သင်သည် ဤသို့ပြုမည်၊ ဘုရားသခင်သည်လည်း ဤသို့ ခွင့်ပြုမည်ဆိုလျှင် သင်သက်သာလိမ့်မည်။ ဤလူအပေါင်းတို့သည်လည်း မိမိတို့နေအိမ်သို့ ငြိမ်းချမ်းစွာပြန်သွားရလိမ့်မည်”ဟု ဆိုလေ၏။
တမန်တော်ဝတ္ထု 15:2 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ပေါလု၊ ဗာနဗတို့နှင့် ထိုသူတို့ကြား၌ ပြင်းထန်သောသဘောထားကွဲလွဲမှုနှင့် အငြင်းပွားမှုများ ဖြစ်ပေါ်ခဲ့သဖြင့် ညီအစ်ကိုတို့သည် ပေါလု၊ ဗာနဗနှင့် မိမိတို့ထဲမှ လူအချို့တို့ကို ဤပြဿနာအတွက် ဂျေရုဆလင်မြို့ရှိ တမန်တော်များနှင့်အသင်းတော်အကြီးအကဲများထံသို့သွားကြရန် ခန့်အပ်ကြ၏။ Common Language Bible ပေါလုနှင့်ဗာနဗတို့သည်ထိုသူတို့နှင့် အပြင်းအထန်အငြင်းပွားကာ အချေအတင် ပြောဆိုကြ၏။ ထို့ကြောင့်အသင်းတော်သည်ဤ သို့အငြင်းပွားသည့်ကိစ္စနှင့်ပတ်သက်၍ တိုင်ပင် ဆွေးနွေးရန်ပေါလုနှင့်ဗာနဗတို့ကိုတပည့် တော်အချို့တို့နှင့်အတူ ယေရုရှလင်မြို့ရှိ အသင်းတော်လူကြီးများထံသို့စေလွှတ်ရန် ဆုံးဖြတ်ကြ၏။ Garrad Bible ပေါ လု နှင့် ဗာ န ဗ တို့ တစ် ဘက် ဆို ခဲ့ သူ တို့ တစ် ဘက် များ စွာ ဆွေး နွေး ငြင်း ခုန် ခြင်း ဖြစ် ပေါ် သ ဖြင့် ညီ အစ် ကို တို့ သည် ပေါ လု နှင့် ဗာ န ဗ ကို သူ တို့ အ နက် အ ချို့ ပါ ယေ ရု ရှ လင် မြို့ ရှိ တ မန် တော် များ ဥ က္က ဋ္ဌများ ထံ သွား ကြ စေ ရန် စီ မံ ကြ၏။ Judson Bible ထိုသူတို့နှင့် ပေါလု၊ ဗာနဗတို့သည် ဆွေးနွေးငြင်းခုံခြင်း များသောအခါ၊ ပေါလုနှင့် ဗာနဗတို့သည် အခြားသောတပည့်တော်အချို့ တို့နှင့်တကွ၊ ထိုပြဿနာ၏ အကြောင်းကြောင့် ယေရုရှလင်မြို့၌ရှိသော တမန်တော်တို့နှင့် သင်းအုပ်တို့ထံသို့သွားရမည်အကြောင်းကို စီရင်ကြ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့ကြောင့် ပေါလုနှင့် ဗာနဗသည် ထိုသူတို့နှင့် အပြင်းအထန်ဆွေးနွေးငြင်းခုံကြရ၏။ ထိုအခါ အသင်းသားများသည် ဤပြဿနာကို ဖြေရှင်းရန် ပေါလုနှင့် ဗာနဗတို့အား သူတို့အထဲမှလူအချို့နှင့်တကွ ဂျေရုဆလင်မြို့ရှိ တမန်တော်များ၊ အသင်းတော်အကြီးအကဲများထံ သွားရန် ဆုံးဖြတ်ကြ၏။ |
သင်သည် ဤသို့ပြုမည်၊ ဘုရားသခင်သည်လည်း ဤသို့ ခွင့်ပြုမည်ဆိုလျှင် သင်သက်သာလိမ့်မည်။ ဤလူအပေါင်းတို့သည်လည်း မိမိတို့နေအိမ်သို့ ငြိမ်းချမ်းစွာပြန်သွားရလိမ့်မည်”ဟု ဆိုလေ၏။
ထိုအခါ ပေတရုသည် သူတို့ကို အိမ်ထဲသို့ခေါ်ဖိတ်လျက် တည်းခိုစေပြီးလျှင် နောက်တစ်နေ့၌ ထ၍ ထိုသူတို့နှင့်အတူ ထွက်ခွာသွားလေ၏။ ယုပ္ပေမြို့မှ ညီအစ်ကိုအချို့တို့သည်လည်း သူနှင့်အတူလိုက်သွားကြ၏။
ထိုအခါ သန့်ရှင်းသောဝိညာဉ်တော်က ‘သံသယမရှိဘဲ သူတို့နှင့်အတူလိုက်သွားလော့’ဟု ငါ့အား မိန့်တော်မူ၏။ ဤညီအစ်ကိုခြောက်ဦးတို့သည်လည်း ငါနှင့်အတူလိုက်သွား၍ ငါတို့သည် ထိုသူ၏အိမ်သို့ဝင်ကြ၏။
သူတို့သည် ထိုအတိုင်းပြုလျက် ၎င်းကို ဗာနဗနှင့်ရှောလုတို့၏လက်မှတစ်ဆင့် အသင်းတော်အကြီးအကဲများထံသို့ ပေးပို့ကြ၏။
သို့ဖြစ်၍ ငါတို့သခင်ယေရှုခရစ်တော်၏နာမတော်အတွက် မိမိတို့အသက်ကိုဆက်ကပ်ထားသူများဖြစ်ကြသည့် ငါတို့ချစ်သော ဗာနဗ၊ ပေါလုတို့နှင့်အတူ လူတို့ကိုရွေးကောက်ပြီး သင်တို့ထံသို့ စေလွှတ်ရန် ငါတို့အားလုံး သဘောတူဆုံးဖြတ်ကြသည်နှင့်အညီ
ယုဒနှင့်သိလတို့ကို ငါတို့စေလွှတ်လိုက်ပါ၏။ သူတို့သည် ဤအကြောင်းအရာတို့ကို နှုတ်ဖြင့်လည်း ပြောပြကြပါလိမ့်မည်။
ဂျေရုဆလင်မြို့သို့ရောက်ကြသောအခါ အသင်းတော်မှစ၍ တမန်တော်များနှင့် အသင်းတော်အကြီးအကဲများသည် သူတို့ကို ကြိုဆိုလက်ခံကြ၏။ သူတို့သည်လည်း မိမိတို့အားဖြင့် ဘုရားသခင်ပြုတော်မူသမျှတို့ကို ပြောကြားကြ၏။
ထို့နောက် သူတို့သည် မြို့များကိုဖြတ်သွားရင်း ဂျေရုဆလင်မြို့၌ရှိသောတမန်တော်များနှင့် အသင်းတော်အကြီးအကဲများဆုံးဖြတ်ထားသောစည်းမျဉ်းတို့ကို စောင့်ထိန်းစေရန် လူတို့အားပေးအပ်ကြ၏။
နောက်တစ်နေ့၌ ပေါလုသည် ငါတို့နှင့်အတူ ယာကုပ်ထံသို့ဝင်လျှင် အသင်းတော်အကြီးအကဲအားလုံးတို့သည်လည်း ရောက်နေကြ၏။
ဘုရားသခင်၏အလိုတော်အားဖြင့် ခရစ်တော်ယေရှု၏တမန်တော်အဖြစ် ခေါ်ယူတော်မူခြင်းခံရသော ငါပေါလုနှင့်ငါ့ညီသုဿင်တို့သည်
သို့သော် ကောင်းမြတ်သောသတင်း၏သမ္မာတရားသည် သင်တို့တွင် ဆက်၍တည်နေမည့်အကြောင်း ငါတို့သည် သူတို့ကို ခေတ္တခဏမျှပင် မလိုက်လျောခဲ့ကြပေ။
ချစ်ရသောသူတို့၊ ငါတို့အားလုံးနှင့်ဆိုင်သောကယ်တင်ခြင်းအကြောင်းကို သင်တို့ထံရေးသားပေးပို့ရန် အလွန်ကြိုးစားလျက်နေစဉ်မှာပင် သန့်ရှင်းသူတို့ထံ တစ်ကြိမ်တည်းနှင့်အပြီးပေးအပ်တော်မူသောယုံကြည်ခြင်းအတွက် ကြိုးစားတိုက်ခိုက်ကြမည့်အကြောင်း သင်တို့အား စာရေး၍တိုက်တွန်းနှိုးဆော်ရန် လိုအပ်သည်ဟု ငါတွေ့ရ၏။
ထိုအခါ ထာဝရဘုရားက ရှမွေလအား “သူတို့ပြောသမျှကို နားထောင်လော့။ သူတို့သည် သင့်ကိုသာစွန့်ပယ်သည်မဟုတ်။ ငါ့ကိုလည်း သူတို့၏ရှင်ဘုရင်အဖြစ်မှ စွန့်ပယ်ကြပြီ။