သို့သော် လူမျိုးတော်အပေါ် ထာဝရဘုရားအမျက်တော်ထွက်၍ ချမ်းသာမပေးနိုင်သည့်တိုင်အောင် သူတို့သည် ဘုရားသခင်စေလွှတ်သောတမန်များကို လှောင်ပြောင်ကြ၏။ စကားတော်ကို မထီမဲ့မြင်ပြုကြ၏။ ပရောဖက်တို့ကို ပြက်ရယ်ပြုကြ၏။
ဇာခရိ 8:14 - မြန်မာ့စံမီသမ္မာကျမ်း ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက ‘သင်တို့၏ဘိုးဘေးတို့အား အမျက်ထွက်ခဲ့စဉ်အခါက သင်တို့အပေါ်သို့ ဘေးဆိုးကို ကျရောက်စေမည်ဟု ငါကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား စိတ်ပိုင်းဖြတ်ခဲ့သည့်အတိုင်း စိတ်ပြောင်းလဲမည်မဟုတ်။ Common Language Bible အနန္တတန်ခိုးရှင်ထာဝရဘုရားက``သင် တို့၏ဘိုးဘေးများငါ့အားအမျက်ထွက် စေကြသောအခါ ငါသည်သူတို့ကိုဆိုး ကျိုးပေးရန်ကြံစည်ခဲ့၏။ ထိုနောက်စိတ် သဘောမပြောင်းမလဲဘဲယင်းသို့ကြံ စည်သည့်အတိုင်းငါပြုခဲ့၏။- Garrad Bible သင် တို့ ဘိုး ဘေး များ သည်၊ ငါ့ ကို အ မျက် တိုက် ပြု ကြ သည့် ကာ လ၊ မ ကောင်း ကျိုး ပေး မည် ဟု၊ စိတ် တော် မ ပြောင်း ဘဲ ငါ ပြ ဋ္ဌာန်း ခဲ့ သည် နည်း တူ၊ Judson Bible ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူသည်ကား၊ သင်တို့၏ ဘိုးဘေးတို့သည် ငါ့အမျက်ကို နှိုးဆော်ကြသောအခါ အပြစ်ပြုမည်ဟု ငါသည် နောင်တမရဘဲ ကြံသကဲ့သို့၊ |
သို့သော် လူမျိုးတော်အပေါ် ထာဝရဘုရားအမျက်တော်ထွက်၍ ချမ်းသာမပေးနိုင်သည့်တိုင်အောင် သူတို့သည် ဘုရားသခင်စေလွှတ်သောတမန်များကို လှောင်ပြောင်ကြ၏။ စကားတော်ကို မထီမဲ့မြင်ပြုကြ၏။ ပရောဖက်တို့ကို ပြက်ရယ်ပြုကြ၏။
ထာဝရဘုရား၏အကြံဉာဏ်သည် အစဉ်အမြဲတည်၍ ကိုယ်တော်၏စိတ်နှလုံးအကြံအစည်တို့သည် မျိုးဆက်အစဉ်အဆက်တည်၏။
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “ငါကြံရွယ်သည့်အတိုင်း ဖြစ်လာမည်။ ငါကြံစည်သည့်အတိုင်း ဖြစ်ပျက်မည်။
ထာဝရဘုရား မနှမြောဘဲ ဖျက်ဆီးပစ်သောမြို့များကဲ့သို့ ထိုသူဖြစ်ပါစေ။ နံနက်အချိန်၌ အော်ဟစ်သံ၊ မွန်းတည့်အချိန်၌ အချက်ပေးသံတို့ကို ကြားရပါစေ။
အကြောင်းမူကား ငါထာဝရဘုရားသည် သင်တို့အတွက်ကြံစည်ထားသော အကြံအစည်များကို ငါသာလျှင်သိ၏။ သင်တို့ကို ဒုက္ခရောက်စေမည်မဟုတ်၊ ကောင်းစားစေမည့် အကြံအစည်ဖြစ်၏။ သင်တို့မျှော်လင့်သောအနာဂတ်ကို ပေးရန်အတွက်ဖြစ်၏။
ထာဝရဘုရားက “ငါသည် သူတို့ကို နုတ်ပယ်ဖြိုချမှောက်လှန်ဖျက်ဆီးပြီး ဒုက္ခရောက်စေဖို့ စောင့်ကြည့်သကဲ့သို့ တည်ထောင်ပြုစုဖို့ စောင့်ကြည့်မည်”ဟု မိန့်တော်မူ၏။
ထာဝရဘုရားက ‘အကယ်စင်စစ် ငါသည် ဤလူမျိုးအပေါ် ကြီးမားသောဘေးအန္တရာယ်အလုံးစုံကို ကျရောက်စေသည့်နည်းတူ ငါကတိထားသော ကောင်းကျိုးချမ်းသာအလုံးစုံကိုလည်း သူတို့အပေါ် သက်ရောက်စေမည်။
ထို့ကြောင့် မြေကြီးသည် ငိုကြွေးမြည်တမ်းလိမ့်မည်။ အထက်ကောင်းကင်သည် မှောင်မည်းလိမ့်မည်။ ငါမိန့်ဆိုခဲ့ပြီ။ ကြံစည်ခဲ့ပြီ။ စိတ်ပြောင်းလဲမည်မဟုတ်။ နောက်ပြန်လှည့်မည်မဟုတ်။
ငါထာဝရဘုရား မိန့်တော်မူပြီ။ ထိုသို့ပြုရမည့်နေ့ ရောက်လာပြီ။ ငါ့စိတ်ကို ငါမချုပ်တည်း၊ မသနား၊ စိတ်မပြောင်းလဲဘဲ သင့်အပြုအမူ၊ အကျင့်အကြံအတိုင်း သင့်ကိုစီရင်မည်’ဟူ၍ ဘုရားရှင်ထာဝရဘုရားမိန့်တော်မူသည်”ဟု မိန့်ဆို၏။
သို့သော် ငါ့အစေအပါးပရောဖက်တို့အား ငါမိန့်မှာထားသောစကားများနှင့် ပြဋ္ဌာန်းချက်များသည် သင်တို့ဘိုးဘေးတို့အပေါ်ကျရောက်လာခဲ့သည်မဟုတ်လော။ ထို့နောက် သူတို့ပြန်လှည့်လာ၍ ‘ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် စိတ်ပိုင်းဖြတ်ထားသည့်အတိုင်း ငါတို့အပြုအမူအကျင့်အကြံတို့နှင့်အညီ ငါတို့ကို အပြစ်ပေးတော်မူပြီ’ဟူ၍ ဆိုကြသည်”ဟု မိန့်ဆို၏။