ငါ့နှုတ်မှထွက်သောစကားသည်လည်း ထိုနည်းတူဖြစ်မည်။ ငါ့ထံသို့အချည်းနှီး ပြန်လာမည်မဟုတ်။ ငါ့အလိုကို ပြည့်စုံစေမည်။ ငါစေခိုင်းသောအမှုကို အောင်မြင်စေမည်။
တမန်တော်ဝတ္ထု 19:20 - မြန်မာ့စံမီသမ္မာကျမ်း ဤသို့ဖြင့် သခင်ဘုရား၏နှုတ်ကပတ်တရားသည် တန်ခိုးအရှိန်အဝါဖြင့်ကြီးထွားလျက် ဩဇာလွှမ်းလေ၏။ Common Language Bible သို့ဖြစ်၍သခင်ဘုရား၏တန်ခိုးတော်အား ဖြင့် သာသနာတော်သည်ကြီးပွားတိုးတက် လျက်နေ၏။ Garrad Bible ထို သို့ အ ရှင် ဘု ရား၏ တ ရား တော် သည် အား ကြီး စွာ ထွန်း ကား လျက် တန် ခိုး ရှိ လေ သ တည်း။ Judson Bible ထိုသို့ သခင်ဘုရား၏သာသနာတော်သည် တန်ခိုးနှင့်တိုးပွား၍ အောင်မြင်လေ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုသို့ဖြင့် သခင်ဘုရား၏နှုတ်ကပတ်တရားတော်သည် တန်ခိုးအာဏာတော်နှင့်ကြီးထွား၍ ပျံ့နှံ့လွှမ်းမိုးလေ၏။ |
ငါ့နှုတ်မှထွက်သောစကားသည်လည်း ထိုနည်းတူဖြစ်မည်။ ငါ့ထံသို့အချည်းနှီး ပြန်လာမည်မဟုတ်။ ငါ့အလိုကို ပြည့်စုံစေမည်။ ငါစေခိုင်းသောအမှုကို အောင်မြင်စေမည်။
အုပ်ချုပ်ရေးမှူးသည် ဖြစ်ပျက်သောအမှုအရာကိုမြင်လျှင် သခင်ဘုရားနှင့်ပတ်သက်သောသွန်သင်ချက်ကို အံ့ဩချီးမွမ်းလျက် ယုံကြည်လေ၏။
နှစ်နှစ်ပတ်လုံး ထိုသို့ပြုသောကြောင့် ဂျူးလူမျိုးဖြစ်စေ၊ ဂရိလူမျိုးဖြစ်စေ၊ အာရှပြည်၌နေထိုင်သောသူအပေါင်းတို့သည် သခင်ဘုရား၏နှုတ်ကပတ်တရားကို ကြားနာရကြ၏။
ဤသို့ဖြင့် ဘုရားသခင်၏နှုတ်ကပတ်တရားသည်ပျံ့နှံ့သွား၍ ဂျေရုဆလင်မြို့၌ တပည့်တော်တို့၏အရေအတွက်သည် အလွန်တိုးပွားလာ၏။ ယဇ်ပုရောဟိတ်အစုအဝေးကြီးသည်လည်း ယုံကြည်ခြင်းတရားကိုနာခံလာကြ၏။
နောက်ဆုံးအနေဖြင့်ဆိုရလျှင် ညီအစ်ကိုတို့၊ သခင်ဘုရား၏နှုတ်ကပတ်တော်သည် သင်တို့၌ဖြစ်သကဲ့သို့ လျင်မြန်စွာပျံ့နှံ့၍ ဘုန်းတော်ထင်ရှားမည့်အကြောင်းနှင့်