တွင်၊ ထိုသူသည် အိပ်ပျော်လျက် အိမ်သုံးဆင့်အထက်မှ အောက်သို့လျော့ကျ၍ သေသည်ကို သူတို့သည် ချီကြွကြ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ဥတုခုဟု ခေါ်သော လူငယ်တစ်ယောက်သည် ပေါလုကြာရှည်စွာဟောပြောနေစဉ် ပြတင်းပေါက်ပေါ်တွင်ထိုင်ကာ အလွန်အိပ်ငိုက်လျက်နေ၏။ ထိုသူသည် အိပ်ပျော်သွားကာ သုံးလွှာအထပ်မှ အောက်သို့ ပြုတ်ကျသဖြင့် သူ့အား ပွေ့ချီလိုက်သောအခါ သေဆုံးနေသည်ကို သိကြ၏။ |
ထိုအခါ ဧလိယက “သင့်သားကိုပေးပါ”ဟု ဆိုပြီး ထိုမုဆိုးမရင်ခွင်မှသားကိုယူ၍ မိမိနေရာအထက်ခန်းသို့ သယ်သွားကာ မိမိ၏အိပ်ရာပေါ်တွင် ချထား၏။
သို့မဟုတ်လျှင် သူသည်ရုတ်တရက်ပြန်လာ၍ သင်တို့အိပ်ပျော်နေကြသည်ကို တွေ့လိမ့်မည်။
ထိုအခါ နတ်ဆိုးသည် အော်ဟစ်လျက် သူငယ်ကို ပြင်းထန်စွာတက်စေပြီးလျှင် ထွက်သွားလေ၏။ သူငယ်သည် လူသေကဲ့သို့ဖြစ်သွားသဖြင့် လူအပေါင်းတို့က “သူသေပြီ”ဟု ပြောဆိုကြ၏။
ထိုအခါ အန္တိအုတ်မြို့နှင့်ဣကောနိမြို့တို့မှ ဂျူးလူမျိုးတို့သည် ရောက်လာကြပြီး လူထုပရိသတ်များကိုစည်းရုံးကာ ပေါလုကိုခဲနှင့်ပေါက်၍ သူသေပြီဟုထင်မှတ်လျက် မြို့ပြင်သို့ဆွဲထုတ်ကြ၏။
ထိုအခါ ပေါလုသည် ဆင်းလာ၍ သူ့အပေါ် မိမိကိုယ်ကိုလှဲ၍ ဖက်ထားပြီးလျှင် “ရုတ်ရုတ်သဲသဲမဖြစ်ကြနှင့်။ အကြောင်းမူကား သူ့အသက်သည် သူ၌ရှိ၏”ဟု ဆိုလေ၏။
ရက်သတ္တပတ်၏ပထမနေ့တွင် ငါတို့သည် မုန့်ကိုဖဲ့ရန် စုဝေးကြ၏။ ပေါလုသည် သူတို့နှင့်ဆွေးနွေးပြောဆိုလျက်နေ၏။ သူသည် နောက်တစ်နေ့တွင် ထွက်ခွာရန်ကြံရွယ်ထားသည်ဖြစ်၍ သန်းခေါင်အချိန်တိုင်အောင် တရားစကားကို ဆက်၍ဟောပြောလေ၏။