ဤသည်ကား ကမ္ဘာမြေတစ်ခွင်လုံးအတွက် ကြံစည်ထားသောအကြံအစည်တော်ဖြစ်၏။ ဤသည်ကား တိုင်းနိုင်ငံအားလုံးတို့အပေါ် ဆန့်သောလက်တော်ဖြစ်၏။
ဇေဖနိ 3:6 - မြန်မာ့စံမီသမ္မာကျမ်း “လူမျိုးတကာတို့ကို ငါပယ်ရှင်းပြီ။ သူတို့၏မျှော်စင်များ ပျက်စီးလေပြီ။ လမ်းတို့ကိုလည်း ခြောက်ကပ်စေပြီဖြစ်၍ ဖြတ်သန်းသွားလာသောသူမရှိ။ မြို့များကိုလည်း ဖျက်ဆီးပစ်ပြီဖြစ်၍ နေထိုင်သူတစ်ဦးမျှမရှိပေ။ Common Language Bible ထာဝရဘုရားက``ငါသည်လူမျိုးတကာ ကိုလုံးဝဖျက်ဆီးခဲ့လေပြီ။ သူတို့၏မြို့ များကိုသုတ်သင်ဖျက်ဆီး၍မြို့တံတိုင်း များ၊ ရဲတိုက်များကိုလည်းယိုယွင်းပျက် စီးစေလေပြီ။ မြို့တို့သည်လူသူဆိတ်ငြိမ် လျက်လမ်းတို့သည်လည်းဟာလာဟင်း လင်းဖြစ်လျက်နေကြ၏။ လူတစ်ဦး တစ်ယောက်မျှမရှိကြတော့ပေ။- Garrad Bible ခံ တပ် များ၌ ဆိတ် ညံ ရာ ရောက် အောင်၊ လူ မျိုး တို့ ကို ပယ် ရှား ခြင်း၊ လျှောက် သွား သူ ကင်း သည့် တိုင် အောင်၊ လမ်း များ ကို ဖုန်း ဆိုး ကုန်း ထား ခြင်း၊ နေ ထိုင် သူ မဲ့ သည့် တိုင် အောင်၊ မြို့ ရွာ များ ကို ဖျက် ဆီး ခြင်း ပြု ခဲ့ ရာ တွင်၊ Judson Bible လူအမျိုးမျိုးတို့ကို ငါပယ်ဖြတ်၍ သူတို့ရဲတိုက်များကို ဖျက်ဆီးလေပြီ။ လမ်းတို့၌ အဘယ်သူမျှ မသွားမလာစေခြင်းငှာ လူဆိတ်ညံစေပြီ။ မြို့တို့ကိုလည်း လူတစ်စုံတစ်ယောက်မျှ မနေစေခြင်းငှာ ဖျက်ဆီးလေပြီ။ |
ဤသည်ကား ကမ္ဘာမြေတစ်ခွင်လုံးအတွက် ကြံစည်ထားသောအကြံအစည်တော်ဖြစ်၏။ ဤသည်ကား တိုင်းနိုင်ငံအားလုံးတို့အပေါ် ဆန့်သောလက်တော်ဖြစ်၏။
ထာဝရဘုရား၏ကောင်းကင်တမန်သည် ထွက်လာ၍ အဆီးရီးယားတပ်စခန်းထဲတွင် စစ်သည်တစ်သိန်းရှစ်သောင်းငါးထောင်ကို သတ်လေ၏။ နံနက်စောစောထကြသောအခါ အလောင်းကောင်များသာ တွေ့ရ၏။
ထိုအခါ ငါက “အို ဘုရားရှင်၊ မည်မျှကြာပါမည်နည်း”ဟု မေးလျှောက်ရာ ကိုယ်တော်က “မြို့တို့သည်ပျက်စီး၍ နေထိုင်သူမရှိ၊ အိမ်တို့တွင် လူမရှိ၊ တစ်ပြည်လုံးသည် ပျက်စီး၍ လူသူကင်းမဲ့သည့်တိုင်အောင်၊
ဤအမှုအရာကို နားလည်နိုင်အောင် မည်သူပညာရှိသနည်း။ ဤအမှုအရာကို ပြောကြားနိုင်အောင် ထာဝရဘုရားသည် မည်သူ့အား ဖော်ပြတော်မူသနည်း။ ပြည်သည် ဖြတ်သန်းသွားလာသူမရှိသောတောကန္တာရကဲ့သို့ အဘယ်ကြောင့် ပျက်စီး၍ ဆိတ်ညံရသနည်း။
ငါသည် သင်တို့၏မြို့များကို ပြိုပျက်စေ၍ သင်တို့၏သန့်ရှင်းရာဌာနကို လူသူကင်းမဲ့စေမည်။ သင်တို့၏မွှေးကြိုင်သောရနံ့ကိုလည်း ငါခံယူမည်မဟုတ်။
ပင်လယ်ကမ်းရိုးတန်း၌နေထိုင်သောခေရသိလူမျိုးတို့၊ သင်တို့၌အမင်္ဂလာရှိ၏။ အို ခါနာန်ပြည်ရှိဖိလိတ္တိလူမျိုးတို့၊ ထာဝရဘုရား၏နှုတ်ကပတ်တော်သည် သင်တို့ကို ဆန့်ကျင်လျက် “စင်စစ် သင်တို့ကို တစ်ယောက်မကျန် ငါဖျက်ဆီးမည်”ဟု မိန့်ဆိုပြီ။
ထို့ပြင် သူတို့မသိသောလူမျိုးခြားတို့နေရာအရပ်ရပ်သို့ သူတို့အားလေပွေနှင့်အတူ ငါလွင့်သွားစေ၏။ သူတို့ပြည်သည် လူသူကင်းမဲ့ရာအဖြစ် ကျန်ရစ်လေပြီ။ ဖြတ်သန်းသွားလာသောသူလည်း မရှိ။ သာယာသောပြည်သည် လူသူကင်းမဲ့လေပြီ”ဟု မိန့်ဆို၏။
ကြည့်ရှုလော့။ သင်တို့၏အိမ်သည် လူသူကင်းဝေးရာအရပ်အဖြစ် သင်တို့ထံ၌ စွန့်ပစ်ထားခြင်းခံရလိမ့်မည်။
ဤအမှုအရာတို့သည် နမူနာများအဖြစ် ထိုသူတို့၌ဖြစ်ပျက်ခဲ့ကြပြီး ၎င်းကိုရေးထားခြင်းမှာ ကပ်ကာလအဆုံးပိုင်း၌ အသက်ရှင်နေကြသောငါတို့ကို သတိပေးရန်အတွက်ဖြစ်၏။
ဤအရာများကား ထိုသူတို့တပ်မက်ခဲ့ကြသကဲ့သို့ မကောင်းသောအရာများကို ငါတို့တပ်မက်ခြင်းမရှိကြစေရန် ငါတို့အတွက်နမူနာများအဖြစ် ဖြစ်ပျက်ခဲ့ကြ၏။
ကြည့်ပါ။ ဂျော်ဒန်မြစ်မှစ၍ အနောက်ဘက် မြေထဲပင်လယ်တိုင်အောင် ငါသုတ်သင်ဖယ်ရှားခဲ့သောလူမျိုးအပါအဝင် ကျန်နေသေးသောလူမျိုးတို့၏ပြည်ကို သင်တို့၏အမျိုးအနွယ်များအား အမွေအဖြစ် ငါမဲချခွဲဝေပေးခဲ့ပြီ။