ထို့ကြောင့် သူသည် ထ၍စားသောက်၏။ ထိုအစားအစာကြောင့် အားပြည့်လာပြီး ဟောရပ်ဟူသောဘုရားသခင်၏တောင်သို့ ရက်လေးဆယ်ပတ်လုံးခရီးဆက်၍
တမန်တော်ဝတ္ထု 1:3 - မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်သည် ဒုက္ခဝေဒနာခံစားတော်မူပြီးနောက် မိမိအသက်ရှင်လျက်ရှိကြောင်း ထိုတမန်တော်တို့အား အထောက်အထားများစွာတို့ဖြင့်ပြသကာ ရက်ပေါင်းလေးဆယ်အတွင်း သူတို့ထံထင်ရှား၍ ဘုရားသခင်၏နိုင်ငံတော်အကြောင်းကို ဟောပြောတော်မူ၏။ Common Language Bible ကိုယ်တော်သည်အသေခံတော်မူပြီးနောက် အရက်လေးဆယ်အတွင်းတမန်တော်တို့ အားအကြိမ်ပေါင်းများစွာကိုယ်ထင်ပြ၍ မိမိအသက်ရှင်လျက်ရှိတော်မူကြောင်း ခိုင်လုံသောအထောက်အထားများကိုပေး တော်မူ၏။ တမန်တော်တို့သည်ကိုယ်တော် ကိုတွေ့မြင်ရကြ၏။ ကိုယ်တော်သည်လည်း သူတို့အားဘုရားသခင်၏နိုင်ငံတော် အကြောင်းကိုဟောပြောသွန်သင်တော်မူ၏။- Garrad Bible အို သော် ဖိ လု မင်း၊ စီ ရင် ရာ ခံ ပြီး နောက် ယေ ရှု သည် ရက် ပေါင်း လေး ဆယ် အ တွင်း တ မန် တော် တို့ အား ထင် ရှား လျက် ဘု ရား သ ခင့် နိုင် ငံ တော် နှင့် စပ် ဆိုင် သော အ ကြောင်း အ ရာ များ ကို ဟော ပြော လျက် သက် သေ နိ မိတ် အ များ ဖြင့် အ သက် ရှင် ကြောင်း ဖော် ပြ တော် မူ သည့် ပြင်၊ Judson Bible အသေခံတော်မူပြီးလျှင်၊ တမန်တော်တို့အား အရက်လေးဆယ်ပတ်လုံး ကိုယ်ကိုပြ၍ ဘုရားသခင်၏ နိုင်ငံတော်နှင့်စပ်ဆိုင်သောအရာတို့ကို မိန့်မြွက်တော်မူလျက်၊ မိမိအသက်ရှင်သည်အကြောင်းကို ခိုင်ခံ့သော သက်သေအများအားဖြင့် ပြတော်မူ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း အသေခံတော်မူပြီးနောက် ယေရှုသည် မိမိအသက်ရှင်လျက်ရှိကြောင်း ခိုင်မာသောသက်သေအထောက်အထားများဖြင့် ရက်ပေါင်းလေးဆယ်အတွင်း တမန်တော်တို့အား ကိုယ်ထင်ပြ၍ ဘုရားသခင်၏နိုင်ငံတော်အကြောင်းကို ဟောပြောတော်မူ၏။ |
ထို့ကြောင့် သူသည် ထ၍စားသောက်၏။ ထိုအစားအစာကြောင့် အားပြည့်လာပြီး ဟောရပ်ဟူသောဘုရားသခင်၏တောင်သို့ ရက်လေးဆယ်ပတ်လုံးခရီးဆက်၍
ထို့ကြောင့် သင်တို့အား ငါဆိုသည်ကား ဘုရားသခင်၏နိုင်ငံတော်ကို သင်တို့ထံမှသိမ်းယူ၍ ထိုနိုင်ငံတော်၏အသီးကိုသီးမည့်လူမျိုးထံ ပေးတော်မူလိမ့်မည်။
ထိုအခါ ယေရှုသည် သူတို့နှင့်တွေ့ဆုံလျက်“မင်္ဂလာပါ”ဟု မိန့်တော်မူ၏။ သူတို့သည် ချဉ်းကပ်၍ ကိုယ်တော်၏ခြေတော်ကို ဖက်ထားကာ ကိုယ်တော်ကိုရှိခိုးကြ၏။
“ကောင်းကင်နိုင်ငံတော်ပေါ်ထွန်းလုနီးပြီဖြစ်၍ နောင်တရကြလော့”ဟု ယုဒနယ်ရှိတောကန္တာရတွင် ဟောပြောလေ၏။
သခင်ယေရှုသည် သူတို့အား ထိုသို့မိန့်တော်မူပြီးနောက် ကောင်းကင်သို့ဆောင်ယူခြင်းကိုခံတော်မူ၍ ဘုရားသခင်၏လက်ယာတော်ဘက်၌ ထိုင်တော်မူ၏။
ထို့နောက် ရှစ်ရက်ကြာသော် တပည့်တော်တို့သည် တစ်ဖန် အထဲ၌ရှိကြ၍ သောမသည်လည်း သူတို့နှင့်အတူရှိ၏။ တံခါးများကိုပိတ်ထားသော်လည်း ယေရှုသည်ကြွလာ၍ သူတို့အလယ်၌ရပ်တော်မူပြီးလျှင်“သင်တို့၌ ငြိမ်သက်ခြင်းရှိပါစေ”ဟု မိန့်တော်မူ၏။
ထို့နောက် ယေရှုသည် တိဗေရိပင်လယ်နားတွင် တပည့်တော်တို့အား နောက်တစ်ဖန် ကိုယ်ထင်ရှားပြတော်မူ၏။ ထင်ရှားပြတော်မူပုံကား ဤသို့ဖြစ်၏။
ဤသည်ကား ယေရှုသည် သေသောသူတို့ထဲမှ ထမြောက်တော်မူပြီးနောက် တပည့်တော်တို့အား တတိယအကြိမ် ကိုယ်ထင်ရှားပြတော်မူခြင်းဖြစ်၏။
ကိုယ်တော်သည် ဂါလိလဲနယ်မှ ဂျေရုဆလင်မြို့သို့ မိမိနှင့်အတူလိုက်ပါခဲ့ကြသောသူတို့အား ရက်ပေါင်းများစွာအတွင်း ကိုယ်ထင်ရှားပြတော်မူ၏။ ယခုအခါ ထိုသူတို့သည် လူတို့ရှေ့တွင် ကိုယ်တော်၏သက်သေများဖြစ်ကြ၏။
ထို့နောက် ပေါလုသည် ဝတ်ပြုစည်းဝေးကျောင်းသို့ဝင်၍ သုံးလပတ်လုံး ရဲရင့်စွာဟောပြောလျက် ဘုရားသခင်၏နိုင်ငံတော်အကြောင်းကို ဆွေးနွေးပြောဆိုကာ လူတို့ကိုစည်းရုံးလေ၏။
ထို့နောက် သူတို့သည် ပေါလုနှင့် ရက်ကိုချိန်းချက်ပြီးမှ ပို၍များစွာသောသူတို့နှင့်တကွ သူတည်းခိုရာအရပ်သို့ ရောက်လာကြ၏။ ပေါလုသည် နံနက်စောစောအချိန်မှစ၍ ညနေအချိန်တိုင်အောင် ထိုသူတို့အား ဘုရားသခင်၏နိုင်ငံတော်အကြောင်းကိုရှင်းပြလျက် သက်သေခံကာ မောရှေ၏ပညတ်တရားကျမ်းနှင့် ပရောဖက်ကျမ်းများကိုကိုးကား၍ ယေရှုအကြောင်းကို သူတို့အားပြောပြစည်းရုံးလေ၏။
မည်သည့်အတားအဆီးမျှမရှိဘဲ ဘုရားသခင်၏နိုင်ငံတော်အကြောင်းကို ရဲရင့်ခြင်းအပြည့်အဝဖြင့် ဟောပြောကာ သခင်ယေရှုခရစ်တော်၏အကြောင်းများကို သွန်သင်လေ၏။
သို့သော် ဖိလိပ္ပုသည် ဘုရားသခင်၏နိုင်ငံတော်နှင့် ယေရှုခရစ်တော်၏နာမတော်အကြောင်းကို ဟောပြောသောအခါ လူတို့သည် ယုံကြည်လျက် ယောက်ျားများမှစ၍ မိန်းမများပါ ဗတ္တိဇံခံကြ၏။
အကြောင်းမူကား ဘုရားသခင်၏နိုင်ငံတော်သည် စားခြင်း၊ သောက်ခြင်းမဟုတ်ဘဲ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့်ခံစားရသော ငြိမ်သက်ခြင်း၊ ဖြောင့်မတ်ခြင်းနှင့် ဝမ်းမြောက်ခြင်းဖြစ်၏။
ထာဝရဘုရားအမျက်ထွက်စေရန် မျက်မှောက်တော်၌ မကောင်းမှုကိုပြုခြင်းဖြင့် သင်တို့ကျူးလွန်သည့်အပြစ်ရှိသမျှတို့ကြောင့် ငါသည် အစာမစား၊ ရေလည်းမသောက်ဘဲ ယခင်ကဲ့သို့ အရက်လေးဆယ်ပတ်လုံး ထာဝရဘုရားရှေ့မှောက်၌ပျပ်ဝပ်လျက်နေ၏။
သင်တို့နှင့်ထာဝရဘုရားဖွဲ့တော်မူခဲ့သောပဋိညာဉ်ပါရှိသည့်ကျောက်ပြားတို့ကို ခံယူရန် တောင်ပေါ်သို့ငါတက်သွားသောအခါ ငါသည် အစာမစား၊ ရေမသောက်ဘဲ ထိုတောင်ပေါ်၌ အရက်လေးဆယ်ပတ်လုံး နေခဲ့၏။
ခမည်းတော်သည် ငါတို့ကို မှောင်မိုက်ခြင်း၏အာဏာစက်မှ ကယ်နုတ်၍ မိမိချစ်တော်မူသော သားတော်၏နိုင်ငံတော်ထဲသို့ ရွှေ့ပြောင်းပို့ဆောင်တော်မူ၏။
မိမိနိုင်ငံတော်နှင့်ဘုန်းအသရေတော်သို့ သင်တို့ကိုခေါ်ယူတော်မူသောဘုရားသခင်နှင့် ထိုက်တန်စွာ အသက်ရှင်လျှောက်လှမ်းကြရန် သင်တို့တစ်ဦးစီကို တိုက်တွန်းနှိုးဆော်၍ နှစ်သိမ့်အားပေးကာ သတိပေးခဲ့ကြ၏။
အစအဦးကပင်ရှိသောအရာ၊ ငါတို့ကြားရသောအရာ၊ ကိုယ့်မျက်စိဖြင့် မြင်ရသောအရာ၊ ငါတို့ကြည့်ရှုလျက် ကိုယ့်လက်ဖြင့် တို့ထိစမ်းသပ်ရသောအရာတည်းဟူသော အသက်နှင့်ဆိုင်သည့် နှုတ်ကပတ်တော်အကြောင်းဟူမူကား