သင်သည် မြေကိုထွန်ယက်လုပ်ကိုင်သော်လည်း မြေသည် မိမိ၏အသီးအနှံကို သင့်အား ပေးတော့မည်မဟုတ်။ သင်သည် ကမ္ဘာမြေကြီးပေါ်တွင် အတည်တကျနေစရာမရှိ၊ လှည့်လည်သွားလာသူဖြစ်ရလိမ့်မည်”ဟု မိန့်တော်မူ၏။
တမန်တော်ဝတ္ထု 19:13 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ လှည့်လည်နေကြသော ဂျူးလူမျိုးပယောဂဆရာအချို့တို့သည် နတ်ဆိုးပူးသူများအပေါ်၌ သခင်ယေရှု၏နာမတော်ကို တိုင်တည်ခေါ်ဆိုရန် ကြံစည်အားထုတ်လျက် “ပေါလုဟောပြောသောယေရှုအားဖြင့် သင်တို့ကို အလေးအနက်ငါအမိန့်ပေး၏”ဟု ဆိုကြ၏။ Common Language Bible ယုဒအမျိုးသားနယ်လှည့်ပယောဂဆရာ အချို့တို့သည် သခင်ယေရှု၏နာမတော်အား ဖြင့်နတ်မိစ္ဆာများကိုနှင်ထုတ်ရန်ကြိုးစားကြ ၏။ သူတို့က ``ပေါလုဟောပြောသောယေရှု၏ နာမကိုတိုင်တည်၍သင့်ကိုငါနှင်ထုတ်၏'' ဟုလူကိုပူးဝင်နေသောနတ်မိစ္ဆာအားဆို ကြ၏။- Garrad Bible ထို အ ခါ လှည့် လည်၍ နတ် ဆိုး အ ပေါ် တွင် မန်း မှုတ် သူ ယု ဒ လူ မျိုး အ ချို့ က ပေါ လု ဟော ပြော သော ယေ ရှု ကို တိုင် တည်၍ ငါ အ မိန့် ရှိ သည် ဟု နတ် ပူး သူ တို့ အား ဆို လျက် အ ရှင် ယေ ရှု၏ နာ မ တော် ကို သုံး ဝံ့ ကြ သည် နှင့်၊ Judson Bible ထိုအခါ အရပ်ရပ်သို့လှည့်လည်၍ ဓိဋ္ဌာန်သစ္စာပေးတတ်သော ယုဒလူအချို့တို့က၊ ပေါလုဟောပြောသော ယေရှုကို ငါတိုင်တည်၍ သင်တို့ကို ဓိဋ္ဌာန်သစ္စာပေး၏ဟု ဆိုလျက်၊ နတ်ဆိုးစွဲသော သူတို့၏အပေါ်၌ သခင်ယေရှု၏နာမတော်ကို မြွက်စမ်းကြ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း နေရာဒေသအသီးသီးသို့ လှည့်လည်နေကြသော ဂျူးပယောဂဆရာတချို့သည် သခင်ယေရှု၏အမည်နာမကို စွဲကိုင်လျက် နတ်ဆိုးများကို နှင်ထုတ်ရန် ကြိုးပမ်းကြ၏။ ထိုသို့ ကြိုးပမ်းရာတွင် သူတို့က “ပေါလုဟောပြောနေသော ယေရှု၏အမည်နာမ၌ သင့်ကို ထွက်လာရန် အမိန့်ပေး၏” ဟု ပြောကြ၏။ |
သင်သည် မြေကိုထွန်ယက်လုပ်ကိုင်သော်လည်း မြေသည် မိမိ၏အသီးအနှံကို သင့်အား ပေးတော့မည်မဟုတ်။ သင်သည် ကမ္ဘာမြေကြီးပေါ်တွင် အတည်တကျနေစရာမရှိ၊ လှည့်လည်သွားလာသူဖြစ်ရလိမ့်မည်”ဟု မိန့်တော်မူ၏။
ယနေ့ ကိုယ်တော်သည် အကျွန်ုပ်ကို မြေပြင်ပေါ်မှ နှင်ထုတ်တော်မူသဖြင့် အကျွန်ုပ်သည် ကိုယ်တော်၏ရှေ့တော်မှပုန်းရှောင်လျက် ကမ္ဘာမြေကြီးပေါ်တွင် အတည်တကျနေစရာမရှိ၊ လှည့်လည်သွားလာသူဖြစ်ရပါမည်။ အကျွန်ုပ်ကိုတွေ့သမျှသောသူတို့သည် အကျွန်ုပ်ကိုသတ်ပါလိမ့်မည်”ဟု ထာဝရဘုရားအား လျှောက်လေ၏။
သို့သော် ရှင်ဘုရင်က သူ့အား “ထာဝရဘုရား၏နာမတော်ဖြင့် မှန်သောစကားကိုသာ ဟောပြောရန် သင့်အား ဘယ်နှကြိမ် ကျိန်ဆိုစေရမည်နည်း”ဟု မိန့်ဆို၏။
သူ၏သားသမီးတို့သည် အရပ်ရပ်လှည့်လည်၍ တောင်းရမ်းကြရပါစေ။ ပြိုပျက်သောမိမိတို့နေရာများမှထွက်၍ အစာကိုရှာကြရပါစေ။
ငါသည် ဗေလဇေဗုလကိုအမှီပြု၍ နတ်ဆိုးတို့ကိုနှင်ထုတ်သည်ဆိုလျှင် သင်တို့၏သားများသည် မည်သူ့ကိုအမှီပြု၍ နှင်ထုတ်ကြသနည်း။ ထို့ကြောင့် သူတို့သည် သင်တို့ကိုတရားစီရင်သူများဖြစ်ကြလိမ့်မည်။
သို့သော် ယေရှုသည် တိတ်ဆိတ်စွာနေတော်မူ၏။ ယဇ်ပုရောဟိတ်မင်းကလည်း “သင်သည် ဘုရားသခင်၏သားတော် ခရစ်တော်ဟုတ်၊ မဟုတ် ငါတို့အားပြောရန် အသက်ရှင်တော်မူသောဘုရားသခင်၏နာမတော်ကိုတိုင်တည်၍ သင့်အား ငါအမိန့်ပေး၏”ဟု ဆို၏။
“အမြင့်ဆုံးသောဘုရားသခင်၏သားတော်ယေရှု၊ ကိုယ်တော်နှင့် အကျွန်ုပ်မည်သို့ဆိုင်သနည်း။ အကျွန်ုပ်ကိုမညှဉ်းဆဲပါရန် ဘုရားသခင်ကိုအမှီပြု၍ ကိုယ်တော်အား အကျွန်ုပ်အလေးအနက်တောင်းပန်ပါ၏”ဟု ကျယ်လောင်သောအသံဖြင့် အော်ဟစ်လျှောက်ထားလေ၏။
ယောဟန်က “ဆရာ၊ ဆရာ၏နာမဖြင့် နတ်ဆိုးများနှင်ထုတ်နေသူတစ်ဦးကို အကျွန်ုပ်တို့တွေ့ခဲ့ပါသည်။ သူသည် အကျွန်ုပ်တို့နှင့်အတူမလိုက်သောကြောင့် သူ့ကိုတားမြစ်ခဲ့ပါသည်”ဟု လျှောက်လေ၏။
ငါသည် ဗေလဇေဗုလကိုအမှီပြု၍ နတ်ဆိုးတို့ကိုနှင်ထုတ်သည်ဆိုလျှင် သင်တို့၏သားများသည် မည်သူ့ကိုအမှီပြု၍ နှင်ထုတ်ကြသနည်း။ ထို့ကြောင့် သူတို့သည် သင်တို့ကို တရားစီရင်သူများဖြစ်ကြလိမ့်မည်။
ထိုအခါ ယောဟန်က “သခင်၊ သခင်၏နာမဖြင့် နတ်ဆိုးများနှင်ထုတ်နေသူတစ်ဦးကို အကျွန်ုပ်တို့တွေ့ခဲ့ပါသည်။ သူသည် အကျွန်ုပ်တို့နှင့်အတူမလိုက်သောကြောင့် သူ့ကိုတားမြစ်ခဲ့ပါသည်”ဟု လျှောက်လေ၏။
ထိုသို့ပြုသောသူများမှာ ဂျူးလူမျိုးယဇ်ပုရောဟိတ်မင်း သကေဝ၏သားခုနစ်ယောက်တို့ဖြစ်ကြ၏။
အကြောင်းမူကား တစ်စုံတစ်ယောက်သောသူသည်လာ၍ ငါတို့မဟောပြောခဲ့သည့် အခြားသောယေရှုအကြောင်းကို ဟောပြောလျှင်ဖြစ်စေ၊ သင်တို့မရရှိဖူးသော အခြားဝိညာဉ်ကို သင်တို့ရရှိလျှင်ဖြစ်စေ၊ သင်တို့မခံယူခဲ့သော အခြားကောင်းမြတ်သောသတင်းကို သင်တို့ခံယူလျှင်ဖြစ်စေ သင်တို့သည် ကောင်းစွာသည်းခံနေကြ၏။
ထိုအချိန်တွင် ယောရှုက “ဂျေရိခေါမြို့ရိုးကို ထ၍တည်ဆောက်သူသည် ထာဝရဘုရားထံမှ ကျိန်ခြင်းကို ခံရပါစေ။ မြို့ရိုးအုတ်မြစ်ကိုချလျှင် သားဦးသေပါစေ။ မြို့တံခါးကိုတည်လျှင် သားထွေးသေပါစေ”ဟု ကျိန်လေ၏။
ရှောလုမင်းကြီးက လူတို့အား “နေဝင်ချိန်အထိ ရန်သူတို့ကို လက်တုံ့ပြန်မပြီးမချင်း အစာစားသောသူသည် ကျိန်ခြင်းခံရမည်”ဟု ကျိန်ဆိုစေသဖြင့် မည်သူမျှ အစာမစားဝံ့။ ထို့ကြောင့် ထိုနေ့တွင် အစ္စရေးအမျိုးသားတို့သည် အလွန်ဒုက္ခရောက်ကြ၏။