အကြောင်းမူကား ကိုယ်တော်၏ဝိညာဉ်တော်ကို သူတို့ဖီဆန်ကြသောကြောင့် သူသည် မိမိနှုတ်ဖြင့် မဆင်မခြင်ပြောဆိုမိခဲ့၏။
တမန်တော်ဝတ္ထု 19:36 - မြန်မာ့စံမီသမ္မာကျမ်း ဤအချက်သည် ငြင်းဆို၍မရနိုင်သည့်အချက်ဖြစ်သောကြောင့် သင်တို့သည် မည်သည့်အမှုကိုမျှ မဆင်မခြင်မပြုဘဲ တိတ်ဆိတ်စွာနေသင့်၏။ Common Language Bible ဤအချက်ကိုအဘယ်သူမျှမငြင်းဆိုနိုင်။ သို့ဖြစ်၍သင်တို့သည်ဆိတ်ဆိတ်နေသင့်ကြ၏။ မဆင်ခြင်ဘဲအဘယ်အမှုကိုမျှမပြုသင့်။- Garrad Bible ဤ အ ခြင်း အ ရာ များ ကို ငြင်း ဆန် နိုင် သူ မ ရှိ သည် ဖြစ်၍ သင် တို့ သည် မည် သည် ကို မျှ အ ဆော တ လျင် မ ပြု ဘဲ ချုပ် တည်း သင့်၏။ Judson Bible ဤအရာများတို့သည် ငြင်းခုံဖွယ်မရှိသည်ဖြစ်၍၊ သင်တို့သည် တိတ်ဆိတ်စွာ နေသင့်ကြ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ဤအကြောင်းအရာများသည် မငြင်းဆန်နိုင်သောအရာများ ဖြစ်သောကြောင့် သင်တို့သည် တိတ်ဆိတ်စွာနေ၍ မဆင်မခြင်မပြုသင့်ပါ။ |
အကြောင်းမူကား ကိုယ်တော်၏ဝိညာဉ်တော်ကို သူတို့ဖီဆန်ကြသောကြောင့် သူသည် မိမိနှုတ်ဖြင့် မဆင်မခြင်ပြောဆိုမိခဲ့၏။
စိတ်ရှည်သောသူ၌ ကြီးမားသောထိုးထွင်းဉာဏ်ရှိ၏။ စိတ်တိုသောသူမူကား မိုက်မဲမှုကိုချီးမြှောက်တတ်၏။
အလျင်စလိုသွား၍ မတိုင်တန်းနှင့်။ နောက်ဆုံး၌ သင်၏အိမ်နီးချင်းသည် သင့်ကိုအရှက်ရစေလျှင် သင်မည်သို့ပြုမည်နည်း။
ထို့နောက် မြို့စာရေးသည် လူအစုအဝေးကို တိတ်ဆိတ်စေပြီးလျှင် “ဧဖက်မြို့သားတို့၊ ဧဖက်မြို့သည် ကြီးမြတ်သောအာတေမိနတ်ဘုရားမ၏ဗိမာန်နှင့် ကောင်းကင်မှကျလာသောရုပ်ပွားတော်တို့ကို ထိန်းသိမ်းစောင့်ရှောက်သောမြို့ဖြစ်ကြောင်း မသိသောသူတစ်စုံတစ်ဦးရှိသလော။
အကြောင်းမူကား သင်တို့ခေါ်ဆောင်ခဲ့သော ဤသူတို့သည် ဗိမာန်တော်ကို လုယက်သောသူလည်းမဟုတ်။ ငါတို့၏နတ်ဘုရားမကို စော်ကားပြောဆိုသောသူလည်းမဟုတ်။
သစ္စာဖောက်သောသူ၊ မဆင်မခြင်ပြုသောသူ၊ မောက်မာသောသူ၊ ဘုရားသခင်ကိုနှစ်သက်သည်ထက် ကာမဂုဏ်ခံစားခြင်းကို သာ၍နှစ်သက်သောသူ၊