အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




ဇာ​ခ​ရိ 11:14 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ထို့နောက် ယုဒ​လူမျိုး​နှင့် အစ္စရေး​လူမျိုး​ကြား ညီအစ်ကို​တော်စပ်မှု​ကို ပယ်ဖျက်​ရန် ဒုတိယ​တောင်ဝှေး​ဖြစ်​သော “စည်းလုံး​ခြင်း​တောင်ဝှေး”​ကို ငါ​ချိုး​ပစ်​၏​။

အခန်းကိုကြည့်ပါ။

Common Language Bible

ထို​နောက်​ငါ​သည်``စည်း​လုံး​ခြင်း'' နာ​မည်​တွင် သော​တောင်​ဝှေး​ကို​ချိုး​ပစ်​လိုက်​၏။ ထို​အ​ခါ ယု​ဒ​ပြည်​နှင့်​ဣ​သ​ရေ​လ​ပြည်​စည်း​လုံး​မှု သည်​ပျက်​ပြား​၍​သွား​လေ​တော့​၏။

အခန်းကိုကြည့်ပါ။

Garrad Bible

ထို နောက်၊ ယု ဒ အ မျိုး နှင့် ဣ သ ရေ လ အ မျိုး တို့ သွေး သား ပျက် မည့် လ က္ခ ဏာ အ ဖြစ်၊ သင်း ဖွဲ့ ခြင်း ခေါ် ဒု တိ ယ တောင် ဝေး ကို လည်း၊ ငါ ချိုး ဖြတ်၏။

အခန်းကိုကြည့်ပါ။

Judson Bible

ထို​အ​ခါ ယု​ဒ​အ​မျိုး​နှင့် ဣ​သ​ရေ​လ​အ​မျိုး​ဖွဲ့​သော မိတ်​သ​ဟာ​ယ​ကို ဖျက်​လို၍၊ အ​နှောင်​အ​ဖွဲ့​အ​မည်​ရှိ​သော အ​ခြား​တောင်​ဝှေး​ကို ငါ​ချိုး၏။

အခန်းကိုကြည့်ပါ။



ဇာ​ခ​ရိ 11:14
14 ပူးပေါင်းရင်းမြစ်များ  

ဧဖရိမ်​အမျိုး​၏​မနာလိုဝန်တိုစိတ်​သည် ပျောက်သွား​မည်​။ ယုဒ​အမျိုး​အား ရန်ပြု​သော​သူ​တို့​သည် ဖယ်ရှား​ခြင်း​ခံရ​မည်​။ ဧဖရိမ်​အမျိုး​သည် ယုဒ​အမျိုး​ကို မနာလို​မ​ဖြစ်​။ ယုဒ​အမျိုး​သည်​လည်း ဧဖရိမ်​အမျိုး​ကို ရန်​မ​ပြု​။


မနာရှေ​အမျိုး​က ဧဖရိမ်​အမျိုး​ကို​၊ ဧဖရိမ်​အမျိုး​က မနာရှေ​အမျိုး​ကို ဝါးမျို​၏​။ သူ​တို့​အတူတကွ ယုဒ​အမျိုး​ကို ဆန့်ကျင်​ကြ​၏​။ ဤ​အရာ​အလုံးစုံ​ဖြစ်စေကာမူ အမျက်​တော်​မ​ပြေ​၊ လက်​တော်​သည် ဆန့်​လျက်​ရှိ​သေး​၏​။


ထို​ပြည်​ရှိ အစ္စရေး​တောင်​ပေါ်တွင် သူ​တို့​ကို လူမျိုး​တစ်မျိုးတည်း ဖြစ်စေ​မည်​။ သူ​တို့​အားလုံး​ကို ရှင်ဘုရင်​တစ်ပါးတည်း​သာ အုပ်ချုပ်​မည်​။ သူ​တို့​သည် လူမျိုး​နှစ်​မျိုး​ဖြစ်​တော့​မည်​မ​ဟုတ်​၊ နိုင်ငံ​နှစ်​နိုင်ငံ​အဖြစ် ကွဲပြား​တော့​မည်​မ​ဟုတ်​။


တစ်ဖန် ထာဝရဘုရား​က “​ဤ​ပြည်​ရှိ ပြည်သူပြည်သား​တို့​ကို ငါ​သနား​တော့​မည်​မ​ဟုတ်​။ ကြည့်ရှု​လော့​။ လူ​အသီးသီး​တို့​ကို သူ​တို့​၏​အိမ်နီးချင်း​လက်​သို့​လည်းကောင်း​၊ သူ​တို့​၏​ရှင်ဘုရင်​လက်​သို့​လည်းကောင်း ငါ​အပ်​မည်​။ ထို​သူ​တို့​သည် ဤ​ပြည်​ကို​ချေမှုန်းတိုက်ဖျက်​ကြ​မည်​ဖြစ်​သော်လည်း ထို​သူ​တို့​လက်​မှ ငါ​ကယ်တင်​မည်​မ​ဟုတ်​”​ဟု မိန့်​တော်မူ​၏​။


ထို့ကြောင့် အသတ်​ခံရ​တော့မည့်​သိုးအုပ်​၊ အဖိနှိပ်​ခံရ​သော​သိုးအုပ်​တို့​ကို ငါ​ထိန်းကျောင်း​၏​။ ငါ​သည် ကျေးဇူး​တော်​တောင်ဝှေး​နှင့် စည်းလုံး​ခြင်း​တောင်ဝှေး​ဟု​ခေါ်​သော တောင်ဝှေး​နှစ်​ချောင်း​ကို​ယူ​၍ သိုးအုပ်​ကို ထိန်းကျောင်း​၏​။


ထို့နောက် ငါ​က “​သင်​တို့​ကို ငါ​ထိန်းကျောင်း​တော့​မည်​မ​ဟုတ်​။ သေ​မည့်​အကောင်​လည်း သေ​ပါစေ​။ အသတ်​ခံရ​မည့်​အကောင်​လည်း အသတ်​ခံရ​ပါစေ​။ ကျန်​သော​အကောင်​တို့​သည်​လည်း အချင်းချင်း​၏​အသား​ကို ကိုက်စား​ကြ​ပါစေ​”​ဟု ဆို​ပြီးလျှင်


ထို​ကာလ​၌ များစွာ​သော​လူ​တို့​သည် စိတ်ပျက်​ကြ​၍ အချင်းချင်း​အပ်နှံ​လျက် အချင်းချင်း​မုန်းတီး​ကြ​လိမ့်မည်။


နိုင်ငံ​တစ်​နိုင်ငံ​သည်​လည်း မိမိ​အတွင်း​၌ ဆန့်ကျင်​ကွဲပြား​နေ​လျှင် ထို​နိုင်ငံ​သည် မ​တည်မြဲ​နိုင်​ရာ။


သို့သော် သင်​တို့​သည် အချင်းချင်း​ကိုက်ဖြတ်​ဝါးမျို​ကြ​လျှင် အချင်းချင်း​ကြောင့် ပျက်စီး​ခြင်း​သို့​ရောက်​မည်​ကို စိုးရိမ်​ရ​သဖြင့် သတိပြု​ကြ​လော့။


သို့သော် သင်​တို့​၏​စိတ်နှလုံး​ထဲ၌ ခါးသီး​သော​မနာလို​ခြင်း​နှင့် တစ်ကိုယ်ကောင်းဆန်​ခြင်း​များ​ရှိ​လျှင် သမ္မာတရား​ကို​ဆန့်ကျင်​၍ ဝါကြွား​ခြင်း၊ လိမ်ညာ​ခြင်း​တို့​ကို​မ​ပြု​ကြ​နှင့်။


အကြောင်းမူကား မနာလို​ခြင်း​နှင့်​တစ်ကိုယ်ကောင်းဆန်​ခြင်း​ရှိ​သော​နေရာ​တွင် ရုန်းရင်းဆန်ခတ်​ဖြစ်​ခြင်း​နှင့် ဆိုးညစ်​သော​အမှု​အမျိုးမျိုး​တို့​ရှိ​တတ်​၏။