ထိုအခါ တစ်မြို့လုံး ရုန်းရင်းဆန်ခတ်ဖြစ်လေ၏။ လူတို့သည် ပေါလုနှင့်အတူလိုက်ပါသည့် မာကေဒေါနိပြည်သား ဂါယုနှင့်အာရိတ္တာခုတို့ကို ဖမ်းဆီးပြီး ဇာတ်ရုံထဲသို့ တစ်ဟုန်ထိုးပြေးဝင်သွားကြ၏။
တမန်တော်ဝတ္ထု 19:32 - မြန်မာ့စံမီသမ္မာကျမ်း လူအစုအဝေးသည် ရုန်းရင်းဆန်ခတ်ဖြစ်၍ တစ်ယောက်တစ်မျိုးစီအော်ဟစ်နေကြ၏။ လူအများစုသည် မိမိတို့အဘယ်ကြောင့်စုဝေးလာကြသည်ကိုပင် မသိကြချေ ။ Common Language Bible ဤအတောအတွင်း၌လူတို့သည် အမျိုးမျိုး ဟစ်အော်ကြလျက်အုတ်အုတ်သဲသဲဖြစ်၍ နေ၏။- Garrad Bible ထို အ စည်း အ ဝေး တွင် အ များ တို့ သည် မည် သည့် အ ကြောင်း နှင့် စု ရုံး ကြ သည် ကို မ သိ ဘဲ အုတ် အုတ် သဲ သဲ ဖြစ် လျက် အ ချို့ က တစ် မျိုး၊ အ ချို့ က တစ် နည်း အော် ဟစ် ကြ စဉ်၊ Judson Bible စုဝေးသောလူတို့သည် ရုန်းရင်းခတ်မျှဖြစ်၍၊ တစ်ယောက်တခြားစီ အော်ဟစ်သဖြင့်၊ လူအများတို့သည် မိမိတို့စုဝေးရသည် အကြောင်းကိုပင် မိမိတို့မသိကြ။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအချိန်၌ လူအစုအဝေးတို့သည် ရှုပ်ထွေးကြကုန်၍ တစ်ယောက်တစ်မျိုး ဟစ်အော်လျက်နေကြ၏။ လူအများစုသည် မည်သည့်အကြောင်းကြောင့် မိမိတို့အတူတကွစုဝေးနေသည်ကိုပင် မသိကြ။ |
ထိုအခါ တစ်မြို့လုံး ရုန်းရင်းဆန်ခတ်ဖြစ်လေ၏။ လူတို့သည် ပေါလုနှင့်အတူလိုက်ပါသည့် မာကေဒေါနိပြည်သား ဂါယုနှင့်အာရိတ္တာခုတို့ကို ဖမ်းဆီးပြီး ဇာတ်ရုံထဲသို့ တစ်ဟုန်ထိုးပြေးဝင်သွားကြ၏။
ပေါလု၏မိတ်ဆွေများဖြစ်ကြသော အာရှပြည်အကြီးအကဲအချို့တို့ကလည်း သူ့ထံလူလွှတ်၍ ဇာတ်ရုံထဲသို့ အရဲစွန့်လျက်မဝင်သွားရန် တောင်းပန်ကြ၏။
ယနေ့ဖြစ်ခဲ့သောအမှုနှင့်ပတ်သက်၍ ခိုင်လုံသောအကြောင်းပြချက် တစ်စုံတစ်ခုမျှမရှိသောကြောင့် ငါတို့သည် ဆူပူအုံကြွမှုအတွက် စွဲဆိုခံရမည်ဟုစိုးရိမ်ရ၏။ ငါတို့သည် ဤပူးပေါင်းကြံစည်မှုအတွက် ဖြေရှင်းချက်ပေးနိုင်မည်မဟုတ်”ဟု ဆိုလျက်
သို့သော် လူထုပရိသတ်ထဲမှ တစ်ယောက်တစ်မျိုးအော်ဟစ်နေကြ၍ ရုန်းရင်းဆန်ခတ်ဖြစ်နေသောကြောင့် တပ်မှူးသည် အဖြစ်မှန်ကိုမသိနိုင်သဖြင့် ပေါလုကို စခန်းထဲသို့ခေါ်ဆောင်သွားရန် အမိန့်ပေးလေ၏။