မြင်းနက်များကသောစစ်ရထားသည် မြောက်ပြည်သို့ ထွက်သွား၍ မြင်းဖြူများကသောစစ်ရထားသည် သူတို့နောက်သို့ လိုက်၏။ အစက်အပြောက်ပါသောမြင်းများကသောစစ်ရထားသည် တောင်ပြည်သို့ ထွက်သွားလေ၏”ဟု ဆို၏။
မြင်းနက်များကသည့်စစ်မြင်းရထားသည် မြောက်အရပ်သို့လည်းကောင်း၊ မြင်းဖြူများ သည်အနောက်ဘက်သို့လည်းကောင်း၊ ပြောက် ကျားမြင်းများသည်တောင်ဘက်အရပ် ဒေသသို့လည်းကောင်းသွားလျက်နေကြ၏။-
က ပြီး မြင်း နက် များ သည်၊ မြောက် ပိုင်း ပြည် သို့ သွား ရာ၊ မြင်း ဖြူ များ လိုက် လျက်၊ မြင်း ဖောင်း ဝတ် များ သည်၊ တောင် ပိုင်း ပြည် သို့ သွား ကြ ၏။
ကသော မြင်းနက်တို့သည် မြောက်ပြည်သို့ သွားကြ၏။ မြင်းဖြူတို့သည် မြင်းနက်နောက်သို့ လိုက်ကြ၏။ မြင်းကျားတို့သည် တောင်ပြည်သို့ သွားကြ၏ဟု ဆို၏။
နေဂေ့အရပ်ရှိ တိရစ္ဆာန်များနှင့်ဆိုင်သောဗျာဒိတ်တော်ကား သူတို့သည် မိမိတို့ဥစ္စာပစ္စည်းများကို မြည်းတို့၏ကျောပေါ်၊ မိမိတို့၏ဥစ္စာဘဏ္ဍာများကို ကုလားအုတ်တို့၏ဘို့ပေါ်တင်၍ ဆင်းရဲဒုက္ခနှင့်ဘေးဥပဒ်၊ ခြင်္သေ့မနှင့်ခြင်္သေ့ပျို၊ အဆိပ်ပြင်းသောမြွေပွေးနှင့် ပျံသန်းတတ်သောမီးမြွေရှိရာအရပ်ကို ဖြတ်သန်းပြီး အကျိုးမပြုသောလူမျိုးထံ သယ်ဆောင်သွားကြ၏။
မြောက်အရပ်အား ‘ပေးလော့’၊ တောင်အရပ်အား ‘မထိန်းချုပ်ထားနှင့်’ဟု ငါဆိုမည်။ ဝေးသောအရပ်မှ ငါ့သားများနှင့် မြေကြီးစွန်းမှ ငါ့သမီးများကို ခေါ်ဆောင်ခဲ့လော့။
ကြည့်ရှုလော့။ မြောက်အရပ်မှ လူမျိုးအပေါင်းတို့နှင့်တကွ ငါ့အစေအပါး ဘေဘီလုံဘုရင်နေဗုခဒ်နေဇာကို ဆင့်ခေါ်ပြီး ဤပြည်နှင့်ပြည်သူပြည်သားများမှစ၍ ပတ်ပတ်လည်ရှိတိုင်းနိုင်ငံအားလုံးကို ဝင်ရောက်တိုက်ခိုက်ရန် ငါစေလွှတ်မည်။ ငါသည် သူတို့ကို လုံးလုံးဖျက်ဆီးမည်။ ထိတ်လန့်စရာ၊ ကဲ့ရဲ့ပြစ်တင်စရာ၊ ထာဝရပျက်စီးရာ ဖြစ်စေမည်’ဟု မိန့်တော်မူ၏။
ဇိအုန်တောင်ရှိရာဘက်သို့ အချက်ပြအလံကို လွှင့်ပြလော့။ လုံခြုံရာသို့ပြေးကြလော့။ ရပ်မနေကြနှင့်။ အကြောင်းမူကား ငါသည် ပျက်စီးခြင်းဘေးအန္တရာယ်ကြီးကို မြောက်အရပ်မှ ရောက်လာစေမည်”ဟု မိန့်တော်မူ၏။
ထိုနေ့ရက်သည် ရန်သူတို့ကို ကောင်းကင်ဗိုလ်ခြေအရှင် ဘုရားရှင်ထာဝရဘုရား လက်တုံ့ပြန်ရာနေ့ဖြစ်၏။ ဓားသည် ရန်သူတို့ကို ကျေနပ်သည်အထိ ဝါးမျိုမည်။ သူတို့သွေးကို သောက်မည်။ မြောက်ဘက်အရပ်၊ ယူဖရေးတီးမြစ်နား၌ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားအဖို့ ယဇ်ပူဇော်ပွဲကျင်းပလိမ့်မည်။
မိုးကောင်းကင်အောက်၊ မြေကြီးပေါ်ရှိရှိသမျှတို့သည် ဘေဘီလုံမြို့ကြောင့် အားရဝမ်းမြောက်စွာသီချင်းဆိုကြလိမ့်မည်။ အဖျက်သမားသည် မြောက်အရပ်မှလာ၍ ထိုမြို့ကို တိုက်ခိုက်လိမ့်မည်”ဟု မိန့်တော်မူ၏။
အို ဗင်္ယာမိန်အမျိုးသားတို့၊ ဂျေရုဆလင်မြို့မှထွက်၍ လုံခြုံရာသို့ပြေးကြလော့။ တေကောရွာ၌ တံပိုးမှုတ်ကြလော့။ ဗေသက္ကရင်ရွာ၌ အချက်ပြမီးကို မြှောက်ပြကြလော့။ ပျက်စီးခြင်းဘေးအန္တရာယ်ကြီးသည် မြောက်ဘက်အရပ်မှ ထွက်ပေါ်လာပြီ။
ငါကြည့်လိုက်သော် မြောက်ဘက်အရပ်မှ လေပြင်းမုန်တိုင်း လာနေသည်ကို မြင်ရ၏။ ထိုလေပြင်းမုန်တိုင်းတွင် မီးတောက်မီးလျှံဖြင့်လင်းလက်နေသော တိမ်တိုက်ကြီးပါလာ၍ တိမ်တိုက်ကြီးပတ်ပတ်လည်တွင် ထွန်းလင်းတောက်ပလျက်ရှိ၏။ မီးတောက်မီးလျှံအလယ်တွင် အရောင်တောက်နေသော ကြေးဝါကဲ့သို့သောအရာတစ်ခုလည်းပါ၏။
နောက်ဆုံးကာလတွင် တောင်ဘုရင်သည် သူ့ကို တွန်းလှန်တိုက်ခိုက်လိမ့်မည်။ မြောက်ဘုရင်သည်လည်း စစ်ရထားများ၊ မြင်းစီးသူရဲများ၊ သင်္ဘောများဖြင့် မုန်တိုင်းတိုက်သကဲ့သို့ ချီလာ၍ တိုင်းပြည်များကို ဝင်ရောက်လွှမ်းမိုးတိုက်ခိုက်သွားလိမ့်မည်။
ထို့နောက်မှ မြောက်ဘုရင်သည် တောင်ဘုရင်၏နိုင်ငံသို့ စစ်ချီလာသော်လည်း မိမိပြည်သို့ ပြန်ဆုတ်သွားရလိမ့်မည်။
သိုးသငယ်တော်သည် တတိယတံဆိပ်ကိုဖွင့်သောအခါ တတိယသတ္တဝါက “လာလော့”ဟု ဆိုသည်ကို ငါကြားရ၏။ ထိုအခါ ငါကြည့်လိုက်ရာ မြင်းနက်တစ်ကောင်ရှိ၍ ထိုမြင်းပေါ်တွင်စီးသောသူသည် မိမိလက်၌ ချိန်ခွင်ကို ကိုင်ထား၏။