ဖြောင့်မှန်သောသူအတွက် အမှောင်ထဲတွင် အလင်းပေါ်ထွန်းတတ်၏။ သူသည် ကျေးဇူးပြုတတ်သောသဘော၊ သနားစုံမက်တတ်သောသဘော၊ ဖြောင့်မတ်သောသဘောရှိ၏။
ဇာခရိ 14:6 - မြန်မာ့စံမီသမ္မာကျမ်း ထိုနေ့ရက်တွင် အလင်းရောင်မရှိ။ အလင်းသည် အမှောင်ဖြစ်လိမ့်မည်။ Common Language Bible ထိုအချိန်ကာလကျရောက်လာသောအခါ ချမ်းဧမှု သို့မဟုတ်ဆီးနှင်းများကျမှု ရှိတော့မည်မဟုတ်။- Garrad Bible ထို နေ့ ရက် တော် အ လင်း သည်၊ နေ့ အ ချိန်၊ ညဉ့် အ ချိန် မ ပြောင်း ဘဲ၊ တောက် ပ ခြင်း၊ မှောင် ကျ ခြင်း ကင်း လျက်၊ ထာ ဝ ရ ဘု ရား သိ မှတ် တော် မူ သော တ ရက် တည်း ဖြစ် သည့် အ တိုင်း၊ ညဉ့် ဦး ယံ အ ချိန်၌ ပင် လင်း အံ့ သေး၏။ Judson Bible ထိုနေ့ရက်၌ အလင်းမရှိ၊ မြတ်သောအရာတို့သည် ယုတ်လျော့လိမ့်မည်။ |
ဖြောင့်မှန်သောသူအတွက် အမှောင်ထဲတွင် အလင်းပေါ်ထွန်းတတ်၏။ သူသည် ကျေးဇူးပြုတတ်သောသဘော၊ သနားစုံမက်တတ်သောသဘော၊ ဖြောင့်မတ်သောသဘောရှိ၏။
ကောင်းကင်ကြယ်၊ ကောင်းကင်ကြယ်စုတို့သည် အလင်းကိုမပေး။ နေထွက်ချိန်၌ မှောင်မည်းနေမည်။ လသည်လည်း အလင်းကိုမပေး။
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် ဇိအုန်တောင်ပေါ် ဂျေရုဆလင်မြို့၌စိုးစံလျက် မိမိ၏သက်ကြီးဝါကြီးများရှေ့တွင် ဘုန်းအသရေထွန်းတောက်တော်မူမည်ဖြစ်၍ လသည် မျက်နှာပျက်၍ နေသည်လည်း အရှက်ကွဲလိမ့်မည်။
သင်တို့တွင် မည်သူသည် ထာဝရဘုရားကိုကြောက်ရွံ့သနည်း။ မည်သူသည် ကိုယ်တော့်အစေအပါး၏စကားကို နားထောင်သနည်း။ မည်သူသည် အလင်းမရှိဘဲ အမှောင်ထုထဲ၌ သွားလာသနည်း။ သူသည် ထာဝရဘုရား၏နာမတော်၌ ယုံကြည်ကိုးစားပါစေ။ ဘုရားသခင်၌ ကိုးစားပါစေ။
ငါသည် မြေကြီးကိုကြည့်လိုက်သော် ၎င်းသည် အသွင်သဏ္ဌာန်မရှိ၊ လဟာသက်သက်ဖြစ်၏။ မိုးကောင်းကင်သည်လည်း အလင်းမရှိ။
သင့်ဘဝကို နိဂုံးချုပ်စေသောအချိန်တွင် မိုးကောင်းကင်ကို ဖုံးထားမည်။ ကြယ်တို့ကိုလည်း အမှောင်ကျစေမည်။ နေကို တိမ်ဖြင့်ကာထားမည်။ လသည် အလင်းရောင်ကို ပေးမည်မဟုတ်။
မိုးကောင်းကင်ရှိအလင်းအိမ်ကို မှောင်မည်းစေမည်။ သင့်ပြည်ကို အမှောင်ဖုံးလွှမ်းစေမည်’ဟု ဘုရားရှင်ထာဝရဘုရားမိန့်တော်မူ၏။
ထာဝရဘုရားအား သိကျွမ်းဖို့ ကြိုးစားအားထုတ်ကြကုန်စို့။ ကိုယ်တော်သည် အရုဏ်ဦးအလင်းကဲ့သို့ ထွက်ပေါ်လာမည်။ မြေပေါ်သို့ရွာချသော မိုးဦး၊ မိုးနှောင်းကဲ့သို့ ရောက်လာမည်။
ထိုနေ့သည် အမှောင်တကာ့အမှောင်နေ့၊ မိုးအုံ့၍အမှောင်ကျသောနေ့ ဖြစ်၏။ တောင်ပေါ်တွင် အရုဏ်ဦးအလင်းဖြာကျသကဲ့သို့ အင်အားကြီးသောလူမျိုးကြီးတစ်မျိုး ပေါ်လာမည်။ ဤအဖြစ်မျိုးသည် ရှေးကလည်း မဖြစ်ဖူး။ နောင်ကာလမျိုးဆက်အစဉ်အဆက်တွင်လည်း ဖြစ်လိမ့်မည်မဟုတ်။
မိုးကောင်းကင်နှင့် မြေကြီးပေါ်တွင် အံ့ဖွယ်သောအမှုတို့ကို ငါပြဦးမည်။ သွေး၊ မီးနှင့် မီးခိုးတိုင်တို့ ဖြစ်ပေါ်မည်။
ကြောက်မက်ဖွယ်ကောင်းသော ထာဝရဘုရား၏နေ့ရက်ကြီးမရောက်မီ နေသည် မှောင်မိုက်၍ လသည် သွေးဖြစ်လိမ့်မည်။
ထိုအလင်းသည် မှောင်မိုက်၌ထွန်းလင်း၍ မှောင်မိုက်သည် သူ့ကိုမလွှမ်းမိုးနိုင်။
ငါ့ကိုယုံကြည်သောသူတိုင်း မှောင်မိုက်ထဲ၌မနေရစေရန် ငါသည် အလင်းအဖြစ် ဤလောကသို့ကြွလာပြီ။
အထက်ကောင်းကင်၌ အံ့သြဖွယ်ရာများကိုလည်းကောင်း၊ အောက်မြေကြီးပေါ်၌ သွေး၊ မီးလျှံနှင့် မီးခိုးငွေ့တည်းဟူသော နိမိတ်လက္ခဏာများကိုလည်းကောင်း ငါပြမည်။
သင်တို့ကို အလင်းထဲ၌ရှိသော သန့်ရှင်းသူများ၏ဝေစု၌ပါဝင်ရန် ထိုက်တန်သူဖြစ်စေတော်မူသောခမည်းတော်ကို ဝမ်းမြောက်သောစိတ်နှင့် ကျေးဇူးတင်ကြမည့်အကြောင်း တောင်းလျှောက်ကြ၏။
ထို့ပြင် ငါတို့၌ ပို၍ခိုင်လုံသော ပရောဖက်တို့၏စကားလည်းရှိ၏။ သင်တို့၏စိတ်နှလုံးထဲ၌ အရုဏ်တက်၍ မိုးသောက်ကြယ်ပေါ်ထွက်လာသည့်တိုင်အောင် သင်တို့သည် ထိုစကားကို မှောင်သောအရပ်၌ထွန်းလင်းနေသည့်ဆီမီးသဖွယ် ကောင်းစွာအာရုံစိုက်သင့်၏။
သတ္တမကောင်းကင်တမန်သည် တံပိုးခရာကိုမှုတ်လိုက်သောအခါ ကောင်းကင်၌ ကျယ်လောင်သောအသံဖြစ်ပေါ်လျက် “ကမ္ဘာ့နိုင်ငံသည် ငါတို့၏ထာဝရအရှင်နှင့် ကိုယ်တော်၏ခရစ်တော်ပိုင်ဆိုင်တော်မူရာဖြစ်လေပြီ။ ကိုယ်တော်သည်လည်း ကမ္ဘာအဆက်ဆက်စိုးစံတော်မူလိမ့်မည်”ဟု ဆို၏။
ထိုအခါ ငါသည် ငါ၏သက်သေနှစ်ပါးတို့အား အခွင့်ပေးသဖြင့် သူတို့သည် လျှော်တေအဝတ်ကိုဝတ်လျက် ရက်ပေါင်းတစ်ထောင့်နှစ်ရာခြောက်ဆယ်တိုင်တိုင် ပရောဖက်ပြုဟောပြောကြလိမ့်မည်”ဟု ဆို၏။