ထိုသူတို့သည် တမန်တော်တို့၏သွန်သင်ချက်ကိုခံယူခြင်း၊ မုန့်ဖဲ့ခြင်း၊ မိတ်သဟာယဖွဲ့ခြင်းနှင့် ဆုတောင်းခြင်းအမှုတို့ကို အစဉ်တစိုက်ပြုကြ၏။
တမန်တော်ဝတ္ထု 20:11 - မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် အပေါ်သို့ပြန်တက်ပြီးလျှင် မုန့်ကိုဖဲ့၍ စားသုံးကာ မိုးလင်းသည်အထိ ကြာမြင့်စွာပြောဆိုပြီးမှ ထွက်ခွာသွားလေ၏။ Common Language Bible ပေါလုသည်အိမ်ပေါ်သို့ပြန်တက်ပြီးလျှင် တပည့်တော်တို့နှင့်အတူမိတ်သဟာယ စားပွဲဝင်၏။ အစားအစာသုံးဆောင်ပြီး သော်သူသည်အရုဏ်တက်သည်တိုင်အောင် ထို သူတို့နှင့်ကြာမြင့်စွာစကားပြောလျက် နေလေသည်။ ထိုနောက်ထိုမြို့မှထွက်ခွာ သွား၏။- Garrad Bible တက် ပြန်၍ မုန့် ကို ဖဲ့ စား ပြီး လျှင် မိုး မ သောက် မ ချင်း နှီး နှော ပြော ဆို ပြီး မှ ထွက် သွား လေ ၏။ Judson Bible မုန့်ကိုဖဲ့၍စားကြသည်နှင့် မိုးလင်းသည်တိုင်အောင် ကြာမြင့်စွာ စကားပြောပြီးမှ ထွက်သွား၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့နောက် ပေါလုသည် အပေါ်သို့ပြန်တက်၍ မုန့်ကိုချိုးဖဲ့လျက် သူတို့နှင့်အတူ စားကြ၏။ သူသည်လည်း အရုဏ်တက်ချိန်ထိတိုင်အောင် စကားဝိုင်းဖွဲ့ပြီးမှ ထွက်ခွာသွားလေ၏။ |
ထိုသူတို့သည် တမန်တော်တို့၏သွန်သင်ချက်ကိုခံယူခြင်း၊ မုန့်ဖဲ့ခြင်း၊ မိတ်သဟာယဖွဲ့ခြင်းနှင့် ဆုတောင်းခြင်းအမှုတို့ကို အစဉ်တစိုက်ပြုကြ၏။
သူတို့သည် အသက်ရှင်လျက်ရှိသောလူငယ်ကို ခေါ်ဆောင်သွားကာ အလွန်စိတ်သက်သာရာရကြ၏။
ရက်သတ္တပတ်၏ပထမနေ့တွင် ငါတို့သည် မုန့်ကိုဖဲ့ရန် စုဝေးကြ၏။ ပေါလုသည် သူတို့နှင့်ဆွေးနွေးပြောဆိုလျက်နေ၏။ သူသည် နောက်တစ်နေ့တွင် ထွက်ခွာရန်ကြံရွယ်ထားသည်ဖြစ်၍ သန်းခေါင်အချိန်တိုင်အောင် တရားစကားကို ဆက်၍ဟောပြောလေ၏။
ဥတုခုအမည်ရှိသော လူငယ်တစ်ဦးသည် ပြတင်းပေါက်အပေါ်၌ထိုင်၍ အလွန်အမင်းအိပ်ငိုက်နေ၏။ ပေါလုသည် ကြာမြင့်စွာဆွေးနွေးပြောဆိုသောအခါ သူသည် အိပ်မောကျ၍ တတိယထပ်မှ အောက်သို့ ပြုတ်ကျသွားလေ၏။ သူ့ကိုပွေ့ချီလိုက်သောအခါ သေဆုံးနေသည်ကို တွေ့ကြ၏။