တည်ကြည်စွာလျှောက်လှမ်းသော ဆင်းရဲသားသည် ကောက်ကျစ်သောစကားကိုပြောဆိုသည့် လူမိုက်ထက် ပို၍ကောင်း၏။
တမန်တော်ဝတ္ထု 20:30 - မြန်မာ့စံမီသမ္မာကျမ်း သင်တို့အထဲမှလည်း တပည့်တော်များကို မိမိတို့ဘက်သို့ဆွယ်ရန် ဖောက်ပြန်လမ်းလွဲသောအရာများကို ပြောဆိုသောသူအချို့တို့ ပေါ်လာကြလိမ့်မည်။ Common Language Bible သင်တို့အထဲမှအချို့သောသူတို့သည်လိမ် လည်ပြောဆိုကာယုံကြည်သူများကို သူတို့ နောက်သို့ဆွဲဆောင်သွားသည့်အချိန်ကာလ ရောက်ရှိလာလိမ့်မည်။- Garrad Bible သင် တို့ အ နက် လည်း တ ပည့် တော် တို့ ကို မိ မိ တို့ နောက် ဆုတ် လိုက် စေ ရန် လိမ် လည် ဟော ပြော သူ များ ပေါ် ထွက် မည် ကို ငါ သိ ၏။ Judson Bible တပည့်တော်များကိုသွေးဆောင်ခြင်းငှာ၊ မှားသောစကားကို ပြောတတ်သောလူတို့သည် သင်တို့အထဲ၌လည်း ပေါ်လာမည်ကိုလည်းကောင်း ငါသိ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း လွဲမှားစေသောအရာများကို ပြောဆို၍ တပည့်တော်များအား သူတို့နောက်သို့ လိုက်စေရန် ဆွဲခေါ်သွားမည့်လူတို့သည် သင်တို့အထဲမှလည်း ပေါ်ပေါက်လာလိမ့်မည်။ |
တည်ကြည်စွာလျှောက်လှမ်းသော ဆင်းရဲသားသည် ကောက်ကျစ်သောစကားကိုပြောဆိုသည့် လူမိုက်ထက် ပို၍ကောင်း၏။
သင်၏မျက်စိသည် ထူးဆန်းသောအရာတို့ကိုမြင်၍ သင်၏စိတ်နှလုံးသည် ဖောက်ပြန်လွဲမှားသောစကားတို့ကိုပြောဆိုလိမ့်မည်။
သင်တို့လက်သည် သွေးနှင့်လည်းကောင်း၊ သင်တို့လက်ချောင်းသည် ဒုစရိုက်နှင့်လည်းကောင်း ညစ်ညူး၏။ သင်တို့၏နှုတ်သည် မုသားကိုပြောဆို၍ သင်တို့၏လျှာမှ ကောက်ကျစ်သောစကားထွက်၏။
ထိုသို့သူတို့ပြိုလဲနေစဉ် လူနည်းစုကသာ သူတို့ကိုကူညီလိမ့်မည်။ လူများစုမှာ မရိုးဖြောင့်သောစိတ်ဖြင့် သူတို့နှင့်ပူးပေါင်းလိမ့်မည်။
သူတော်ကောင်းယောင်ဆောင်သော ကျမ်းပြုဆရာနှင့်ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား သင်တို့သည် လူတစ်ဦးကို ဂျူးဘာသာဝင်ဖြစ်လာစေရန် ပင်လယ်နှင့်ကုန်းမြေတို့တွင် လှည့်လည်ကြပြီး ဘာသာဝင်ဖြစ်လာသောအခါ ထိုသူကို သင်တို့ထက် နှစ်ဆဆိုးသောငရဲသားဖြစ်စေကြ၏။
သူ့ကိုတွေ့လျှင် အန္တိအုတ်မြို့သို့ခေါ်လာ၏။ သူတို့သည် တစ်နှစ်ပတ်လုံး အသင်းတော်၌စုဝေးလျက် များစွာသောလူတို့ကို သွန်သင်ကြ၏။ တပည့်တော်တို့သည် ထိုအန္တိအုတ်မြို့၌ “ခရစ်ယာန်”ဟု ပထမဦးဆုံးခေါ်ဝေါ်ခြင်းခံရကြ၏။
သို့ဖြစ်လျှင် သင်သည် ဤနေ့များမတိုင်မီက ပုန်ကန်ထကြွလျက် အကြမ်းဖက်သမားလေးထောင်ကို တောကန္တာရထဲသို့ ခေါ်ဆောင်သွားသည့် အီဂျစ်အမျိုးသားမဟုတ်လော”ဟု မေးလေ၏။
အကြောင်းမူကား ထိုသူတို့သည် ခရစ်တော်၏တမန်တော်များအဖြစ် ယောင်ဆောင်နေကြသည့် တမန်တော်အတုအယောင်များ၊ လှည့်ဖြားတတ်သောလုပ်သားများဖြစ်ကြ၏။
ထို့ပြင် သူတို့သည် တစ်အိမ်ပြီးတစ်အိမ်လှည့်လည်၍ ပျင်းရိသောအကျင့်ရှိလာတတ်ကြ၏။ ထိုသို့ပျင်းရိသည်သာမက အတင်းအဖျင်းပြောဆိုလျက် သူတစ်ပါးကိစ္စ၌ ဝင်ရောက်စွက်ဖက်ကာ မပြောသင့်သည့်အရာတို့ကို ပြောဆိုတတ်ကြ၏။
ထိုသို့ အသိစိတ်ပျက်ပြားလျက် သမ္မာတရားဆုံးရှုံးကာ ဘုရားဝတ်၌မွေ့လျော်ခြင်းသည် အကျိုးစီးပွားဖြစ်သည်ဟု ထင်မှတ်သောလူတို့ကြား၌ မဆုံးနိုင်သောအငြင်းပွားမှုရှိတတ်၏။
အကြောင်းမူကား သူတို့သည် အချည်းနှီးချဲ့ထွင်ဝါကြွားပြောဆိုလျက် မှားယွင်းခြင်း၌အသက်ရှင်နေထိုင်သောသူတို့ထဲမှ လွတ်မြောက်ခါစရှိသောသူတို့ကို သွေးသားဇာတိ၏တပ်မက်ခြင်းနှင့်ကာမဂုဏ်လိုက်စားခြင်းတို့ဖြင့် လှည့်ဖြားဆွဲဆောင်ကြ၏။
ထိုသူတို့သည် ငါတို့ထံမှ ထွက်သွားကြ၏။ သို့သော် သူတို့သည် ငါတို့နှင့်စပ်ဆိုင်သူမဟုတ်။ ငါတို့နှင့်စပ်ဆိုင်သူမှန်လျှင် ငါတို့နှင့်အတူနေခဲ့ကြပေလိမ့်မည်။ သို့ရာတွင် သူတို့ထွက်သွားကြသည်မှာ သူတို့အားလုံး ငါတို့နှင့်စပ်ဆိုင်သူမဟုတ်ကြောင်း ပေါ်လွင်ထင်ရှားစေရန်ဖြစ်၏။
အကြောင်းမူကား ယေရှုခရစ်တော်သည် လူသားအဖြစ်ဖြင့်ကြွလာတော်မူခဲ့သည်ကို ဝန်မခံသောသူဖြစ်သည့် လှည့်ဖြားသောသူများစွာတို့သည် ဤလောက၌ပေါ်လာကြပြီ။ ထိုသို့သောသူသည် လှည့်ဖြားသောသူဖြစ်ပြီး ခရစ်တော်ကိုဆန့်ကျင်အန်တုသူလည်းဖြစ်၏။
သို့ရာတွင် ဤတစ်ချက်ကား သင်၌ရှိ၏။ ငါမုန်းသော နိကောလဂိုဏ်းဝင်များ၏လုပ်ဆောင်မှုတို့ကို သင်လည်းမုန်း၏။