ထိုအခါ ရှာလသေလ၏သား ဇေရုဗဗေလနှင့် ယောဇဒက်၏သားယေရွှာတို့သည် ဂျေရုဆလင်မြို့ရှိ ဘုရားသခင်၏အိမ်တော်တည်ဆောက်ခြင်းအမှုကို ပြန်လည်အစပြုကြလေ၏။ ဘုရားသခင်၏ပရောဖက်တို့သည်လည်း သူတို့နှင့်အတူပါရှိပြီး ကူညီကြ၏။
ဇာခရိ 4:4 - မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် ငါနှင့်စကားပြောသောကောင်းကင်တမန်အား ငါက “အကျွန်ုပ်၏သခင်၊ ဤအရာများကား မည်သို့ ဆိုလိုပါသနည်း”ဟု မေးလျှောက်လျှင် Common Language Bible ထိုနောက်ငါသည်ကောင်းကင်တမန်အား၊ အရှင် ဤအရာတို့သည်အဘယ်အဖြစ်အပျက် များကိုသရုပ်ဆောင်ပါသနည်း'' ဟုမေး၏။ Garrad Bible ငါ နှင့် မြွက် ဆို သော စေ တ မန် တော် အား၊ အို အ ရှင် ဘု ရား၊ ဤ အ ရာ ကား၊ မည် သို့ ပါ နည်း ဟု ဆက် လက် မေး ပြန် သော်၊ Judson Bible ငါနှင့်ပြောဆိုသော ကောင်းကင်တမန်အား၊ အကျွန်ုပ်သခင်၊ ဤအရာတို့ကား အဘယ်အရာဖြစ်သနည်းဟု မေးသော်၊ |
ထိုအခါ ရှာလသေလ၏သား ဇေရုဗဗေလနှင့် ယောဇဒက်၏သားယေရွှာတို့သည် ဂျေရုဆလင်မြို့ရှိ ဘုရားသခင်၏အိမ်တော်တည်ဆောက်ခြင်းအမှုကို ပြန်လည်အစပြုကြလေ၏။ ဘုရားသခင်၏ပရောဖက်တို့သည်လည်း သူတို့နှင့်အတူပါရှိပြီး ကူညီကြ၏။
ထိုစကားတို့ကိုကြားရသော်လည်း ငါနားမလည်။ ထို့ကြောင့် ငါက “အကျွန်ုပ်၏သခင်၊ ဤအံ့ဖွယ်အမှုတို့၏အဆုံး၌ မည်သို့ဖြစ်မည်နည်း”ဟု သူ့အား မေးလျှောက်၏။
ထို့ကြောင့် ငါနှင့်စကားပြောနေသောကောင်းကင်တမန်အား “ဤအရာများကား မည်သို့ ဆိုလိုသနည်း”ဟု မေးလျှောက်လျှင် သူက “ဤချိုများကား ယုဒလူမျိုး၊ အစ္စရေးလူမျိုးနှင့် ဂျေရုဆလင်မြို့တို့ကို ကွဲလွင့်စေသောချိုများဖြစ်သည်”ဟု ငါ့အား ပြောပြ၏။
ငါကလည်း “သခင်၊ အကျွန်ုပ်မြင်ရသောဤအရာများကား မည်သို့ ဆိုလိုသနည်း”ဟု မေးလျှောက်လျှင် ငါနှင့်စကားပြောနေသောကောင်းကင်တမန်က “ဤအရာများ မည်သို့ဆိုလိုသည်ကို သင့်အား ငါပြမည်”ဟု မိန့်ဆိုပြီးလျှင်
ငါနှင့်စကားပြောသောကောင်းကင်တမန်က “ဤအရာများ မည်သို့ ဆိုလိုသည်ကို သင် မသိသလော”ဟု ပြန်မေး၏။ ငါကလည်း “အကျွန်ုပ်၏သခင်၊ အကျွန်ုပ်မသိပါ”ဟု ပြန်လျှောက်၏။
ငါကလည်း “ထိုအရာကား မည်သို့ ဆိုလိုသနည်း”ဟု မေးလျှောက်သော် သူက “လွင့်မျောနေသောဧဖာဖြစ်၍ တစ်ပြည်လုံးကျူးလွန်သောအပြစ်ကို ပုံဖော်၏”ဟု ဆိုလေ၏။
ထိုအခါ ငါနှင့်စကားပြောနေသောကောင်းကင်တမန်အား ငါက “အကျွန်ုပ်၏သခင်၊ ဤအရာများကား မည်သို့ ဆိုလိုသနည်း”ဟု မေးလျှောက်လျှင်
ထို့နောက် ကိုယ်တော်သည် လူထုပရိသတ်တို့ကိုထားခဲ့၍ အိမ်ထဲသို့ဝင်တော်မူလျှင် တပည့်တော်တို့သည် အထံတော်သို့ချဉ်းကပ်လာ၍ “စိုက်ခင်းထဲမှ မြက်သီးပင်များပုံဥပမာကို အကျွန်ုပ်တို့အားရှင်းပြတော်မူပါ”ဟု လျှောက်ကြ၏။