မိတ်ဆွေများအတွက် ယောဘဆုတောင်းပေးပြီးနောက်တွင် ထာဝရဘုရားသည် ယောဘဆုံးရှုံးခဲ့ရသောဥစ္စာတို့ကို ပြန်ပေးတော်မူ၏။ ထာဝရဘုရားသည် ယောဘအား သူပိုင်ဆိုင်ခဲ့သမျှ၏နှစ်ဆကို ပြန်ပေးတော်မူ၏။
ဇာခရိ 9:12 - မြန်မာ့စံမီသမ္မာကျမ်း မျှော်လင့်စရာရှိသော အကျဉ်းသားတို့၊ ခံတပ်သို့ပြန်လာကြလော့။ သင်တို့ကို နှစ်ဆသောအကျိုးပေးမည်ဟု ယနေ့ပင် ငါဆိုပြီ။ Common Language Bible အချင်းပြည်နှင်ဒဏ်သင့်သူတို့ပြန်လာကြလော့။ မျှော်လင့်ချက်ရှိကြပေပြီ။ ဘေးမဲ့လုံခြုံရာသင်တို့၏ရဲတိုက်သို့ပြန်လာ ကြလော့။ သင်တို့ခံခဲ့ရသည့်ဆင်းရဲဒုက္ခများ၏ နှစ်ဆမျှသော ကောင်းချီးမင်္ဂလာကိုသင်တို့အားငါပေးမည် ဖြစ်ကြောင်းယခုပင်ပြောကြားပါ၏။ Garrad Bible စောင့် မျှော် လျက် နေ သော၊ အို အ ကျဉ်း သား တို့၊ ခံ တပ် တော် သို့ ပြန် လာ ကြ လော့။ ကျေး ဇူး နှစ် ဆ ကို ငါ သ နား မည် ဟု၊ ယ နေ့ ပင် ငါ ကြော် ငြာ ၏။ Judson Bible အချုပ်ခံ၍ မျှော်လင့်သော သူတို့၊ ရဲတိုက်သို့ ပြန်လာကြလော့။ ငါသည် နှစ်ဆသောကျေးဇူးကို ပြုဦးမည်ဟု ယနေ့ပင် ပြောထား၏။ |
မိတ်ဆွေများအတွက် ယောဘဆုတောင်းပေးပြီးနောက်တွင် ထာဝရဘုရားသည် ယောဘဆုံးရှုံးခဲ့ရသောဥစ္စာတို့ကို ပြန်ပေးတော်မူ၏။ ထာဝရဘုရားသည် ယောဘအား သူပိုင်ဆိုင်ခဲ့သမျှ၏နှစ်ဆကို ပြန်ပေးတော်မူ၏။
အကျဉ်းသားများကို တွင်းထဲ၌ တစ်စုတည်းစုထည့်ထားသကဲ့သို့ သူတို့သည် ထောင်ထဲ၌ ချုပ်နှောင်ထားခြင်းခံရမည်။ နေ့ရက်များစွာကုန်လွန်ပြီးမှ ဒဏ်ခတ်ခြင်းခံရမည်။
မရဏာနိုင်ငံသည် ကိုယ်တော်၏ကျေးဇူးတော်ကို မချီးမွမ်းနိုင်ပါ။ သေခြင်းသည် ကိုယ်တော်၏ဂုဏ်တော်ကို မချီးမွမ်းနိုင်ပါ။ တွင်းထဲသို့ဆင်းသွားသောသူတို့သည် ကိုယ်တော်၏သစ္စာတော်ကို မမျှော်လင့်နိုင်ကြပါ။
“စစ်ပွဲ ပြီးဆုံးပြီ။ ထာဝရဘုရား၏လက်တော်မှ မိမိအပြစ်အတွက် နှစ်ဆခံယူပြီးပြီဖြစ်၍ အပြစ်လည်း ခွင့်လွှတ်ခြင်းခံရပြီ”ဟု ဂျေရုဆလင်မြို့အား ကြေညာပြီး နှစ်သိမ့်ပေးလော့။
အချုပ်ခံရသောသူတို့အား ‘ထွက်လာကြ’၊ အမှောင်ထဲ၌ရှိသောသူတို့အား ‘ထွက်ခဲ့ကြ’ဟု သင်ဆိုလိမ့်မည်။ ထိုသူတို့သည် လမ်းခရီးတစ်လျှောက် အစာစားရမည်။ တောင်ကတုံးတို့သည် သူတို့ကျက်စားရာအရပ်ဖြစ်မည်။
အို ဂျေရုဆလင်မြို့၊ မြေမှုန့်ကိုခါချ၍ ထလော့။ အို ဖမ်းခေါ်သွားခြင်းခံရသောဇိအုန်သမီးပျို၊ သင့်လည်ပင်းမှကြိုးကိုဖြေလော့။
အရှက်ကွဲခြင်းအစား ဝေစုနှစ်ဆပြန်ရမည်။ သူတို့သည် အသရေပျက်ခြင်းအစား သူတို့၏ဝေစုကြောင့် ရွှင်လန်းစွာသီချင်းဆိုကြလိမ့်မည်။ သူတို့၏မြေ၌ ဝေစုနှစ်ဆပိုင်ဆိုင်၍ ထာဝရဝမ်းမြောက်ခြင်းရှိလိမ့်မည်။
အို အစ္စရေးလူမျိုး၏မျှော်လင့်ရာ၊ ဆင်းရဲဒုက္ခရောက်ချိန်၌ ကယ်တင်ရာဖြစ်တော်မူသောအရှင်၊ ကိုယ်တော်သည် အဘယ်ကြောင့် အကျွန်ုပ်တို့ပြည်၌ တိုင်းတစ်ပါးသားကဲ့သို့ဖြစ်ရသနည်း၊ အဘယ်ကြောင့် တစ်ညသာလာရောက်တည်းခိုသွားသော ခရီးသွားဧည့်သည်ကဲ့သို့ဖြစ်ရသနည်း။
အို ထာဝရဘုရား ကိုယ်တော်သည် အကျွန်ုပ်၏ခွန်အား၊ အကျွန်ုပ်၏ရဲတိုက်၊ ဆင်းရဲဒုက္ခရောက်ချိန်၌ အကျွန်ုပ်၏ခိုလှုံရာဖြစ်တော်မူပါ၏။ မြေကြီးစွန်းမှ လူမျိုးခြားတို့သည် ကိုယ်တော်ထံသို့လာ၍ “အကျွန်ုပ်တို့၏ဘိုးဘေးတို့ ပိုင်ဆိုင်သောအရာသည် မုသားသာဖြစ်၏။ အချည်းနှီး၊ အကျိုးမရှိသောအရာသာဖြစ်၏”ဟု လျှောက်ကြပါလိမ့်မည်။
အစ္စရေးလူမျိုး၏မျှော်လင့်ရာဖြစ်တော်မူသောထာဝရဘုရား၊ ကိုယ်တော်ကိုစွန့်ပယ်သောသူရှိသမျှတို့သည် အရှက်ကွဲကြရလိမ့်မည်။ ကိုယ်တော့်ထံမှထွက်သွားသောသူတို့သည် အသက်စမ်းရေဖြစ်သည့်ထာဝရဘုရားကို စွန့်ပယ်ကြသောကြောင့် မြေပေါ်၌သာ စာရင်းဝင်ကြလိမ့်မည်။
ထာဝရဘုရားက “သင်၏အနာဂတ်မှာ မျှော်လင့်ခြင်းရှိ၏။ သင်၏သားသမီးတို့သည် သူတို့၏ပြည်သို့ပြန်လာကြလိမ့်မည်”ဟု မိန့်တော်မူ၏။
‘လာကြ။ ဇိအုန်တောင်သို့ သွားကြစို့။ ငါတို့၏ဘုရားသခင်ထာဝရဘုရားအထံတော်သို့ သွားကြစို့’ဟူ၍ ဧဖရိမ်တောင်ပေါ်မှကင်းစောင့်တို့ ကြွေးကြော်သောအချိန်ရောက်လာလိမ့်မည်”ဟု မိန့်တော်မူ၏။
ဘေဘီလုံမြို့မှထွက်ပြေးလွတ်မြောက်လာသောသူတို့၏အသံကို ကြားရလေပြီ။ သူတို့သည် ငါတို့ဘုရားသခင် ထာဝရဘုရား လက်တုံ့ပြန်ခြင်းအကြောင်း၊ ဗိမာန်တော်အတွက် လက်တုံ့ပြန်ခြင်းအကြောင်းကို ဇိအုန်မြို့တွင် ကြွေးကြော်ကြလေပြီ။
ငါတို့ဖြောင့်မတ်ကြောင်း ထာဝရဘုရားပြသတော်မူပြီ။ လာကြ။ ငါတို့၏ဘုရားသခင်ထာဝရဘုရား ပြုတော်မူသောအမှုကို ဇိအုန်မြို့တွင် ပြောကြားကြစို့။
ဘုရားရှင်ထာဝရဘုရားက “အချင်းလူသား၊ ဤအရိုးတို့သည် အစ္စရေးအမျိုးအနွယ် တစ်မျိုးနွယ်လုံးဖြစ်၏။ သူတို့က ‘ငါတို့၏အရိုးသည် ခြောက်သွေ့လျက်ရှိ၏။ ငါတို့၏မျှော်လင့်ချက် ကုန်ဆုံးပြီ။ ငါတို့သည် ဖယ်ထုတ်ခြင်းခံရလေပြီ’ဟု ပြောဆိုတတ်ကြ၏။
ထိုအရပ်တွင် သူ့စပျစ်ခြံကို ငါပြန်ပေးမည်။ အာခေါ်ချိုင့်ဝှမ်းလွင်ပြင်ကို မျှော်လင့်ရာတံခါး ဖြစ်စေမည်။ သူသည် ငယ်ရွယ်စဉ်ကကဲ့သို့၊ အီဂျစ်ပြည်မှထွက်လာစဉ်ကကဲ့သို့ ငါ့ကို ပြန်ဆက်ဆံလိမ့်မည်”ဟု မိန့်တော်မူ၏။
ထာဝရဘုရား၏အသံတော်သည် ဇိအုန်တောင်ပေါ်မှဟိန်းထွက်လာ၍ အသံတော်ကို ဂျေရုဆလင်မြို့မှ လွှင့်တော်မူသောအခါ ကောင်းကင်နှင့်မြေကြီး တုန်ခါလိမ့်မည်။ သို့သော် ထာဝရဘုရားသည် လူမျိုးတော်အဖို့ခိုလှုံရာ၊ အစ္စရေးအမျိုးသားတို့အဖို့ ရဲတိုက်ဖြစ်တော်မူ၏။
အို ဧဒါမျှော်စင် ဇိအုန်သမီးပျိုနေရာတောင်ကုန်း၊ အုပ်စိုးမှုအာဏာသည် ယခင်ကကဲ့သို့ပင် သင့်ထံပြန်လာလိမ့်မည်။ ဂျေရုဆလင်သမီးပျိုထံသို့ နိုင်ငံတော်ပြန်ရောက်လိမ့်မည်”ဟု မိန့်တော်မူ၏။
ထာဝရဘုရားသည် ကောင်းမြတ်တော်မူ၏။ ဆင်းရဲဒုက္ခရောက်ချိန်၌ မှီခိုရာဖြစ်တော်မူ၏။ ကိုယ်တော်၌ ခိုလှုံသောသူတို့ကို စောင်မတော်မူ၏။
ဤသည်ကား ရှေ့၌ပြင်ဆင်ထားသောမျှော်လင့်ခြင်းကို ဆွတ်ခူးနိုင်ရန်အတွက် ထွက်ပြေးလာသောငါတို့သည် ဘုရားသခင်မုသားမသုံးနိုင်သောအရာတည်းဟူသော မပြောင်းလဲနိုင်သည့်အရာနှစ်ပါးအားဖြင့် ကြီးမားသောနှစ်သိမ့်မှုကိုခံစားရကြမည့်အကြောင်းတည်း။
ထိုမျှော်လင့်ခြင်းသည် ငါတို့၏စိတ်ဝိညာဉ်အတွက် ခိုင်ခံ့မြဲမြံသောကျောက်ဆူးကဲ့သို့ ငါတို့၌ရှိ၍ ဗိမာန်တော်ကန့်လန့်ကာအတွင်းဘက်သို့ဝင်ရောက်၏။