သင်တို့အား ငါအမှန်အကန်ဆိုမည်။ ငါ့ကိုယုံကြည်သောသူသည် ငါပြုသောအမှုတို့ကိုပြုလိမ့်မည်။ ထိုထက် ပို၍ကြီးမြတ်သောအမှုတို့ကိုလည်း ပြုလိမ့်မည်။ အကြောင်းမူကား ငါသည် ခမည်းတော်ထံသို့သွားမည်ဖြစ်၏။
တမန်တော်ဝတ္ထု 19:11 - မြန်မာ့စံမီသမ္မာကျမ်း ဘုရားသခင်သည် ပေါလု၏လက်ဖြင့် အလွန်ထူးခြားသောတန်ခိုးလက္ခဏာများကို ပြုတော်မူ၏။ Common Language Bible ဘုရားသခင်သည်ပေါလုအားဖြင့် အလွန် ထူးကဲသောနိမိတ်လက္ခဏာများကိုပြလျက် နေတော်မူ၏။- Garrad Bible ပေါ လု လက် ဖြင့် အံ့ ဖွယ် ရာ အ ထူး အ ဆန်း များ ကို ဘု ရား သ ခင် ပြု တော် မူ သည် ဖြစ်၍၊ Judson Bible ဘုရားသခင်သည် ပေါလုလက်ဖြင့် အလွန်တရာ ထူးဆန်းသောတန်ခိုးများကို ပြတော်မူသည်ဖြစ်၍၊- ခေတ်သစ်မြန်မာ သမ္မာကျမ်း ဘုရားသခင်သည် ပေါလုလက်အားဖြင့် အလွန်ထူးကဲသော အံ့ဖွယ်တန်ခိုးများကို လုပ်ဆောင်ပြသတော်မူ၏။ |
သင်တို့အား ငါအမှန်အကန်ဆိုမည်။ ငါ့ကိုယုံကြည်သောသူသည် ငါပြုသောအမှုတို့ကိုပြုလိမ့်မည်။ ထိုထက် ပို၍ကြီးမြတ်သောအမှုတို့ကိုလည်း ပြုလိမ့်မည်။ အကြောင်းမူကား ငါသည် ခမည်းတော်ထံသို့သွားမည်ဖြစ်၏။
ထို့ကြောင့် သူတို့နှစ်ဦးသည် အချိန်အတန်ကြာနေလျက် သခင်ဘုရားအားဖြင့် ရဲရင့်စွာဟောပြောကြ၏။ သခင်ဘုရားသည်လည်း သူတို့၏လက်ဖြင့် နိမိတ်လက္ခဏာများနှင့်အံ့ဩဖွယ်ရာများကို ပြုခွင့်ပေးတော်မူ၍ မိမိကျေးဇူးတော်နှင့်ဆိုင်သောနှုတ်ကပတ်တရားဘက်၌ သက်သေခံတော်မူ၏။
ထိုအခါ စုဝေးသောသူအပေါင်းတို့သည် တိတ်ဆိတ်သွား၍ ဗာနဗနှင့်ပေါလုတို့က မိမိတို့အားဖြင့် လူမျိုးခြားတို့အလယ်၌ ဘုရားသခင်ပြုတော်မူသမျှသော နိမိတ်လက္ခဏာများနှင့်အံ့ဩဖွယ်ရာများအကြောင်း ပြောပြကြသည်ကို နားထောင်လျက်နေကြ၏။
သူသည် ရက်ပေါင်းများစွာ ထိုသို့ပြုနေ၍ ပေါလုသည် စိတ်အနှောင့်အယှက်ဖြစ်သဖြင့် နောက်သို့လှည့်ကာ “သူ့အထဲမှ ထွက်သွားရန် ယေရှုခရစ်တော်၏နာမတော်၌ သင့်ကို ငါအမိန့်ပေး၏”ဟု ထိုနတ်အားဆိုလျှင် ၎င်းသည် ထိုအချိန်၌ပင် ထွက်သွားလေ၏။
တမန်တော်တို့သည် များစွာသောနိမိတ်လက္ခဏာများနှင့်အံ့သြဖွယ်ရာများကို လူတို့အလယ်တွင်ပြုကြ၏။ သူတို့အားလုံးသည် ရှောလမုန်မုခ်ဆောင်၌ တစ်စုတစ်ဝေးတည်းနေကြ၏။
ရှိမုန်ကိုယ်တိုင်သည်လည်း ယုံကြည်၍ ဗတ္တိဇံခံကာ ဖိလိပ္ပုကိုဆည်းကပ်လျက် နိမိတ်လက္ခဏာများနှင့် ကြီးမားသောတန်ခိုးလက္ခဏာများဖြစ်ပေါ်သည်ကို တွေ့မြင်၍ အံ့ဩငေးမောနေ၏။
သို့ဖြစ်လျှင် ဝိညာဉ်တော်ကို သင်တို့အားပေးတော်မူ၍ သင်တို့ထဲ၌ တန်ခိုးနှင့်ပြည့်စုံသောအမှုကို ပြုတော်မူသောအရှင်သည် သင်တို့၏ပညတ်တရားနှင့်ဆိုင်သောအကျင့်ကြောင့် ထိုသို့ပြုတော်မူသလော၊ သို့မဟုတ် သင်တို့ကြားနာ၍ယုံကြည်သောကြောင့် ထိုသို့ပြုတော်မူသလော။
ဘုရားသခင်သည်လည်း နိမိတ်လက္ခဏာများနှင့်အံ့ဩဖွယ်ရာများအားဖြင့်လည်းကောင်း၊ တန်ခိုးလက္ခဏာအမျိုးမျိုးအားဖြင့်လည်းကောင်း၊ မိမိအလိုတော်နှင့်အညီ သန့်ရှင်းသောဝိညာဉ်တော်ကို မျှဝေပေးတော်မူခြင်းအားဖြင့်လည်းကောင်း သူတို့နှင့်အတူ သက်သေခံတော်မူ၏။