သင်တို့သွားကြသောအခါ ‘ကောင်းကင်နိုင်ငံတော်ပေါ်ထွန်းလုနီးပြီ’ဟု ဟောပြောကြလော့။
တမန်တော်ဝတ္ထု 20:25 - မြန်မာ့စံမီသမ္မာကျမ်း ယခုမူကား နိုင်ငံတော်အကြောင်းကို သင်တို့အားလုံးအလယ်၌ လှည့်လည်ဟောပြောခဲ့သောငါ၏မျက်နှာကို သင်တို့မြင်ရတော့မည်မဟုတ်ကြောင်း ငါသိ၏။ Common Language Bible ``ငါသည်ဘုရားသခင်၏နိုင်ငံတော်အကြောင်း ကို သင်တို့ထံသို့လှည့်လည်ဟောပြောကြေညာ ခဲ့၏။ သို့ရာတွင်သင်တို့အနက်အဘယ်သူမျှ ငါ့မျက်နှာကိုနောက်တစ်ဖန်မြင်ရကြလိမ့် မည်မဟုတ်ကြောင်းကိုငါသိ၏။- Garrad Bible ယ ခု မှာ ကြည့် ကြ ဦး လော့။ နိုင် ငံ တော် အ ကြောင်း ငါ လှည့် လည် ဟော ပြော လျက် နေ ဘူး သော သင် တို့ တစ် စုံ တစ် ယောက် မျှ ငါ့ မျက် နှာ ကို မြင် ရ တော့ မည် မ ဟုတ် ဟု ငါ သိ သည့် အ တိုင်း၊ Judson Bible ယခုမူကား၊ ငါလှည့်လည်၍ ဘုရားသခင်၏ နိုင်ငံတော်အကြောင်းကို ဟောပြောရာ၊ သင်တို့ရှိသမျှသည် နောက်တစ်ဖန် ငါ့မျက်နှာကို မမြင်ရကြဟုငါသိ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ယခုမှာ ကျွန်ုပ်ဟောပြောသည့် နိုင်ငံတော်အကြောင်းကို ကြားခဲ့ရသော သင်တို့ရှိသမျှသည် နောက်တစ်ဖန် ကျွန်ုပ်မျက်နှာကို မြင်ကြရမည်မဟုတ်ကြောင်းကို ကျွန်ုပ်သိ၏။ |
သင်တို့သွားကြသောအခါ ‘ကောင်းကင်နိုင်ငံတော်ပေါ်ထွန်းလုနီးပြီ’ဟု ဟောပြောကြလော့။
မည်သူမဆို နိုင်ငံတော်နှင့်ဆိုင်သောတရားစကားကိုကြား၍ နားမလည်ဘဲနေလျှင် မာရ်နတ်သည်လာ၍ သူ၏စိတ်နှလုံးထဲ၌ကြဲထားသောအရာကို လုယူလေ၏။ လမ်းဘေးတွင်ကြဲခြင်းခံရသည်ဆိုသည်မှာ ထိုသို့သောသူကိုဆိုလို၏။
ကိုယ်တော်ကလည်း“သို့ဖြစ်၍ ကောင်းကင်နိုင်ငံတော်၏တပည့်ဖြစ်လာသော ကျမ်းပြုဆရာတိုင်းသည် မိမိ၏ဘဏ္ဍာတိုက်ထဲမှ ဥစ္စာဘဏ္ဍာအသစ်နှင့်အဟောင်းတို့ကို ထုတ်ယူသောအိမ်ရှင်နှင့်တူ၏”ဟု မိန့်တော်မူ၏။
ထိုအချိန်မှစ၍ ယေရှုသည်“ကောင်းကင်နိုင်ငံတော်ပေါ်ထွန်းလုနီးပြီဖြစ်၍ နောင်တရကြလော့”ဟု စတင်ဟောပြောတော်မူ၏။
ထို့နောက် ကိုယ်တော်သည် ဂါလိလဲနယ်တစ်နယ်လုံးကို လှည့်လည်၍ ဝတ်ပြုစည်းဝေးကျောင်းများ၌ သွန်သင်တော်မူကာ နိုင်ငံတော်နှင့်ဆိုင်သည့် ကောင်းမြတ်သောသတင်းကိုဟောပြောလျက် လူတို့ထဲ၌စွဲကပ်နေသော ရောဂါအမျိုးမျိုးနှင့်အဖျားအနာရှိသမျှတို့ကို ပျောက်ကင်းစေတော်မူ၏။
ပညတ်တရားကျမ်းနှင့် ပရောဖက်ကျမ်းများသည် ယောဟန်လက်ထက်တိုင်အောင်ဖြစ်၏။ ထိုအချိန်မှစ၍ ဘုရားသခင်၏နိုင်ငံတော်နှင့်ဆိုင်သည့် ကောင်းမြတ်သောသတင်းကိုဟောပြောကြ၏။ လူအပေါင်းတို့သည်လည်း ထိုနိုင်ငံတော်ထဲသို့ အတင်းတိုးဝင်ကြ၏။
ကိုယ်တော်ကလည်း“လူသေတို့သည် မိမိတို့၏လူသေတို့ကို သင်္ဂြိုဟ်ကြပါလေစေ။ သင်မူကား သွား၍ ဘုရားသခင်၏နိုင်ငံတော်အကြောင်းကိုဟောပြောလော့”ဟု မိန့်တော်မူ၏။
အထူးသဖြင့် သူ၏မျက်နှာကို မြင်တွေ့ရတော့မည်မဟုတ်ဟု ပေါလုပြောသည့်စကားကြောင့် သူတို့သည် ဝမ်းနည်းကြေကွဲကြ၏။ ထို့နောက် သူ့ကို သင်္ဘောဆီသို့ လိုက်ပို့ကြ၏။
မည်သည့်အတားအဆီးမျှမရှိဘဲ ဘုရားသခင်၏နိုင်ငံတော်အကြောင်းကို ရဲရင့်ခြင်းအပြည့်အဝဖြင့် ဟောပြောကာ သခင်ယေရှုခရစ်တော်၏အကြောင်းများကို သွန်သင်လေ၏။
သို့သော် ဖိလိပ္ပုသည် ဘုရားသခင်၏နိုင်ငံတော်နှင့် ယေရှုခရစ်တော်၏နာမတော်အကြောင်းကို ဟောပြောသောအခါ လူတို့သည် ယုံကြည်လျက် ယောက်ျားများမှစ၍ မိန်းမများပါ ဗတ္တိဇံခံကြ၏။
ယခုအခါ ဤအရပ်တို့၌ ငါလုပ်ဆောင်ရမည့်နေရာမရှိတော့သည့်အပြင် သင်တို့ထံသို့လာရန် နှစ်ပေါင်းများစွာကပင် ဆန္ဒရှိခဲ့သည်နှင့်အညီ
သို့ရာတွင် ခရစ်တော်၌တည်သော ယုဒပြည်ရှိ အသင်းတော်များသည် ငါနှင့်လူချင်းမသိကြသေးဘဲ
ငါသည် သင်တို့နှင့် လောဒိကိမြို့တွင်ရှိသောသူတို့မှစ၍ ငါ့ကို လူချင်းမမြင်ဖူးသောသူတို့အတွက် မည်မျှလောက်ရုန်းကန်ကြိုးစားနေသည်ကို သင်တို့အား သိစေလိုပါ၏။