ထို့ကြောင့် သင်တို့သည်သွား၍ လူမျိုးတကာတို့ကို ငါ့တပည့်ဖြစ်စေလျက် ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော်၏နာမ၌ သူတို့ကိုဗတ္တိဇံပေးကြလော့။
တမန်တော်ဝတ္ထု 19:3 - မြန်မာ့စံမီသမ္မာကျမ်း ပေါလုကလည်း “သို့ဖြစ်လျှင် မည်သည့်ဗတ္တိဇံကို ခံခဲ့ကြသနည်း”ဟု မေးလျှင် သူတို့က “ယောဟန်၏ဗတ္တိဇံကို ခံခဲ့ကြပါသည်”ဟု ဖြေကြားကြ၏။ Common Language Bible ပေါလုက ``ဤသို့ဖြစ်ပါမူသင်တို့သည် အဘယ်မည်သောဗတ္တိဇံမင်္ဂလာကိုခံခဲ့ ကြပါသနည်း'' ဟုမေး၏။ သူတို့က ``ယောဟန်၏ဗတ္တိဇံမင်္ဂလာကို ခံခဲ့ပါသည်'' ဟုဆိုကြ၏။ Garrad Bible ပေါ လု က သို့ ဖြစ် လျှင် မည် သည့် ဗ တ္တိ ဇံ မင်္ဂ လာ ကို ခံ ကြ သ နည်း ဟု မေး ပြန် ရာ၊ ယော ဟန်၏ ဗ တ္တိ ဇံ မင်္ဂ လာ ကို ခံ ပါ သည် ဟု ဖြေ ဆို ကြ သည့် ကာ လ၊ Judson Bible ပေါလုကလည်း၊ သို့ဖြစ်လျှင်၊ သင်တို့သည် အဘယ်မည်သော ဗတ္တိဇံကို ခံကြသနည်းဟု မေးလျှင်၊ ယောဟန်၏ဗတ္တိဇံကိုခံပါသည်ဟု ပြောဆိုကြ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ပေါလုကလည်း “ထိုသို့ဖြစ်လျှင် မည်သည့်နှစ်ခြင်းမင်္ဂလာကို သင်တို့ခံယူကြသနည်း” ဟု မေးလျှင် သူတို့က “ယောဟန်ပေးသော နှစ်ခြင်းမင်္ဂလာ ဖြစ်ပါသည်” ဟု ဖြေကြ၏။ |
ထို့ကြောင့် သင်တို့သည်သွား၍ လူမျိုးတကာတို့ကို ငါ့တပည့်ဖြစ်စေလျက် ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော်၏နာမ၌ သူတို့ကိုဗတ္တိဇံပေးကြလော့။
(အခွန်ကောက်ခံသူများမှစ၍ လူအပေါင်းတို့သည် ယောဟန်၏ဗတ္တိဇံကိုခံယူခဲ့သဖြင့် ဤစကားကိုကြားနာရသောအခါ ဘုရားသခင်ဖြောင့်မတ်ကြောင်းဝန်ခံကြ၏။
သူသည် သခင်ဘုရား၏တရားလမ်းကို သင်ယူထားပြီး ဝိညာဉ်ရေး၌ထက်သန်လျက် ယေရှုအကြောင်းကို တိကျသေချာစွာဟောပြောသွန်သင်လေ၏။ သို့သော် ယောဟန်၏ဗတ္တိဇံကိုသာ သိ၏။
အဘယ်ကြောင့်ဆိုသော် ထိုသူတို့သည် သခင်ယေရှု၏နာမတော်၌ ဗတ္တိဇံခံရုံမျှသာရှိကြပြီး သူတို့တွင် မည်သူ့အပေါ်၌မျှ သန့်ရှင်းသောဝိညာဉ်တော်သက်ရောက်ခြင်းမရှိသေးချေ။
အကြောင်းမူကား ဂျူးလူမျိုးဖြစ်စေ၊ ဂရိလူမျိုးဖြစ်စေ၊ ကျွန်ဖြစ်စေ၊ လွတ်လပ်သူဖြစ်စေ ငါတို့ရှိသမျှသည် ဝိညာဉ်တော်တစ်ပါးတည်းအားဖြင့် ကိုယ်ခန္ဓာတစ်ခုတည်းထဲသို့ ဗတ္တိဇံခံကြပြီး အားလုံးသည် ဝိညာဉ်တော်တစ်ပါးတည်းကို သောက်ရကြ၏။
ဗတ္တိဇံနှင့်ဆိုင်သောသွန်သင်ခြင်း၊ လက်တင်ခြင်း၊ သေလွန်သောသူတို့၏ရှင်ပြန်ထမြောက်ခြင်း၊ ထာဝရပြစ်ဒဏ်စီရင်ခြင်း စသည့်အကြောင်းအရာများ၌ ထပ်၍အခြေမပြုဘဲနေကြကုန်စို့။