တမန်တော်ဝတ္ထု 12:20 - မြန်မာ့စံမီသမ္မာကျမ်း ဟေရုဒ်မင်းသည် တိုင်ရာမြို့သားနှင့်ဆီဒုန်မြို့သားတို့အပေါ် ပြင်းစွာဒေါသထွက်သဖြင့် သူတို့သည် မင်းကြီးထံသို့ တစ်စုတစ်ဝေးတည်းလာကြ၍ မင်းကြီး၏အတွင်းဝန်ဗလတ္တုကိုစည်းရုံးကာ ငြိမ်းချမ်းမှုရရှိရန်အတွက် တောင်းပန်ကြ၏။ အဘယ်ကြောင့်ဆိုသော် သူတို့ပြည်သည် မင်းကြီး၏ပြည်မှ အစားအစာကိုရရှိသောကြောင့်ဖြစ်၏။ Common Language Bible ဟေရုဒ်မင်းသည်တုရုမြို့သားများနှင့် ဇိဒုန် မြို့သားတို့အပေါ်တွင်များစွာအမျက်ထွက် သဖြင့် ထိုမြို့သားတို့သည်စုရုံးလျက်မင်း ကြီးထံသို့လာရောက်ကြ၏။ ဦးစွာပထမ နန်းတော်အုပ် ဗလတ္တု၏အကူအညီကိုရယူ ကြ၏။ ထို့နောက်ဟေရုဒ်မင်းထံသို့ဝင်၍ငြိမ်း ချမ်းရေးအတွက် စကားကမ်းလှမ်းကြ၏။ အဘယ်ကြောင့်ဆိုသော်သူတို့၏ပြည်သည် ဟေရုဒ်မင်း၏ပြည်ကိုမှီခိုစားသောက်ရ သောကြောင့်ဖြစ်၏။ Garrad Bible ထို အ ခါ မင်း မျက် ခံ ရ သော တု ရု နှင့် ဇိ ဒုန် မြို့ သား တို့ သည် တစ် ညီ တစ် ညွတ် တည်း တိုး ဝင်၍ အ ဆောင် တော် မြဲ ဗိုလ် ဗ လ တ္တု ကို ဖျောင်း ဖျ ပြီး လျှင် သူ တို့ မြို့ များ သည် ဘု ရင်၏ ပြည် ကို မှီ ခို စား သောက် ရ သော ကြောင့် အ မျက် တော် ပြေ ငြိမ်း ရန် တောင်း ပန် ကြ ရာ၊ Judson Bible ထိုနောက်၊ ဟေရုဒ်မင်းသည် ယုဒပြည်မှ ကဲသရိမြို့သို့သွား၍ နေသည်ရှိသော်၊ တုရုမြို့သားနှင့် ဇိဒုန်မြို့သားတို့ကို အမျက်ထွက်လေ၏။ ထိုသူတို့သည် တညီတညွတ်တည်းလာကြ၍၊ ဗလတ္တုအမည်ရှိသော အတွင်းဝန်ကို ဖျောင်းဖျပြီးမှ၊ အမျက်တော်ပြေမည်အကြောင်း တောင်းပန်ကြ၏။ အကြောင်းမူကား၊ သူတို့ပြည်သည် ပြည်တော်ကိုမှီ၍ ကျွေးမွေးခြင်းကိုခံရ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့နောက် ဟေရုဒ်မင်းသည် တိုင်ရာမြို့သားများနှင့်ဆီဒုန်မြို့သားများကို အမျက်ထွက်လေ၏။ ထို့ကြောင့် ထိုသူတို့သည် ညီညွတ်စွာ လာရောက်ခစား၍ ဗလတ္တုအမည်ရှိသော မင်းကြီး၏အတွင်းဝန်ကို စည်းရုံးကာ ငြိမ်းချမ်းရေးအတွက် တောင်းဆိုကြ၏။ အဘယ်ကြောင့်ဆိုသော် သူတို့၏ပြည်သည် အစာရေစာအတွက် ဟေရုဒ်မင်း၏တိုင်းပြည်ကို အမှီပြုနေရသောကြောင့်ဖြစ်၏။ |
ခါနာန်လူမျိုးတို့၏နယ်မြေအပိုင်းအခြားမှာ ဆီဒုန်မြို့မှသည် ဂေရာမြို့ကိုဖြတ်သွား၍ ဂါဇမြို့တိုင်အောင်ရောက်၏။ တစ်ဖန် သောဒုံမြို့၊ ဂေါမောရမြို့၊ အာဒမာမြို့၊ ဇေဘိုင်မြို့တို့ကိုဖြတ်သွား၍ လာရှမြို့တိုင်အောင်ရောက်လေ၏။
မင်းကြီး၏အမှုထမ်း သစ်ခုတ်သမားများ သစ်ခုတ်ပေးသည့်အဖိုးအခအဖြစ် ကြိတ်ပြီးသားဂျုံဆန် ကောရနှစ်သောင်း၊ မုယောဆန် ကောရနှစ်သောင်း၊ စပျစ်ဝိုင် ဗတ်နှစ်သောင်း၊ သံလွင်ဆီ ဗတ်နှစ်သောင်း ပေးပါမည်”ဟု မှာလိုက်၏။
မင်းကြီးကတိပေးထားသည့်အတိုင်း ဂျုံဆန်၊ မုယောဆန်၊ သံလွင်ဆီ၊ စပျစ်ဝိုင်တို့ကို အမှုထမ်းတို့အတွက် ပေးပို့တော်မူပါ။
ကျောက်ဆစ်သမား၊ လက်သမားတို့ကို ငွေပေး၍ခိုင်းစေ၏။ ပါးရှားဘုရင် ကုရုမင်းကြီး၏ခွင့်ပြုချက်ဖြင့် ဆီဒုန်အမျိုးသား၊ တိုင်ရာအမျိုးသားတို့ကို စားနပ်ရိက္ခာနှင့်ဆီကိုပေး၍ သစ်ကတိုးသားများကို လက်ဘနွန်တောမှ ယုပ္ပေမြို့အရောက် မျှောချစေ၏။
အငြင်းပွားမှု၏အစသည် ရေပေါက်ထွက်ခါစကဲ့သို့ဖြစ်သောကြောင့် ခိုက်ရန်မဖြစ်ပွားမီ အငြင်းပွားမှုကိုရပ်စဲလော့။
အကြံဉာဏ်ယူခြင်းအားဖြင့် အကြံအစည်များ တည်တတ်၏။ လမ်းညွှန်မှုများကိုခံယူ၍ စစ်ပွဲကိုဆင်နွှဲလော့။
အလျင်စလိုသွား၍ မတိုင်တန်းနှင့်။ နောက်ဆုံး၌ သင်၏အိမ်နီးချင်းသည် သင့်ကိုအရှက်ရစေလျှင် သင်မည်သို့ပြုမည်နည်း။
အုပ်စိုးသူမင်းသည် သင့်ကိုစိတ်ဆိုးလျှင်လည်း သင်၏နေရာကိုမစွန့်ခွာနှင့်။ အကြောင်းမူကား တည်ငြိမ်ခြင်းသည် ကြီးစွာသောအမှားကို ပြေပျောက်စေတတ်၏။
ယုဒပြည်၊ အစ္စရေးပြည်တို့သည်လည်း သင်နှင့်ကုန်သွယ်ကြ၏။ သင့်ကုန်စည်တို့ကို မိန္နိတ်မြို့မှထွက်သော ဂျုံ၊ မုန့်၊ ပျားရည်၊ ဆီ၊ လိမ်းဆေး စသည်တို့နှင့် လဲလှယ်ကြ၏။
ထိုအခါ သခင်သည် မတရားသောဘဏ္ဍာစိုး၏ ပါးနပ်သည့်လုပ်ဆောင်မှုအတွက် သူ့ကိုချီးမွမ်းလေ၏။ အကြောင်းမူကား ဤလောက၏သားသမီးများသည် မိမိတို့ခေတ်ကာလလူတို့နှင့်ဆက်ဆံရာတွင် အလင်း၏သားသမီးများထက် လိမ္မာပါးနပ်ကြ၏။
ဟေရုဒ်မင်းသည် ချိန်းဆိုထားသောနေ့၌ မင်းဝတ်တန်ဆာများကိုဝတ်ဆင်လျက် ပလ္လင်တော်ပေါ်တွင်ထိုင်ကာ ထိုသူတို့အား မိန့်ခွန်းမြွက်ကြားလေ၏။
ဆိုက်ပရပ်ကျွန်းကိုမြင်ကြသောအခါ ထိုကျွန်းကို လက်ဝဲဘက်မှဖြတ်ကျော်လျက် ဆီးရီးယားပြည်သို့ ရွက်လွှင့်ကြ၏။ သင်္ဘောသည် တိုင်ရာမြို့၌ ကုန်ပစ္စည်းချရန်ရှိသောကြောင့် ထိုမြို့တွင်ဆိုက်လေ၏။
ထို့နောက် ပတောလင်မြို့သို့ရောက်၍ တိုင်ရာမြို့မှ ငါတို့ထွက်လာသည့် ပင်လယ်ခရီးပြီးဆုံးလေ၏။ ငါတို့သည် ထိုမြို့၌ရှိသောညီအစ်ကိုများကိုနှုတ်ဆက်၍ သူတို့နှင့်အတူ တစ်ရက်နေကြ၏။
တစ်ဖန် ထိုနယ်နိမိတ်သည် ရာမမြို့၊ တိုင်ရာခံတပ်မြို့တို့ဘက်သို့ လှည့်သွား၏။ ထိုမှ နယ်နိမိတ်သည် ဟောသမြို့သို့ လှည့်သွား၍ အာခဇိပ်နယ်မြေရှိ ပင်လယ်တွင် ဆုံး၏။