ဖာရောမင်းကြီးက မိမိ၏အမှုထမ်းတို့အား “ဘုရားသခင်၏ဝိညာဉ်တော်ကိုရသည့် ဤသို့သောသူကို ငါတို့ရှာတွေ့နိုင်မည်လော”ဟု မိန့်ဆို၏။
တမန်တော်ဝတ္ထု 11:28 - မြန်မာ့စံမီသမ္မာကျမ်း ထိုသူတို့အထဲမှ အာဂဗုအမည်ရှိသူတစ်ဦးသည် ထ၍ ကမ္ဘာတစ်ဝန်းလုံး၌ ကြီးစွာသောငတ်မွတ်ခေါင်းပါးခြင်းဘေး ကျရောက်တော့မည်ဟု ဝိညာဉ်တော်အားဖြင့် ကြိုတင်ဟောပြော၏။ ထိုဘေးသည် ကလောဒိမင်း၏လက်ထက်တွင် ဖြစ်ပေါ်ခဲ့၏။ Common Language Bible ထိုသူတို့အနက်အာဂဗုနာမည်ရှိသောသူသည် သန့်ရှင်းသောဝိညာဉ်တော်၏နှိုးဆော်ချက်အရ ထ၍ ကမ္ဘာတစ်ဝှမ်းလုံးတွင်အစားအစာငတ် မွတ်ခေါင်းပါးခြင်းဘေးကြီးသင့်လိမ့်မည်ဟု ဟောပြောလေ၏။ (ဧကရာဇ်ဘုရင်ကလောဒိ လက်ထက်၌ အကယ်ပင်ဤသို့ငတ်မွတ်ခေါင်း ပါးခဲ့သတည်း။)- Garrad Bible အာ ဂ ဗု ဆို သူ ထ လျက် မြေ တစ် ပြင် လုံး တွင် ကြီး စွာ သော အ စာ ခေါင်း ပါး ခြင်း ကပ် သင့် ရောက် မည့် အ ကြောင်း ဝိ ညာဉ် တော် အား ဖြင့် ဖော် ပြ၏။ ထို ကပ် ကား၊ က လော ဒိ မင်း လက် ထက် သင့် ရောက် သ တည်း။ Judson Bible ထိုသူတို့အဝင်၊ အာဂဗုအမည်ရှိသော သူတစ်ယောက်သည်ထ၍၊ မြေတစ်ပြင်လုံး၌ အစာအာဟာရ အလွန်ခေါင်းပါးခြင်းဖြစ်လတ္တံ့ဟု ဝိညာဉ်တော်အားဖြင့် ဖော်ပြ၏။ ထိုခေါင်းပါးခြင်းသည် ကဲသာဘုရင် ကလောဒိလက်ထက်၌ ဖြစ်သတည်း။- ခေတ်သစ်မြန်မာ သမ္မာကျမ်း သူတို့အထဲမှ အာဂဗုအမည်ရှိသောသူသည် ထ၍ ကမ္ဘာတစ်ဝန်းလုံးတွင် ပြင်းထန်သောအစာခေါင်းပါးခြင်း ဖြစ်လိမ့်မည်ဟု ဝိညာဉ်တော်ဖွင့်ပြခြင်းအားဖြင့် ကြိုဟောလေ၏။ ထိုအစာခေါင်းပါးခြင်းသည် ကလောဒိမင်းလက်ထက်တွင် ဖြစ်ပွား၏။ |
ဖာရောမင်းကြီးက မိမိ၏အမှုထမ်းတို့အား “ဘုရားသခင်၏ဝိညာဉ်တော်ကိုရသည့် ဤသို့သောသူကို ငါတို့ရှာတွေ့နိုင်မည်လော”ဟု မိန့်ဆို၏။
နိုင်ငံတော်နှင့်ဆိုင်သည့် ဤကောင်းမြတ်သောသတင်းကိုလည်း လူမျိုးတကာတို့ထံသက်သေဖြစ်မည့်အကြောင်း ကမ္ဘာတစ်ဝန်းလုံး၌ ဟောပြောကြလိမ့်မည်။ ထို့နောက်မှ အဆုံးသည်ရောက်လာလိမ့်မည်။
လူမျိုးတစ်မျိုးနှင့်တစ်မျိုး၊ နိုင်ငံတစ်နိုင်ငံနှင့်တစ်နိုင်ငံတို့သည် ရန်ဘက်ပြုကြ၍ အရပ်ရပ်တို့၌ ငတ်မွတ်ခေါင်းပါးခြင်းနှင့် ငလျင်လှုပ်ခြင်းများဖြစ်ကြလိမ့်မည်။
ထိုနေ့ရက်များ၌ ဩဂုတ္တုဆီဇာသည် လက်အောက်ခံနိုင်ငံအားလုံးတွင် သန်းခေါင်စာရင်းကောက်ယူရန် အမိန့်ထုတ်ပြန်လေ၏။
တိဗေရိဆီဇာနန်းစံတစ်ဆယ့်ငါးနှစ်မြောက်တွင် ပုန္တိပိလတ်သည် ယုဒနယ်၏ဘုရင်ခံ၊ ဟေရုဒ်သည် ဂါလိလဲနယ်၏နယ်စား၊ ဟေရုဒ်၏အစ်ကိုဖိလိပ္ပုသည် ဣတုရဲနယ်နှင့်တရာခေါနိတ်နယ်တို့၏နယ်စား၊ လုသာနိသည် အဘိလင်နယ်၏နယ်စား၊
ပုန္တုပြည်သား အာကုလအမည်ရှိဂျူးလူမျိုးတစ်ဦးနှင့်တွေ့လေ၏။ ကလောဒိမင်းသည် ဂျူးလူမျိုးအားလုံး ရောမမြို့မှ ထွက်သွားရမည့်အကြောင်း အမိန့်ထုတ်ပြန်သောကြောင့် သူသည် မိမိဇနီးပြစ်ကိလနှင့်အတူ မကြာမီက အီတလီပြည်မှ ရောက်လာခြင်းဖြစ်၏။ ပေါလုသည် သူတို့ထံသို့သွား၍
ရက်အတန်ကြာနေပြီးသောအခါ အာဂဗုအမည်ရှိသော ပရောဖက်တစ်ဦးသည် ယုဒပြည်မှဆင်းလာ၏။