ကိုယ်တော်၏လူမျိုးတော်အစ္စရေးကို ကိုယ်တော့်အဖို့ ထာဝရပိုင်ဆိုင်ရာလူမျိုးတော်အဖြစ် တည်စေတော်မူပါပြီ။ အို ထာဝရဘုရား၊ ကိုယ်တော်သည် သူတို့၏ဘုရားသခင် ဖြစ်တော်မူပါပြီ။
ဇာခရိ 13:9 - မြန်မာ့စံမီသမ္မာကျမ်း ငါသည် ထိုသုံးပုံတစ်ပုံကို မီးထဲသို့ထည့်၍ ငွေကိုသန့်စင်သကဲ့သို့ သန့်စင်မည်။ ရွှေကိုစစ်သကဲ့သို့ စစ်မည်။ သူတို့သည် ငါ့နာမကိုခေါ်သောအခါ ငါထူးမည်။ ‘သူတို့သည် ငါ့လူမျိုးတော်ဖြစ်ကြ၏’ဟု ငါဆိုမည်။ သူတို့ကလည်း ‘ထာဝရဘုရားသည် အကျွန်ုပ်တို့၏ဘုရားသခင်ဖြစ်တော်မူ၏’ဟူ၍ လျှောက်ဆိုကြလိမ့်မည်”ဟု မိန့်တော်မူ၏။ Common Language Bible ``ထိုနောက်ငါသည်ငွေကိုမီးနှင့်ချွတ်သကဲ့ သို့ အသက်မသေဘဲကျန်ရှိနေသူသုံးပုံ တစ်ပုံကိုသန့်စင်စေမည်။ သူတို့၏အကဲကို စမ်း၍ကြည့်မည်။ ငါသည်ရွှေကိုစမ်းသပ်၍ ကြည့်သကဲ့သို့သူတို့ကိုစမ်းသပ်ကြည့်မည်။ ထိုအခါသူတို့သည်ငါ့ထံသို့ဆုတောင်း ပတ္ထနာပြုကြလိမ့်မည်။ ငါသည်လည်းနား ညောင်းမည်။ သူတို့သည်ငါ၏လူမျိုးတော် ဖြစ်ကြောင်းသူတို့အားငါဖော်ပြမည်။ သူ တို့ကလည်းငါသည်မိမိတို့၏ဘုရားသခင်ဖြစ်တော်မူကြောင်းဝန်ခံကြလိမ့် မည်'' ဟုမိန့်တော်မူ၏။ Garrad Bible ငါ သည် ထို တစ် စု ကို မီး တွင် ချ ၍၊ ငွေ ကို ချွတ် သ ကဲ့ သို့ ချွတ် လျက်၊ ရွှေ ကို လှော် သ ကဲ့ သို့ လှော် သ ဖြင့်၊ နာ မ တော် အား ပ ဌ နာ ပြု သော ထို သူ တို့ ကို နား ညောင်း၍၊ ငါ့ လူ မျိုး တော် ဟု ခေါ် တွင် မည့် အ လျောက်၊ သူ တို့ က လည်း၊ ထာ ဝ ရ ဘု ရား သည် ငါ့ ဘု ရား သခင် ပေ တည်း ဟု ဝန် ခံ ကြ ရ လ တ္တံ့ ဟူ ၍ လည်း ကောင်း၊ ထာ ဝ ရ ဘု ရား မိန့် တော် မူ ၏။ Judson Bible ထိုတစ်စုကို မီးအလယ်သို့ ငါလျှောက်သွားစေမည်။ ငွေကို ချွတ်သကဲ့သို့ ချွတ်မည်။ ရွှေကို စုံစမ်းသကဲ့သို့ စုံစမ်းမည်။ သူတို့သည် ငါ့နာမကို ပတ္ထနာပြု၍ ငါနားထောင်မည်။ သူတို့ကို ငါ၏လူမျိုးဟူ၍ ငါခေါ်ဝေါ်မည်။ သူတို့ကလည်း၊ ထာဝရဘုရားသည် ငါတို့၏ဘုရားသခင်ဖြစ်တော်မူ၏ဟု ဝန်ခံကြလိမ့်မည်။ |
ကိုယ်တော်၏လူမျိုးတော်အစ္စရေးကို ကိုယ်တော့်အဖို့ ထာဝရပိုင်ဆိုင်ရာလူမျိုးတော်အဖြစ် တည်စေတော်မူပါပြီ။ အို ထာဝရဘုရား၊ ကိုယ်တော်သည် သူတို့၏ဘုရားသခင် ဖြစ်တော်မူပါပြီ။
သို့သော် ကိုယ်တော်သည် ငါသွားရာလမ်းကို သိတော်မူ၏။ ကိုယ်တော်သည် ငါ့ကို စစ်ဆေးတော်မူပြီးမှ ငါသည် ရွှေကဲ့သို့ ပေါ်လာလိမ့်မည်။
ထိုသို့သောကောင်းချီးများကိုခံစားရသောလူမျိုးသည် မင်္ဂလာရှိ၏။ ထာဝရဘုရားကို မိမိ၏ဘုရားအဖြစ် ကိုးကွယ်သောလူမျိုးသည် မင်္ဂလာရှိ၏။
ထိုအခါ အကျွန်ုပ်သည် ဘုရားသခင်၏ယဇ်ပလ္လင်တော်သို့လည်းကောင်း၊ အကျွန်ုပ်၏ဝမ်းမြောက်ရွှင်လန်းခြင်းဖြစ်တော်မူသော ဘုရားထံသို့လည်းကောင်း သွားပါမည်။ အို ဘုရားသခင်၊ အကျွန်ုပ်၏ဘုရားသခင်၊ အကျွန်ုပ်သည် စောင်းတီး၍ ကိုယ်တော်ကို ချီးမွမ်းပါမည်။
ဆင်းရဲဒုက္ခရောက်သောကာလ၌ ငါ့ကိုခေါ်လော့။ ငါသည် သင့်ကိုကယ်မမည်။ သင်သည်လည်း ငါ့ကိုဂုဏ်ပြုချီးမွမ်းလိမ့်မည်။”
သူသည် ငါ့ကိုခေါ်သောအခါ သူ့ကိုငါထူးမည်။ ဆင်းရဲဒုက္ခရောက်သောအခါ သူနှင့်အတူငါရှိမည်။ ငါသည် သူ့ကိုကယ်မ၍ သူ့ကိုဂုဏ်ပြုမည်။
ငွေကိုမိုက်ဖြင့်လည်းကောင်း၊ ရွှေကိုမီးပြင်းဖိုဖြင့်လည်းကောင်း စစ်တတ်၏။ စိတ်နှလုံးကိုကား ထာဝရဘုရားစစ်ဆေးတော်မူ၏။
“အကျွန်ုပ်ချစ်သူကို အကျွန်ုပ်ပိုင်ပါ၏။ အကျွန်ုပ်ကိုလည်း အကျွန်ုပ်ချစ်သူ ပိုင်ပါ၏။ သူသည် နှင်းပန်းတောတွင် သိုးထိန်းလေ့ရှိ၏။
သင်သည် ရေကိုဖြတ်ကူးသောအခါ သင်နှင့်အတူငါရှိမည်။ မြစ်ကိုဖြတ်ကူးသောအခါ သင့်ကို ရေလွှမ်းမည်မဟုတ်။ မီးထဲလျှောက်သောအခါ သင့်ကိုမီးလောင်မည်မဟုတ်။ မီးလျှံသည် သင့်ကို ဟပ်မည်မဟုတ်။
ကြည့်ရှုလော့။ ငါသည် သင့်ကိုသန့်စင်စေခဲ့ပြီ။ သို့သော် ငွေကဲ့သို့မဟုတ်။ ဆင်းရဲဒုက္ခတည်းဟူသောမီးပြင်းဖိုထဲ၌ သင့်ကို ငါစမ်းသပ်၏။
သင်ခေါ်သောအခါ ထာဝရဘုရား ထူးတော်မူမည်။ အကူအညီအော်ဟစ်တောင်းခံသောအခါ “ငါရှိ၏”ဟု မိန့်တော်မူမည်။ သင်သည် သူတစ်ပါးကိုလက်ညှိုးထိုးခြင်း၊ ယုတ်ညံ့သောစကားပြောဆိုခြင်းဟူသော သင့်တွင်ရှိသောထမ်းပိုးကို ဖယ်ရှား၍
“အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားက ‘ယုဒပြည်မှ ခါလဒဲပြည်သို့ ငါပို့လိုက်သော၊ ယုဒပြည်မှ ဖမ်းခေါ်သွားခြင်းခံရသောသူတို့သည် ဤကောင်းသောသဖန်းသီးများကဲ့သို့ ဖြစ်ကြ၏။ သူတို့ကို ကောင်းသောသူများအဖြစ် ငါမှတ်ယူမည်။
သင်တို့သည် ငါ၏လူမျိုးတော်ဖြစ်မည်။ ငါသည်လည်း သင်တို့၏ဘုရားဖြစ်မည်”ဟု မိန့်တော်မူ၏။
ထာဝရဘုရားက “ထိုကာလပြီးနောက် အစ္စရေးလူမျိုးတို့နှင့် ငါဖွဲ့မည့်ပဋိညာဉ်သစ်ကား ဤသို့ဖြစ်၏။ သူတို့၏စိတ်နှလုံးထဲသို့ ငါ၏ပညတ်တရားကို သွင်းပေးမည်။ သူတို့၏နှလုံးသားပေါ်တွင် ရေးထားမည်။ ငါသည် သူတို့၏ဘုရားဖြစ်မည်။ သူတို့သည်လည်း ငါ၏လူမျိုးတော်ဖြစ်မည်”ဟု မိန့်တော်မူ၏။
သင်သည် လိမ်လည်လှည့်ဖြားမှုအလယ်၌ နေထိုင်၏။ သူတို့သည် လိမ်လည်လှည့်ဖြားကြ၏။ ငါ့ကို အသိအမှတ်မပြုကြ”ဟု ထာဝရဘုရားမိန့်တော်မူ၏။
သို့ဖြစ်၍ သူတို့သည် ငါ၏ပြဋ္ဌာန်းချက်တို့ကိုလိုက်လျှောက်၍ ငါ၏စီရင်ထုံးဖွဲ့ချက်ကို လိုက်နာစောင့်ထိန်းကြလိမ့်မည်။ သူတို့သည် ငါ၏လူမျိုးတော်ဖြစ်မည်။ ငါသည်လည်း သူတို့၏ဘုရားဖြစ်မည်။
သို့မှ အစ္စရေးအမျိုးအနွယ်သည် ငါ့ထံမှလမ်းလွဲတော့မည်မဟုတ်။ အပြစ်ကျူးလွန်ခြင်းဖြင့် ကိုယ်ကိုညစ်ညူးစေတော့မည်မဟုတ်။ သူတို့သည် ငါ၏လူမျိုးတော်ဖြစ်မည်။ ငါသည်လည်း သူတို့၏ဘုရားဖြစ်မည်ဟု မိန့်တော်မူ၏’ဟူ၍ ဆင့်ဆိုလော့”ဟု မိန့်ဆို၏။
ငါ့ကို ပုန်ကန်သောသူ၊ ပြစ်မှားသောသူတို့ကို ငါသုတ်သင်ပစ်မည်။ သူတို့ကို တည်းခိုနေထိုင်ရသောပြည်မှထုတ်ဆောင်လာမည်ဖြစ်သော်လည်း အစ္စရေးပြည်ထဲသို့ သူတို့ဝင်ရမည်မဟုတ်။ သို့မှ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သင်တို့သိရမည်’ဟု မိန့်တော်မူ၏။
သင်တို့၏ဘိုးဘေးတို့အား ငါပေးခဲ့သောပြည်၌ သင်တို့အသက်ရှင်နေထိုင်ကြရမည်။ သင်တို့သည် ငါ၏လူမျိုးတော်ဖြစ်မည်။ ငါသည်လည်း သင်တို့၏ဘုရားသခင်ဖြစ်မည်။
ငါ၏ကိန်းဝပ်တော်မူရာတဲတော်သည်လည်း သူတို့နှင့်အတူရှိမည်။ ငါသည် သူတို့၏ဘုရားသခင်ဖြစ်မည်။ သူတို့သည်လည်း ငါ၏လူမျိုးတော်ဖြစ်မည်။
သတ်မှတ်ထားသောကာလ မရောက်သေးသည်ဖြစ်၍ ပညာရှိအချို့တို့သည် အပြစ်ကင်းစင်ပြီး သန့်ရှင်းစင်ကြယ်ဖို့ နောက်ဆုံးသောကာလအထိ လှဲချခြင်းခံရလိမ့်မည်။
လူအများတို့သည် သန့်ရှင်း၍ အပြစ်ကင်းစင်အောင် စစ်ကြောခြင်းခံရကြလိမ့်မည်။ ဆိုးယုတ်သောသူတို့သည် ဆိုးယုတ်သောအမှုတို့ကိုသာ ပြုလိမ့်မည်။ ဆိုးယုတ်သူတစ်ယောက်မျှ သိနားလည်မည်မဟုတ်။ ပညာရှိသောသူတို့မူကား သိနားလည်ကြလိမ့်မည်။
ထာဝရဘုရား၏နာမတော်ကို ပတ္ထနာပြုသောသူအပေါင်းတို့သည် ကယ်တင်ခြင်းခံရကြလိမ့်မည်။ ထာဝရဘုရားမိန့်တော်မူသည့်အတိုင်း ဇိအုန်တောင်ပေါ်နှင့် ဂျေရုဆလင်မြို့တို့တွင် လွတ်မြောက်သောသူရှိလိမ့်မည်။ ထိုသူတို့သည် အသက်ရှင်ကျန်ရစ်သောသူများထဲမှ ထာဝရဘုရား ခေါ်တော်မူသောသူသာ ဖြစ်လိမ့်မည်။
ငါသည် သင်တို့အလယ်၌ သွားလာ၍ သင်တို့၏ဘုရားဖြစ်မည်။ သင်တို့သည်လည်း ငါ၏လူမျိုးတော်ဖြစ်မည်။
ငါသည် ယုဒအမျိုးအနွယ်ကို ခွန်အားနှင့်ပြည့်စေမည်။ ယောသပ်အမျိုးအနွယ်ကို ကယ်တင်မည်။ သူတို့ကိုသနားစုံမက်သောကြောင့် ပြန်လည်ခေါ်ဆောင်လာမည်။ သူတို့သည် ငါမစွန့်ပယ်ဖူးသောသူကဲ့သို့ ဖြစ်မည်။ ငါသည် သူတို့၏ဘုရားသခင်ထာဝရဘုရား ဖြစ်တော်မူသောကြောင့် သူတို့ကို ငါထူးမည်။
ငါသည် ဒါဝိဒ်အမျိုးအနွယ်မှစ၍ ဂျေရုဆလင်မြို့သူမြို့သားတို့အား သနားကြင်နာတတ်သောစိတ်သဘော၊ ဆုတောင်းပတ္ထနာပြုတတ်သောစိတ်သဘောကို သွန်းလောင်းပေးမည်။ သူတို့သည် မိမိတို့ထိုးဖောက်ခဲ့သောငါ့ကို မြင်ရသောအခါ တစ်ဦးတည်းသောသားအတွက် မြည်တမ်းသကဲ့သို့ မြည်တမ်းရလိမ့်မည်၊ သားဦးအတွက် ခါးသီးစွာခံစားရသကဲ့သို့ ခါးသီးစွာခံစားရလိမ့်မည်။
သူတို့ကို ပြန်ခေါ်လာ၍ ဂျေရုဆလင်မြို့တွင် နေထိုင်စေပြီး သူတို့သည် ငါ၏လူမျိုးတော် ဖြစ်လိမ့်မည်။ ငါသည်လည်း သူတို့အဖို့ သစ္စာစောင့်သော၊ ဖြောင့်မတ်သောဘုရားသခင် ဖြစ်လိမ့်မည်’ဟု မိန့်တော်မူ၏။
ထိုအခါ ထာဝရဘုရား၏နာမတော်ကို ပတ္ထနာပြုသောသူအပေါင်းတို့သည် ကယ်တင်ခြင်းခံရကြလိမ့်မည်’ဟူ၍ ဖြစ်၏။
ထာဝရဘုရားက “ထိုနေ့ရက်များနောက်တွင် အစ္စရေးအမျိုးနှင့် ငါပြုမည့်ပဋိညာဉ်ကား ဤသို့တည်း။ ငါသည် ငါ၏ပညတ်တရားတို့ကို သူတို့၏အသိဉာဏ်ထဲတွင် ထည့်သွင်း၍ သူတို့၏စိတ်နှလုံးပေါ်မှာ ရေးထားမည်။ ငါသည် သူတို့၏ဘုရားဖြစ်ပြီး သူတို့သည်လည်း ငါ၏လူမျိုးတော်ဖြစ်ကြလိမ့်မည်။
စုံစမ်းနှောင့်ယှက်ခြင်းကိုသည်းခံသောသူသည် မင်္ဂလာရှိ၏။ အကြောင်းမူကား စုံစမ်းစစ်ဆေးခြင်းကိုအောင်မြင်သောအခါ ကိုယ်တော်ကိုချစ်သောသူတို့အား ကတိထားတော်မူသော အသက်သရဖူကို ရလိမ့်မည်။
ချစ်ရသောသူတို့၊ သင်တို့ကို စမ်းသပ်စစ်ဆေးရန် သင်တို့ထံကျရောက်လာသည့်ဒုက္ခမီးကို သင်တို့၌ ထူးဆန်းသောအရာဖြစ်ပျက်လာသကဲ့သို့ အံ့ဩခြင်းမရှိဘဲ
အောင်မြင်သောသူသည် ဤအရာတို့ကို အမွေဆက်ခံရလိမ့်မည်။ ငါသည် သူ၏ဘုရားသခင်ဖြစ်မည်။ သူသည်လည်း ငါ၏သားဖြစ်လိမ့်မည်။
တတိယကောင်းကင်တမန်သည် တံပိုးခရာကိုမှုတ်လိုက်သောအခါ မီးရှူးသဖွယ်တောက်လောင်နေသော ကြယ်ကြီးတစ်လုံးသည် ကောင်းကင်မှကြွေကျ၍ မြစ်များ၏သုံးပုံတစ်ပုံအပေါ်နှင့် စမ်းရေတွင်းများအပေါ်သို့ ကျလေ၏။
ထိုကြယ်၏အမည်ကား ဒေါနဟူ၍ဖြစ်ပြီး ရေ၏သုံးပုံတစ်ပုံသည် ဒေါနကဲ့သို့ခါးသွား၏။ ရေခါးသဖြင့် ထိုရေကြောင့် များစွာသောလူတို့သည် သေကြ၏။
စတုတ္ထကောင်းကင်တမန်သည် တံပိုးခရာကိုမှုတ်လိုက်သောအခါ နေ၏သုံးပုံတစ်ပုံ၊ လ၏သုံးပုံတစ်ပုံ၊ ကြယ်များ၏သုံးပုံတစ်ပုံတို့သည် ထိပါးတိုက်ခိုက်ခြင်းခံရသဖြင့် ၎င်းတို့၏သုံးပုံတစ်ပုံသည် မှောင်မည်းသွားလေ၏။ နေ့၏သုံးပုံတစ်ပုံသည်လည်း အလင်းရောင်ကွယ်ပျောက်လျက် ညသည်လည်း ထိုနည်းတူဖြစ်၏။
ပထမကောင်းကင်တမန်သည် တံပိုးခရာကိုမှုတ်လိုက်သောအခါ သွေးနှင့်ရောနှောသော မိုးသီးနှင့်မီးတို့ဖြစ်ပေါ်လာ၍ မြေကြီးပေါ်သို့ပစ်ချခြင်းခံရ၏။ ထိုအခါ မြေကြီး၏သုံးပုံတစ်ပုံသည် လောင်ကျွမ်း၍ သစ်ပင်များ၏သုံးပုံတစ်ပုံနှင့် စိမ်းလန်းသောမြက်ပင်ရှိသမျှတို့သည်လည်း လောင်ကျွမ်းသွား၏။
ဒုတိယကောင်းကင်တမန်သည် တံပိုးခရာကိုမှုတ်လိုက်သောအခါ မီးတောက်လောင်နေသည့် ကြီးမားသောတောင်ကဲ့သို့သောအရာသည် ပင်လယ်ထဲသို့ပစ်ချခြင်းခံရ၏။ ထိုအခါ ပင်လယ်သုံးပုံတစ်ပုံသည် သွေးဖြစ်သွားသဖြင့်
ပင်လယ်၌ရှိသော သက်ရှိသတ္တဝါသုံးပုံတစ်ပုံသည် သေကြ၏။ သင်္ဘောများသုံးပုံတစ်ပုံသည်လည်း ဖျက်ဆီးခြင်းခံရကြ၏။