အကျွန်ုပ်သည် တောကန္တာရထဲမှ ငှက်ကြီးဝန်ပိုကဲ့သို့လည်းကောင်း၊ ပြိုပျက်ရာအရပ်များမှ ဇီးကွက်ကဲ့သို့လည်းကောင်း ဖြစ်ပါ၏။
ဇေဖနိ 2:14 - မြန်မာ့စံမီသမ္မာကျမ်း ထိုနေရာသည် လူမျိုးတကာတို့၏သိုးအုပ်များ၊ တိရစ္ဆာန်များ လဲလျောင်းရာ ဖြစ်လိမ့်မည်။ ငှက်ကြီးဝန်ပို၊ ငဟစ်ငှက်တို့လည်း အပြိုအပျက်များကြားတွင် ခိုအောင်း၍ ပြတင်းပေါက်များတွင် အော်မြည်ကြလိမ့်မည်။ စင်စစ် သစ်ကတိုးသားများကို ဖျက်ဆီးမည်ဖြစ်၍ တံခါးဝတွင် အပျက်အစီးတို့ ပုံနေလိမ့်မည်။ Common Language Bible ထိုအရပ်သည်သိုးအုပ်နှင့်တိရစ္ဆာန်အမျိုး မျိုးတို့နားနေရာဖြစ်လိမ့်မည်။ ဇီးကွက် တို့သည်တိုက်ပြိုတိုက်ပျက်များတွင်ခို အောင်းကာ ပြူတင်းပေါက်များမှအော်မြည် ကြလိမ့်မည်။ ကျီးတို့သည်လည်းလှေကား ထစ်များအပေါ်မှနေ၍အာကြလိမ့်မည်။ ထိုမြို့ရှိအဆောက်အဦးများမှသစ်က တိုးသားတို့ကိုလည်းလူတို့ဖြုတ်ယူကြ လိမ့်မည်။- Garrad Bible သား ရိုင်း အ မျိုး မျိုး တို့ သည်၊ ထို မြို့ ပျက် တွင် စု ရုံး အိပ် ၀ပ် ခြင်း၊ ၀ံ ပို နှင့် ဗျိုင်း တို့ သည် တိုင် ထိပ် များ၌ နား၍၊ လေ သာ ပေါက် များ၌ မြည် ခြင်း ကို ပြု စဉ်။ အ ခင်း အ ကာ ကို ဖျက် တော် မူ ပြီး သော၊ တိုက် အိမ် များ သည်။ ဆိတ် ဆိတ် ညံ ညံ ဖြစ် လိမ့် မည်။ Judson Bible မြို့အလယ်၌ သိုးစုများနှင့် တစ်ပါးအမျိုး သားရဲအပေါင်းတို့သည် အိပ်ကြလိမ့်မည်။ ဝံပိုနှင့်ဖြူတို့သည် တံခါးထုပ်၌ နေရာကျ၍ ပြတင်းပေါက်၌ မြည်ကြလိမ့်မည်။ တံခါးခုံတို့သည် လူဆိတ်ညံလျက်၊ အာရဇ်သစ်သား၌ အပြောက်ပယ်ရှင်းလျက် ရှိလိမ့်မည်။ |
အကျွန်ုပ်သည် တောကန္တာရထဲမှ ငှက်ကြီးဝန်ပိုကဲ့သို့လည်းကောင်း၊ ပြိုပျက်ရာအရပ်များမှ ဇီးကွက်ကဲ့သို့လည်းကောင်း ဖြစ်ပါ၏။
တစ်ဖန် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “ငါသည် ထိုမြို့ကို ဖြူကောင်နေရာအရပ်၊ ရေအိုင်ထွန်းရာအရပ်ဖြစ်စေမည်။ ဖျက်ဆီးခြင်းတံမြက်စည်းဖြင့် လှည်းကျင်းမည်”ဟု မိန့်တော်မူ၏။
‘ငါ့အတွက် ကြီးမားသောနန်းတော်၊ ကျယ်ဝန်းသောဘုံဗိမာန်များကို တည်ဆောက်မည်။ ပြတင်းပေါက်များကိုဖောက်၍ သစ်ကတိုးနှင့်အကွက်ဖော်ပြီးလျှင် အနီရောင်သုတ်မည်’ဟု ဆိုသောသူသည် အမင်္ဂလာရှိ၏”ဟု မိန့်တော်မူ၏။
တစ်ဖန် ငါမြင်ရသည်မှာ ဘုရားရှင်သည် ယဇ်ပလ္လင်နားတွင် ရပ်နေတော်မူ၏။ ကိုယ်တော်က “တံခါးခုံများလှုပ်ခါ၍ လူအပေါင်းတို့ခေါင်းပေါ်သို့ ပြိုကျသည်အထိ ခေါင်တိုင်တို့ကို ရိုက်ချိုးလော့။ ထိုဘေးမှလွတ်၍ ကြွင်းကျန်သူတို့ကို ဓားနှင့် ငါကွပ်မျက်မည်။ ထွက်ပြေးသောသူ မရှိရ။ လွတ်မြောက်သောသူ မရှိရ။
ပင်လယ်ကမ်းရိုးတန်းတွင် သိုးထိန်းတို့ကျက်စားရာမြက်ခင်းပြင်များ၊ သိုးခြံများ နေရာယူလိမ့်မည်။
သူသည် ကျယ်လောင်သောအသံဖြင့်ကြွေးကြော်လျက် “ဘေဘီလုံမြို့ကြီးသည် ပြိုလဲပြီ၊ ပြိုလဲပြီ။ ၎င်းသည် နတ်ဆိုးတို့နေထိုင်ရာအရပ်၊ ညစ်ညူးသောနတ်အပေါင်းတို့၏ခိုအောင်းရာအရပ်၊ ညစ်ညူးသောငှက်အမျိုးမျိုးတို့၏ခိုအောင်းရာအရပ်နှင့် ညစ်ညူး၍ရွံရှာဖွယ်ကောင်းသောသတ္တဝါအပေါင်းတို့၏ခိုအောင်းရာအရပ် ဖြစ်လေပြီ။