အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




တမန်တော်ဝတ္ထု 13:3 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ထိုအခါ သူ​တို့​သည် အစာရှောင်​၍ ဆုတောင်း​ကြ​ကာ ထို​သူ​နှစ်​ဦး​တို့​အပေါ် လက်​တင်​ပြီးနောက် သူ​တို့​ကို​စေလွှတ်​လိုက်​ကြ​၏။

အခန်းကိုကြည့်ပါ။

Common Language Bible

ထို​အ​ခါ​သူ​တို့​သည်​အ​စာ​ရှောင်​၍​ဆု တောင်း​ပတ္ထ​နာ​ပြု​ပြီး​လျှင် ဗာ​န​ဗ​နှင့်​ရှော​လု တို့​၏​ဦး​ခေါင်း​ပေါ်​တွင်​မိ​မိ​တို့​လက်​ကို​တင် ကြ​၏။ ထို​နောက်​သူ​တို့​အား​အ​မှု​တော် ဆောင်​ရွက်​ရန်​စေ​လွှတ်​လိုက်​ကြ​၏။

အခန်းကိုကြည့်ပါ။

Garrad Bible

အ စာ ရှောင် ခြင်း၊ တောင်း လျှောက် ခြင်း ကို ပြု လျက် ထို နှစ် ပါး အ ပေါ် တွင် လက် တင် ပြီး လျှင် လွှတ် လိုက် ကြ၏။

အခန်းကိုကြည့်ပါ။

Judson Bible

အ​စာ​ရှောင်၍ ပ​တ္ထ​နာ​ပြု​လျက်၊ ထို​သူ​တို့​ခေါင်း​ပေါ်​မှာ လက်​ကို​တင်၍ လွှတ်​လိုက်​ကြ၏။

အခန်းကိုကြည့်ပါ။

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

ထို့နောက် အစာရှောင်​၍ ဆုတောင်း​လျက် ထို​သူတို့​အပေါ် လက်တင်​ပြီးနောက် စေလွှတ်လိုက်ကြ၏။

အခန်းကိုကြည့်ပါ။



တမန်တော်ဝတ္ထု 13:3
18 ပူးပေါင်းရင်းမြစ်များ  

မိမိ​လက်​ကို ယောရှု​အပေါ် တင်​၍ မိမိ​မှတစ်ဆင့် ထာဝရဘုရား​မိန့်​တော်မူ​သည့်​အတိုင်း ယောရှု​အား မှာကြား​လေ​၏​။


မုဆိုးမ​ဖြစ်​လျက် အသက်​ရှစ်ဆယ့်​လေး​နှစ်​ပင်​ရှိ​ပြီ​ဖြစ်​၏။ သူ​သည် ဗိမာန်​တော်​မှ​မ​ခွာ​ဘဲ ဆုတောင်း​ခြင်း​နှင့် အစာရှောင်​ခြင်း​တို့​ဖြင့် နေ့​ည​မပြတ် ဘုရား​ဝတ်​ကို​ပြု​လျက်​နေ​၏။


“လူ​အပေါင်း​တို့​၏​စိတ်နှလုံး​ကို သိ​တော်မူ​သော​သခင်​ဘုရား၊


သူ​တို့​သည် သခင်​ဘုရား​ကို​ဝတ်ပြု​လျက် အစာရှောင်​နေ​ကြ​စဉ် သန့်ရှင်း​သော​ဝိညာဉ်​တော်​က “ဗာနဗ​နှင့်​ရှောလု​တို့​ကို သူ​တို့​အတွက်​ငါ​သတ်မှတ်​ထား​သော​အမှု​ကို​ဆောင်ရွက်​စေရန် ငါ့​အတွက် သီးသန့်​ရွေးချယ်​ထား​ကြ​လော့”​ဟု မိန့်​တော်မူ​၏။


ဤသို့ဖြင့် သူ​တို့​သည် သန့်ရှင်း​သော​ဝိညာဉ်​တော်​၏​စေလွှတ်​တော်မူ​ခြင်း​ကို​ခံရ​၍ သေလုကိ​မြို့​သို့ ဆင်းသွား​ပြီးလျှင် ထို​မြို့​မှ ဆိုက်ပရပ်​ကျွန်း​သို့ ရွက်လွှင့်​ကြ​၏။


အသင်းတော်​တိုင်း​တွင်​လည်း သူ​တို့​အတွက် အသင်းတော်​အကြီးအကဲ​များ​ကို​ခန့်ထား​၍ အစာရှောင်​လျက် ဆုတောင်း​ကြ​ကာ သူ​တို့​ယုံကြည်​သော​သခင်​ဘုရား​ထံသို့ သူ​တို့​ကို​အပ်နှံ​ကြ​၏။


ထို​မြို့​မှ​တစ်ဆင့် ရွက်လွှင့်​ကာ ယခု သူ​တို့​ဆောင်ရွက်​ပြီးစီး​သွား​သော​အမှု​တော်​အတွက် ဘုရားသခင်​၏​ကျေးဇူး​တော်​၌​အပ်နှံ​ခြင်း​ခံ​ခဲ့​ရာ​အန္တိအုတ်​မြို့​သို့ ပြန်​သွား​ကြ​၏။


ပေါလု​မူကား သိလ​ကို​ရွေးချယ်​ပြီး ညီအစ်ကို​တို့​အားဖြင့် သခင်​ဘုရား​၏​ကျေးဇူး​တော်​သို့ အပ်နှံ​ခြင်း​ကို​ခံယူ​လျက် ထွက်ခွာ​သွား​လေ​၏။


သူ​တို့​ကို တမန်တော်​တို့​ရှေ့​၌​ရပ်​စေ​ကြ​၏။ ထိုအခါ တမန်တော်​တို့​သည် ဆုတောင်း​လျက် သူ​တို့​အပေါ်​လက်​တင်​ကြ​၏။


ထို့ကြောင့် အာနနိ​သည် သွား​၍ အိမ်​ထဲသို့​ဝင်​ပြီးလျှင် ရှောလု​အပေါ်​လက်​တင်​လျက် “ငါ့​ညီ​ရှောလု၊ သင်​သည် မျက်စိ​ပြန်​မြင်​၍ သန့်ရှင်း​သော​ဝိညာဉ်​တော်​နှင့်​ပြည့်ဝ​မည့်​အကြောင်း သင်​လာ​သော​လမ်း​၌ သင့်​အား​ထင်ရှား​သော​သခင်​ယေရှု​သည် ငါ့​ကို​စေလွှတ်​တော်မူ​၏”​ဟု ဆို​လေ​၏။


စေလွှတ်​ခြင်း​မ​ခံရ​လျှင် မည်သို့​ဟောပြော​နိုင်​မည်နည်း။ “ကောင်းမြတ်​ခြင်း​နှင့်ဆိုင်သည့် ဝမ်းမြောက်​ဖွယ်​သတင်း​ကို​ဟောပြော​သော​သူ​များ​၏​ခြေ​တို့​သည် အလွန်​တင့်တယ်​စွ​တကား”​ဟု ကျမ်းစာ​၌​ရေး​ထား​သည့်​အတိုင်း​ဖြစ်​၏။


အသင်းတော်​အကြီးအကဲ​များ​၏​လက်​တင်​ခြင်း​နှင့်တကွ ပရောဖက်ပြု​ဟောပြော​ခြင်း​အားဖြင့် သင့်​အပေါ်​ပေးအပ်​ထား​၍ သင်​၌​ရှိ​သည့်​ဆု​ကျေးဇူး​ကို လျစ်လျူ​မ​ရှု​နှင့်။


မည်သူ့​အပေါ်၌​မျှ လက်တင်​ခြင်း​အမှု​ကို အလျင်စလို​မ​ပြု​နှင့်။ အခြား​သူ​တို့​၏​အပြစ်​၌​လည်း ပါဝင်​ခြင်း​မ​ရှိ​နှင့်။ သင့်ကိုယ်သင် ဖြူစင်​သန့်ရှင်း​အောင်​စောင့်ထိန်း​လော့။


ထို့ကြောင့် ငါ​လက်​တင်​သော​အားဖြင့် သင်​ရရှိ​သော​ဘုရားသခင်​၏​ဆု​ကျေးဇူး​ကို ပြန်လည်​လှုံ့ဆော်​ရန် သင့်​ကို ငါ​သတိပေး​၏။


များစွာ​သော​သက်သေ​တို့​ရှေ့၌ ငါ့​ထံမှ ကြားနာ​ရ​သော​အရာ​တို့​ကို အခြား​သူ​တို့​အား​လည်း သင်ကြား​ပေး​နိုင်စွမ်း​ရှိ​သည့် သစ္စာရှိ​သော​သူ​တို့​၌ ပေး​အပ်​လော့။


ထို​သူ​တို့​သည် သင်​၏​ချစ်​ခြင်း​မေတ္တာ​အကြောင်း​ကို အသင်းတော်​ရှေ့​၌ သက်သေခံ​ကြ​၏။ သင်​သည် ထို​သူ​တို့​ကို ဘုရားသခင်​၏​အလို​တော်​နှင့်အညီ ဆက်လက်​ပို့ဆောင်​ပေး​လျှင် ကောင်း​သော​အမှု​ပြု​ခြင်း​ဖြစ်​လိမ့်မည်။


ထို့ကြောင့် ငါ​တို့​သည် သမ္မာတရား​အတွက် သူတို့​နှင့်အတူ​လုပ်ဆောင်​သော​သူ​ဖြစ်​ကြ​ရန် သူ​တို့​ကို​ကူညီ​ထောက်ပံ့​သင့်​၏။