ဟ္ဂဲ 2:15 - မြန်မာ့စံမီသမ္မာကျမ်း15 ‘ယခုမှစ၍ ထာဝရဘုရား၏ဗိမာန်တော်တွင် ကျောက်တုံးတစ်တုံးပေါ်တစ်တုံးဆင့်သောနေ့ မရောက်မီအထိ သင်တို့ နှလုံးသွင်းဆင်ခြင်ကြလော့။ အခန်းကိုကြည့်ပါ။Common Language Bible15 ထာဝရဘုရားကသင်တို့သည်မိမိတို့ ကြုံတွေ့ရသည့်အဖြစ်အပျက်ကိုမသိ မမြင်ကြပါသလော။ ဗိမာန်တော်ကိုပြန် လည်မတည်မဆောက်မီအခါက၊- အခန်းကိုကြည့်ပါ။Garrad Bible15 ယ နေ့ မှ စ ၍ ငါ ထာ ဝ ရ ဘု ရား ၏ ဗိ မာန် ၌ ကျောက် တစ် ချပ် ပေါ် တွင် တစ် ချပ် ကို မ တင် မီ ကာ လ တစ် လျှောက် အ ဖြစ် အ ပျက် များ ကို မျှော် ကြည့် ကြ လော့။ အခန်းကိုကြည့်ပါ။Judson Bible15 ထာဝရဘုရား၏ ဗိမာန်တော်၌ ကျောက်တစ်ခုပေါ်မှာ တစ်ခုကို မတင်မီ၊ ယခုနေ့မှစ၍ အထက်အမှုကို ပြန်ကြည့်ဆင်ခြင်ကြပါလော့။ အခန်းကိုကြည့်ပါ။ |
ထာဝရဘုရား၏ဗိမာန်တော်တည်ဆောက်သောသူတို့သည် အုတ်မြစ်ကိုချသောအခါ ဝတ်စုံဝတ်ဆင်ထားသောယဇ်ပုရောဟိတ်တို့သည် တံပိုးခရာကိုကိုင်လျက်၊ အာသပ်၏သားလေဝိအမျိုးတို့သည်လည်း လင်းကွင်းများကိုကိုင်လျက် အစ္စရေးဘုရင်ဒါဝိဒ်မင်းကြီးလက်ထက်ကအတိုင်းနေရာယူ၍ ထာဝရဘုရားကိုချီးမွမ်းကြသည်မှာ
မည်သူသည် ပညာရှိသနည်း၊ သူသည် ထိုအရာတို့ကို နားလည်ပါစေ။ မည်သူသည် ပိုင်းခြားသိမြင်နိုင်သနည်း၊ သူသည် ထိုအရာတို့ကို သိနားလည်ပါစေ။ ထာဝရဘုရား၏နည်းလမ်းတော်သည် ဖြောင့်မတ်သည်ဖြစ်၍ ဖြောင့်မတ်သောသူတို့သည် ထိုလမ်းတော်၌ လိုက်လျှောက်ကြလိမ့်မည်။ မတရားသောသူတို့မူကား ထိုလမ်းတော်တွင် ခလုတ်တိုက်လဲကျကြလိမ့်မည်။