ကိုယ်ရံတော်မှူးသည် ယဇ်ပုရောဟိတ်မင်းစရာယ၊ လက်ထောက်ယဇ်ပုရောဟိတ်ဇေဖနိနှင့် တံခါးစောင့်သုံးယောက်တို့ကို ခေါ်ဆောင်သွား၏။
ဇာခရိ 6:14 - မြန်မာ့စံမီသမ္မာကျမ်း ထိုသရဖူသည် ဟေလင်၊ တောဘိယ၊ ယေဒါယနှင့် ဇေဖနိ၏သားဟင် တို့အဖို့ ထာဝရဘုရား၏ဗိမာန်တော်၌ အမှတ်ရစရာအဖြစ် ရှိနေလိမ့်မည်။ Common Language Bible ထိုသရဖူသည်လည်းထာဝရဘုရား၏ ဗိမာန်တော်တွင်ဟေလဒဲ၊ တောဘိယ၊ ယေ ဒါယနှင့်ယောရှိတို့အား ဂုဏ်ပြုချီးမြှင့် ရာအထိမ်းအမှတ်လက္ခဏာတစ်ရပ်ဖြစ် လိမ့်မည်'' ဟုမိန့်တော်မူ၏။ Garrad Bible ထို တ မာ ရွက် ဗောင်း ကို၊ ဟေ လ ဒဲ၊ တော ဘိ ယ၊ ယေ ဒါ ယ နှင့် ဇေ ဖ နိ သား ယော ရှိ တို့ ကောင်း မှု အ ဖြစ်၊ ငါ ထာ ဝ ရ ဘု ရား ဗိမာန် တော် တွင် တည် ထား ရ မည်။ Judson Bible ထိုသရဖူသည် ဟေလင်၊ တောဘိယ၊ ယေဒါယ၊ ဇေဖနိ၏သား ဟင်တို့အဖို့၊ ထာဝရဘုရား၏ ဗိမာန်တော်၌ သက်သေဖြစ်ရမည်။ |
ကိုယ်ရံတော်မှူးသည် ယဇ်ပုရောဟိတ်မင်းစရာယ၊ လက်ထောက်ယဇ်ပုရောဟိတ်ဇေဖနိနှင့် တံခါးစောင့်သုံးယောက်တို့ကို ခေါ်ဆောင်သွား၏။
ဤနေ့သည် သင်တို့အတွက် အောက်မေ့ဖွယ်နေ့ဖြစ်၏။ ဤနေ့တွင် ထာဝရဘုရားအဖို့ ပွဲတော်ကျင်းပရမည်။ ထိုပွဲတော်ကို အစဉ်အမြဲလိုက်နာရမည့်ပြဋ္ဌာန်းချက်အဖြစ် သင်တို့၏မျိုးဆက်အစဉ်အဆက် ကျင်းပရမည်။
ထိုကျောက်နှစ်လုံးကို အစ္စရေးအမျိုးသားတို့အတွက် အောက်မေ့ဖွယ်ကျောက်အဖြစ် ဧဖုဒ်၏ပခုံးသိုင်းကြိုးအပေါ်၌ တပ်ရမည်။ ထာဝရဘုရားရှေ့တော်၌ အောက်မေ့ဖွယ်အဖြစ် သူတို့၏အမည်ကို အာရုန်သည် သူ၏ပခုံးနှစ်ဖက်၌ ဆောင်ရမည်။
အာရုန်သည် သန့်ရှင်းရာဌာနတော်ထဲသို့ဝင်သောအခါ အစ္စရေး၏သားတို့၏အမည်များပါသည့် တရားစီရင်ခြင်းဆိုင်ရာရင်ခံပြားကို ထာဝရဘုရားရှေ့တော်၌ အစဉ်အောက်မေ့ဖွယ်အဖြစ် မိမိ၏နှလုံးပေါ်တွင် ဆောင်ထားရမည်။
“ဘေဘီလုံမြို့သို့ သုံ့ပန်းပါသွားရာမှ ပြန်လာကြသော ဟေလဒဲ၊ တောဘိယနှင့် ယေဒါယတို့ထံမှ လှူဖွယ်ဝတ္ထုတို့ကိုယူ၍ တစ်နေ့ချင်းတွင် ဇေဖနိ၏သားယောရှိအိမ်သို့သွားလော့။
ရွှေငွေတို့ကိုယူ၍ သရဖူပြုလုပ်ပြီး ယောဇဒက်၏သား ယဇ်ပုရောဟိတ်မင်းယောရှု၏ခေါင်းပေါ်တွင် ဆောင်းပေးလော့။
ဤသည်ကား ကောရနှင့်သူ၏အပေါင်းပါတို့ကဲ့သို့မဖြစ်မည့်အကြောင်း ထာဝရဘုရားရှေ့တော်၌ နံ့သာပေါင်းမီးရှို့ဖို့ အာရုန်၏သားစဉ်မြေးဆက်မဟုတ်သည့်သာမန်လူတစ်စုံတစ်ယောက်မျှမချဉ်းကပ်မိစေရန် အစ္စရေးအမျိုးသားတို့ အမှတ်ရစရာဖြစ်၏။
မောရှေနှင့် ယဇ်ပုရောဟိတ်ဧလာဇာတို့သည် ထောင်တပ်မှူး၊ ရာတပ်မှူးတို့ထံမှ ရွှေကိုခံယူ၍ ထာဝရဘုရားရှေ့တော်၌ အစ္စရေးအမျိုးသားတို့အတွက် အောက်မေ့ဖွယ်အဖြစ် တွေ့ဆုံစည်းဝေးရာတဲတော်ထဲသို့ သွင်းထားကြ၏။
သင်တို့အား ငါအမှန်ဆိုမည်။ ကမ္ဘာတစ်ဝန်းလုံးတွင် ကောင်းမြတ်သောသတင်းကို ဟောပြောသည့်နေရာတိုင်း၌ ဤအမျိုးသမီးပြုခဲ့သောအမှုအရာကိုလည်း သူ၏အမှတ်တရအဖြစ် ပြောကြားကြလိမ့်မည်”ဟု မိန့်တော်မူ၏။
သင်တို့အား ငါအမှန်ဆိုမည်။ ကမ္ဘာတစ်ဝန်းလုံးတွင် ကောင်းမြတ်သောသတင်းကို ဟောပြောသည့်နေရာတိုင်း၌ ဤအမျိုးသမီးပြုခဲ့သောအမှုအရာကိုလည်း သူ၏အမှတ်တရအဖြစ် ပြောကြားကြလိမ့်မည်”ဟု မိန့်တော်မူ၏။
ထိုကောင်းကင်တမန်ကို စေ့စေ့ကြည့်ရင်း သူသည် ကြောက်လန့်၍ “သခင်ဘုရား၊ မည်သည့်အကြောင်းအရာရှိပါသနည်း”ဟု မေးလေ၏။ ကောင်းကင်တမန်ကလည်း “သင်၏ဆုတောင်းခြင်းနှင့်ပေးကမ်းစွန့်ကြဲခြင်းတို့သည် အမှတ်ရစရာအဖြစ် ဘုရားသခင်၏ရှေ့တော်သို့ရောက်လေပြီ။
သင်တို့ကလည်း ဂျော်ဒန်မြစ်ရေသည် ထာဝရဘုရား၏ပဋိညာဉ်သေတ္တာတော်ရှေ့၌ ရပ်တန့်ခဲ့၏။ သေတ္တာတော်နှင့် ဂျော်ဒန်မြစ်ကိုကူးသောအခါ ဂျော်ဒန်မြစ်ရေသည် ရပ်တန့်ခဲ့၏။ ဤကျောက်တုံးတို့သည် ဤအဖြစ်ကို အစ္စရေးအမျိုးသားတို့ အစဉ်အမှတ်ရစေရန်အတွက်ဖြစ်သည်ဟု သူတို့အား ပြောပြရမည်”ဟု ဆိုလေ၏။
ထို့ကြောင့် အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားက ‘သင့်အမျိုးအနွယ်နှင့်သင့်ဘိုးဘေး၏အမျိုးအနွယ်သည် ငါ့ရှေ့၌ အစဉ်ဝင်ထွက်သွားလာရမည်’ဟူ၍ ငါအမှန်ဆိုခဲ့၏။ ယခုမှာ ထာဝရဘုရားက ‘ထိုမိန့်ဆိုချက်သည် ငါနှင့်ဝေးပါစေ။ ငါ့ကိုဂုဏ်ပြုချီးမြှောက်သောသူကို ငါဂုဏ်ပြုချီးမြှောက်မည်။ ငါ့ကိုမထီမဲ့မြင်ပြုသောသူတို့သည် မထီမဲ့မြင်ပြုခြင်းခံရမည်။