“ငါ့နာမဖြင့် မဟုတ်မမှန် ပရောဖက်ပြုဟောပြောသော ပရောဖက်တို့က ‘ငါအိပ်မက်ရပြီ၊ ငါအိပ်မက်ရပြီ’ဟု ပြောဆိုသည်ကို ငါကြားရပြီ။
ဇာခရိ 13:3 - မြန်မာ့စံမီသမ္မာကျမ်း တစ်စုံတစ်ဦးသည် ပရောဖက်ပြုဟောပြောနေသေးလျှင် သူ့ကိုဖြစ်ပွားစေသော သူ့မိဘတို့က ‘သင်သည် ထာဝရဘုရား၏နာမတော်ကို အမှီပြု၍ မဟုတ်မမှန်ဟောပြောသောကြောင့် အသက်ချမ်းသာရာရမည်မဟုတ်’ဟု ဆို၍ သူ့ကိုဖြစ်ပွားစေသောမိဘကိုယ်တိုင်က ထိုသူပရောဖက်ပြုဟောပြောသောအခါ သူ့ကို ထိုးသတ်လိမ့်မည်။ Common Language Bible ထိုနောက်ထာဝရဘုရားသခင်၏ဗျာဒိတ် တော်ကို ဆင့်ဆိုသူရှိနေသေးပါမူသူ၏ မိဘများသည် သူ့အား`သင်သည်ထာဝရ ဘုရား၏ဗျာဒိတ်တော်ကိုပြန်ကြားပါ သည်ဟုဆိုသော်လည်း မုသားစကားများ ကိုသာလျှင်အသုံးပြုသဖြင့်သေဒဏ် ခံရပေမည်' ဟုဆိုကာထိုသူဟောပြော နေချိန်၌ပင် သူ၏မိဘများသည်သူ့ အားဋ္ဌားနှင့်ထိုး၍သတ်ကြလိမ့်မည်။- Garrad Bible လူ တစ် စုံ တစ် ယောက် သည် ပ ရော ဖက် ပြု လျှင်၊ ဖွား မြင် သော မိ ဘ တို့ က ပင်၊ သင် သည် ထာ ဝ ရ ဘု ရား၏ နာ မ တော် နှင့် မု သာ ဟော ပါ တ ကား။ အ သက် ရှင် ရ မည် မ ဟုတ် ဟု ဆို လျက် ပ ရော ဖက် ပြု စဉ် တွင် ထိုး သတ် ကြ လိမ့် မည်။ Judson Bible လူတစ်စုံတစ်ယောက်သည် ပရောဖက်ပြုသေးလျှင်၊ ဖွားမြင်သော မိဘတို့က၊ သင်သည် ထာဝရဘုရား၏ နာမကိုအမှီပြု၍ မုသားစကားကို ဟောပြောသောကြောင့် အသေခံရမည်ဟု ဆိုလျက်၊ ပရောဖက်ပြုစဉ်ပင် ကိုယ်မိဘတို့သည် သူ့ကို ထုတ်ချင်းခပ် ထိုးကြလိမ့်မည်။ |
“ငါ့နာမဖြင့် မဟုတ်မမှန် ပရောဖက်ပြုဟောပြောသော ပရောဖက်တို့က ‘ငါအိပ်မက်ရပြီ၊ ငါအိပ်မက်ရပြီ’ဟု ပြောဆိုသည်ကို ငါကြားရပြီ။
ထာဝရဘုရားက “ပရောဖက်ဖြစ်စေ၊ ယဇ်ပုရောဟိတ်ဖြစ်စေ၊ ဤလူမျိုးထဲမှတစ်ယောက်ယောက်ဖြစ်စေ ‘ထာဝရဘုရား၏ဗျာဒိတ်တော်’ဟု ပြောဆိုသောသူကို သူနှင့်အတူ သူ၏အိမ်သူအိမ်သားများကိုပါ ငါဒဏ်ခတ်မည်။
ပရောဖက်ယေရမိက ပရောဖက်ဟာနနိယအား “ဟာနနိယ ယခုနားထောင်လော့။ ထာဝရဘုရားသည် သင့်ကိုစေလွှတ်တော်မူသည်မဟုတ်။ သင်သည် ဤလူမျိုးအား မုသားကို ယုံစားစေပြီ။
ထို့ကြောင့် မဟုတ်မမှန်သောနိမိတ်ကိုပင် သင်တို့မြင်ရတော့မည်မဟုတ်။ ဂမ္ဘီရအတတ်ဖြင့် ဟောပြောနိုင်တော့မည်မဟုတ်။ ငါ့လူမျိုးတော်ကို သင်တို့လက်မှကယ်နုတ်မည်။ သို့မှ ငါသည် ထာဝရဘုရားဖြစ်ကြောင်းကို သင်တို့သိကြလိမ့်မည်’ဟူ၍ မိန့်တော်မူသည်”ဟု မိန့်ဆို၏။
ပရောဖက်သည် သွေးဆောင်ခံရပြီး တစ်စုံတစ်ရာဟောပြောလျှင် ထိုပရောဖက်ကို သွေးဆောင်သောသူသည် ငါထာဝရဘုရားပင်ဖြစ်၏။ ငါ၏လက်ကိုဆန့်၍ သူ့ကို ငါ၏လူမျိုးတော်အစ္စရေးအမျိုးထဲမှ ဖယ်ရှားပစ်မည်။
ကိုယ်တော်က ငါ့အား “အချင်းလူသား၊ ဤနေရာသည် ငါ့ပလ္လင်တည်ရာ၊ ငါ့ခြေချရာဖြစ်၏။ ဤနေရာ၌ အစ္စရေးအမျိုးသားတို့နှင့်အတူ ငါအစဉ်ကိန်းဝပ်မည်။ အစ္စရေးအမျိုးသားနှင့် သူတို့၏ဘုရင်တို့သည် ဖောက်ပြန်သောအားဖြင့် အထွတ်အမြတ်ထားရာကုန်းမြင့်တို့၌ ရှင်ဘုရင်ရုပ်ကလာပ်များအားဖြင့် သန့်ရှင်းသောငါ့နာမကို ရှုတ်ချကြတော့မည်မဟုတ်။
ငါ့ထက် ဖခင်ကိုဖြစ်စေ၊ မိခင်ကိုဖြစ်စေ ပို၍ချစ်သောသူသည် ငါနှင့်မထိုက်တန်။ ငါ့ထက် သားကိုဖြစ်စေ၊ သမီးကိုဖြစ်စေ ပို၍ချစ်သောသူသည်လည်း ငါနှင့်မထိုက်တန်။
“တစ်စုံတစ်ဦးသည် ငါ့ထံသို့လာ၍ မိမိ၏ဖခင်၊ မိခင်၊ သားမယားနှင့် ညီအစ်ကိုမောင်နှမတို့ကိုသာမက မိမိအသက်ကိုပင် မမုန်းလျှင် ထိုသူသည် ငါ၏တပည့်မဖြစ်နိုင်။
ထို့ကြောင့် ယခုမှစ၍ ငါတို့သည် မည်သူ့ကိုမျှ သွေးသားဇာတိသဘောဖြင့် မသိမှတ်တော့ပေ။ ငါတို့သည် ခရစ်တော်ကို သွေးသားဇာတိသဘောဖြင့် သိမှတ်ခဲ့လျှင်လည်း ယခုတွင် ထိုသို့မသိမှတ်တော့ပေ။
ပရောဖက်တစ်ပါးပါးသည် အတင့်ရဲ၍ ငါမမိန့်မှာထားသောစကားကို ငါ့နာမဖြင့် ဆင့်ဆိုလျှင်ဖြစ်စေ၊ အခြားသောဘုရား၏နာမဖြင့်ဆင့်ဆိုလျှင်ဖြစ်စေ ထိုပရောဖက်သည် အသတ်ခံရမည်’ဟု မိန့်တော်မူ၏။
သူတို့သည် ကိုယ်တော်၏စကားတော်ကိုလိုက်နာ၍ ကိုယ်တော်၏ပဋိညာဉ်ကိုစောင့်ထိန်းသောကြောင့် ကိုယ့်မိဘကိုပင်လျှင် ‘သူတို့ကို ငါဂရုမစိုက်’ဟု ဆို၏။ မိမိညီအစ်ကိုကိုလည်း အသိအမှတ်မပြု၊ မိမိသားသမီးတို့ကိုလည်း မသိကျိုးကျွန်ပြု၏။