ထိုသို့ သူတို့တတ်နိုင်သလောက်ပေးလှူကြရာတွင် ရွှေဒင်္ဂါးပြားခြောက်သောင်းတစ်ထောင်၊ ငွေမိနာ့ငါးထောင်နှင့် ယဇ်ပုရောဟိတ်ဝတ်စုံ အစုံတစ်ရာတို့ကို ဘဏ္ဍာတိုက်ထဲသို့ ထည့်သွင်းလှူဒါန်းကြ၏။
တမန်တော်ဝတ္ထု 11:29 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ တပည့်တော်တို့သည် အသီးသီးတတ်နိုင်သည့်အတိုင်း ယုဒပြည်၌နေထိုင်ကြသော ညီအစ်ကိုတို့အား အထောက်အပံ့ပို့ပေးရန် ဆုံးဖြတ်ကြ၏။ Common Language Bible တပည့်တော်တို့သည်အသီးသီးတတ်နိုင်သမျှ အတိုင်း ယုဒပြည်ရှိညီအစ်ကိုများအားကူညီ ထောက်ပံ့ရန်ဆုံးဖြတ်ကြ၏။- Garrad Bible သို့ ဖြစ်၍ တ ပည့် တော် တို့ သည် ယု ဒ ပြည် ရှိ ညီ အစ် ကို တို့ ထံ အ သီး အ သီး တတ် အား သ ရွေ့ အ ထောက် အ ပံ့ ပို့ ရန် ပြ ဋ္ဌာန်း ပြီး လျှင်၊ Judson Bible ထိုအခါ တပည့်တော်တို့သည် အသီးအသီး တတ်နိုင်ကြသည်အတိုင်း၊ ယုဒပြည်၌နေသော ညီအစ်ကိုတို့အား အကူအမ ပေးလိုက်မည်ဟု၊- ခေတ်သစ်မြန်မာ သမ္မာကျမ်း တပည့်တော်များက မိမိတို့ တတ်နိုင်သည့်အတိုင်း ယုဒပြည်တွင်နေထိုင်သော ယုံကြည်သူများအား ထောက်ပံ့ငွေပေးပို့ရန် ဆုံးဖြတ်ကြ၏။ |
ထိုသို့ သူတို့တတ်နိုင်သလောက်ပေးလှူကြရာတွင် ရွှေဒင်္ဂါးပြားခြောက်သောင်းတစ်ထောင်၊ ငွေမိနာ့ငါးထောင်နှင့် ယဇ်ပုရောဟိတ်ဝတ်စုံ အစုံတစ်ရာတို့ကို ဘဏ္ဍာတိုက်ထဲသို့ ထည့်သွင်းလှူဒါန်းကြ၏။
သူတို့အား “လူမျိုးခြားတို့ထံ အရောင်းစားခံလိုက်ရသော ငါတို့အမျိုးသားချင်းဂျူးလူမျိုးတို့ကို ငါတို့ မဖြစ်မနေပြန်ဝယ်ယူခဲ့ပြီးမှ သင်တို့သည် ကိုယ့်အမျိုးသားချင်းကို ပြန်ရောင်းစားပါပြီတကား။ ငါတို့ထံ ပြန်ရောင်းစားကြပါပြီတကား”ဟု ဆိုသောအခါ သူတို့သည် ဘာမျှပြန်မပြောဘဲ ဆိတ်ဆိတ်နေကြ၏။
ယေရှုနှင့်တပည့်တော်တို့သည်လည်း ထိုမင်္ဂလာဆောင်ပွဲသို့ဖိတ်ခေါ်ခြင်းခံရကြ၏။
ထိုနေ့ရက်များ၌ အရေအတွက်အားဖြင့် တစ်ရာ့နှစ်ဆယ်ခန့်ရှိသောညီအစ်ကိုတို့သည် တစ်နေရာတည်းတွင် စုဝေးကြရာ ပေတရုသည် သူတို့အလယ်၌ထ၍
လူမျိုးခြားတို့သည်လည်း ဘုရားသခင်၏နှုတ်ကပတ်တရားကို လက်ခံကြကြောင်း တမန်တော်တို့နှင့် ယုဒပြည်တစ်လျှောက်တွင်ရှိသောညီအစ်ကိုတို့သည် ကြားသိကြ၏။
သူ့ကိုတွေ့လျှင် အန္တိအုတ်မြို့သို့ခေါ်လာ၏။ သူတို့သည် တစ်နှစ်ပတ်လုံး အသင်းတော်၌စုဝေးလျက် များစွာသောလူတို့ကို သွန်သင်ကြ၏။ တပည့်တော်တို့သည် ထိုအန္တိအုတ်မြို့၌ “ခရစ်ယာန်”ဟု ပထမဦးဆုံးခေါ်ဝေါ်ခြင်းခံရကြ၏။
တပည့်တော်တို့သည်လည်း ဝမ်းမြောက်ခြင်းနှင့်လည်းကောင်း၊ သန့်ရှင်းသောဝိညာဉ်တော်နှင့်လည်းကောင်း ပြည့်ဝလျက်ရှိကြ၏။
သို့သော် တပည့်တော်တို့သည် သူ့ကိုဝိုင်းရံလျက်နေကြစဉ် သူသည် ထ၍ မြို့ထဲသို့ဝင်လေ၏။ နောက်တစ်နေ့တွင် ပေါလုသည် ဗာနဗနှင့်အတူ ဒေရဗေမြို့သို့ ထွက်ခွာသွားလေ၏။
တပည့်တော်တို့၏စိတ်နှလုံးကို ခိုင်ခံ့မြဲမြံစေလျက် ယုံကြည်ခြင်း၌ ဆက်၍တည်နေကြရန် တိုက်တွန်းနှိုးဆော်ကာ “ငါတို့သည် ဘုရားသခင်၏နိုင်ငံတော်သို့ဝင်ရန် များစွာသောဆင်းရဲဒုက္ခကို ဖြတ်သန်းရမည်”ဟု ဆိုကြ၏။
ယခု နှစ်အတန်ကြာပြီးနောက် အမျိုးသားချင်းတို့အား ပေးကမ်းစွန့်ကြဲရန်နှင့် ပူဇော်သက္ကာများဆက်ကပ်ရန် အကျွန်ုပ်ရောက်ရှိလာပါသည်။
သူတို့ထဲတွင် ဆင်းရဲချို့တဲ့သူတစ်ယောက်မျှမရှိပေ။ အကြောင်းမူကား မြေကွက်၊ သို့မဟုတ် အိမ်ရာတို့ကို ပိုင်ဆိုင်သောသူရှိသမျှတို့သည် ၎င်းတို့ကိုရောင်းပြီးလျှင် ရရှိသောငွေများကို ယူဆောင်လာကာ
ထိုနေ့ရက်များ၌ တပည့်တော်များတိုးပွားလာရာ ဂရိစကားကိုပြောသောဂျူးလူမျိုးတို့က မိမိတို့ထဲမှမုဆိုးမများသည် နေ့စဉ်ထောက်ပံ့ခြင်းအမှုတွင် လျစ်လျူရှုခံရသည်ဟု ဟေဗြဲစကားကိုပြောသောဂျူးလူမျိုးတို့အပေါ် အပြစ်တင်ပြောဆိုကြ၏။
အစားအစာကိုသုံးဆောင်ရာ အားပြန်ပြည့်လာ၏။ ထို့နောက် သူသည် ဒမတ်စကပ်မြို့၌ရှိသော တပည့်တော်တို့နှင့်အတူ ရက်အနည်းငယ်နေထိုင်ပြီးမှ
သို့သော် ရှောလု၏တပည့်တို့သည် ညအချိန်၌ သူ့ကိုခေါ်ဆောင်သွားကာ တောင်းထဲထည့်၍ မြို့ရိုးပေါ်မှလျှောချကြ၏။
မလျောက်ပတ်စွာမပြုတတ်။ ကိုယ်ကျိုးကိုမရှာတတ်။ ဒေါသအလွယ်တကူမထွက်တတ်။ သူတစ်ပါးအပြစ်ကို မှတ်၍မထားတတ်။
သူတို့၏တစ်ခုတည်းသောမှာကြားချက်မှာ ဆင်းရဲသားတို့ကို ငါတို့သတိရစေရန်ဖြစ်၏။ ထိုအမှုကိုပြုရန် ငါလည်းကြိုးစားအားထုတ်လာခဲ့၏။