ဇာခရိ 8:11 - မြန်မာ့စံမီသမ္မာကျမ်း ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက ‘ယခုမူကား ကြွင်းကျန်သောသူတို့ကို ယခင်ကာလကကဲ့သို့ ငါမပြု။ Common Language Bible သို့သော်ယခုငါသည်ဤလူမျိုးအကြွင်း အကျန်များနှင့် တစ်မျိုးတစ်ဖုံပြောင်းလဲ ဆက်ဆံမည်။-'' Garrad Bible ယ ခု မှာ မူ၊ ထို ကာ လ ကဲ့ သို့၊ ဤ လူ မျိုး အ ကြွင်း အ ကျန် တို့၌၊ ငါ ပြု မည် မ ဟုတ်။ Judson Bible ယခုမူကား၊ ကျန်ကြွင်းသော ဤလူတို့၌ ငါသည် အရင်ကဲ့သို့မပြုဟု ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူ၏။ |
ဧဖရိမ်အမျိုး၏မနာလိုဝန်တိုစိတ်သည် ပျောက်သွားမည်။ ယုဒအမျိုးအား ရန်ပြုသောသူတို့သည် ဖယ်ရှားခြင်းခံရမည်။ ဧဖရိမ်အမျိုးသည် ယုဒအမျိုးကို မနာလိုမဖြစ်။ ယုဒအမျိုးသည်လည်း ဧဖရိမ်အမျိုးကို ရန်မပြု။
ထိုနေ့ရက်၌ သင်က “အို ထာဝရဘုရား၊ အကျွန်ုပ်သည် ကိုယ်တော်ကိုချီးမွမ်းပါမည်။ ကိုယ်တော်သည် အကျွန်ုပ်ကို အမျက်ထွက်တော်မူသော်လည်း အမျက်တော်ပြေ၍ အကျွန်ုပ်ကိုနှစ်သိမ့်တော်မူပါ၏။
‘ယခုမှစ၍ ထာဝရဘုရား၏ဗိမာန်တော်တွင် ကျောက်တုံးတစ်တုံးပေါ်တစ်တုံးဆင့်သောနေ့ မရောက်မီအထိ သင်တို့ နှလုံးသွင်းဆင်ခြင်ကြလော့။
စပါးကျီထဲ၌ မျိုးစေ့ရှိသေးသလော။ စပျစ်ပင်၊ သဖန်းပင်၊ သလဲပင်နှင့် သံလွင်ပင်တို့ အသီးမသီးလျှင်လည်း ယနေ့မှစ၍ သင်တို့ကို ငါကောင်းချီးပေးမည်’ဟူ၍ ထာဝရဘုရားမိန့်တော်မူပြီ”ဟု ပြန်ပြော၏။