အုပ်စိုးသူမင်းသည် သင့်ကိုစိတ်ဆိုးလျှင်လည်း သင်၏နေရာကိုမစွန့်ခွာနှင့်။ အကြောင်းမူကား တည်ငြိမ်ခြင်းသည် ကြီးစွာသောအမှားကို ပြေပျောက်စေတတ်၏။
ဇာခရိ 6:8 - မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် သူသည် ငါ့ကိုခေါ်၍ “ကြည့်ရှုလော့။ မြောက်ပြည်သို့သွားသောသူတို့သည် ထိုပြည်၌ ငါ့စိတ်ကို သက်သာစေကြပြီ”ဟု မြွက်ဆို၏။ Common Language Bible ထိုနောက်ကောင်းကင်တမန်သည်ငါ့အား၊``မြောက် အရပ်သို့သွားသည့်မြင်းတို့သည်ထာဝရ ဘုရား၏အမျက်တော်ကိုပြေစေကြလေ ပြီ'' ဟုပြော၏။ Garrad Bible ငါ့ အား လည်း၊ ကြည့် လော့။ မြောက် ပိုင်း ပြည် သို့ သွား ရောက် ခဲ့ သော မြင်း များ ကြောင့်၊ ထို ပြည် နှင့် စပ် လျဉ်း၍ စိတ် တော် ပြေ ပြီ ဟု ဟစ် ကြော် မိန့် မြွက် တော် မူ ကြောင်း ပြန် ဆို လေ ၏။ Judson Bible ကောင်းကင်တမန်သည်လည်း ငါ့ကိုခေါ်၍၊ ကြည့်လော့။ မြောက်ပြည်သို့ သွားသော မြင်းတို့သည် ငါ့အမျက်ကို မြောက်ပြည်၌ တည်စေကြပြီဟု ဆို၏။ |
အုပ်စိုးသူမင်းသည် သင့်ကိုစိတ်ဆိုးလျှင်လည်း သင်၏နေရာကိုမစွန့်ခွာနှင့်။ အကြောင်းမူကား တည်ငြိမ်ခြင်းသည် ကြီးစွာသောအမှားကို ပြေပျောက်စေတတ်၏။
ကောင်းကင်ဗိုလ်ခြေအရှင်သခင်ထာဝရဘုရား၊ အစ္စရေးလူမျိုးတို့၏တန်ခိုးကြီးသောအရှင်က “ငါ့ကိုရန်ပြုသောသူတို့ကို ငါကျေနပ်သည်အထိ ငါပြုမည်။ ငါ့ရန်သူတို့ကို ငါကိုယ်တိုင် လက်တုံ့ပြန်မည်။
သင်တို့အားလုံး စုရုံး၍ နားထောင်ကြလော့။ သူတို့တွင် မည်သူသည် ဤအမှုတို့ကို ပြန်ပြောခဲ့သနည်း။ ထာဝရဘုရား ချစ်တော်မူသောသူသည် ကိုယ်တော်၏အလိုတော်အတိုင်း ဘေဘီလုံမြို့ကိုပြုမည်။ သူ၏လက်သည် ခါလဒဲလူမျိုးကို ဆန့်ကျင်မည်။
သို့မှ ငါအမျက်ပြေမည်။ သံသယစိတ်ကင်းမည်။ အမျက်မထွက်တော့သဖြင့် ငြိမ်းချမ်းလိမ့်မည်’ဟု မိန့်တော်မူ၏။
ငါသည် သင်ပြုခဲ့သမျှတို့ကို ခွင့်လွှတ်ပေးသောအခါ သင်လုပ်ခဲ့သောရှက်ဖွယ်လုပ်ရပ်ကို သင်အောက်မေ့၍ ရှက်သောကြောင့် နှုတ်ပင်ဟနိုင်တော့မည်မဟုတ်’ဟု ဘုရားရှင်ထာဝရဘုရား မိန့်တော်မူ၏”ဟု မိန့်ဆို၏။
သင်ပြုသောညစ်ညမ်းမှုများကြောင့် သင့်ကိုအညစ်အကြေးများ ကပ်နေလေပြီ။ ငါသည် သင့်ကိုစင်ကြယ်အောင်လုပ်သော်လည်း သင်မစင်ကြယ်နိုင်။ သင့်အပေါ်ကျရောက်သော ငါ့အမျက်ဒေါသမပြေမချင်း သင်စင်ကြယ်ခွင့်ရမည်မဟုတ်။
‘သို့မှ ငါ့အမျက်ပြေမည်။ သူတို့ကို အမျက်ဒဏ်ခံစေပြီးမှ ငါ့စိတ်ချင်ရဲပြေမည်။ ငါ့အမျက်ငြိမ်းပြီးမှ ငါထာဝရဘုရား စိတ်အားကြီးစွာဖြင့် မိန့်ဆိုခဲ့ကြောင်းကို သူတို့သိရကြလိမ့်မည်။
ငါအနည်းငယ်အမျက်ထွက်၍ ဂျေရုဆလင်မြို့ကို ဘေးပြုဆုံးမစေသော်လည်း ငြိမ်းချမ်းစွာနေရသောလူမျိုးခြားတို့သည် ပို၍ ပြုကြသောကြောင့် သူတို့ကို ငါအလွန်အမျက်ထွက်၏’ဟု မိန့်တော်မူ၏။
ရှံဆုန်ကလည်း “သင်တို့ပြုသောအမှုကြောင့် ငါသည်လည်း သင်တို့ကို လက်တုံ့ပြန်ရမှ ကျေနပ်မည်”ဟု ဆိုပြီးလျှင်
ဘုရားသခင်သည် မိဒျန်လူမျိုးတို့၏အကြီးအကဲများဖြစ်သည့် ဩရဘနှင့် ဇေဘတို့ကို သင်တို့လက်သို့အပ်တော်မူ၏။ ငါသည် သင်တို့နှင့် အဘယ်သို့နှိုင်းယှဉ်နိုင်မည်နည်း”ဟု သူတို့အား ပြန်ပြောလေ၏။ ထိုသို့ ဂိဒေါင်ပြောသောအခါ ဧဖရိမ်အမျိုးသားတို့သည် စိတ်ပြေသွားလေ၏။