ဇာခရိ 11:14 - Common Language Bible14 ထိုနောက်ငါသည်``စည်းလုံးခြင်း'' နာမည်တွင် သောတောင်ဝှေးကိုချိုးပစ်လိုက်၏။ ထိုအခါ ယုဒပြည်နှင့်ဣသရေလပြည်စည်းလုံးမှု သည်ပျက်ပြား၍သွားလေတော့၏။ အခန်းကိုကြည့်ပါ။Garrad Bible14 ထို နောက်၊ ယု ဒ အ မျိုး နှင့် ဣ သ ရေ လ အ မျိုး တို့ သွေး သား ပျက် မည့် လ က္ခ ဏာ အ ဖြစ်၊ သင်း ဖွဲ့ ခြင်း ခေါ် ဒု တိ ယ တောင် ဝေး ကို လည်း၊ ငါ ချိုး ဖြတ်၏။ အခန်းကိုကြည့်ပါ။Judson Bible14 ထိုအခါ ယုဒအမျိုးနှင့် ဣသရေလအမျိုးဖွဲ့သော မိတ်သဟာယကို ဖျက်လို၍၊ အနှောင်အဖွဲ့အမည်ရှိသော အခြားတောင်ဝှေးကို ငါချိုး၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း14 ထို့နောက် ယုဒလူမျိုးနှင့် အစ္စရေးလူမျိုးကြား ညီအစ်ကိုတော်စပ်မှုကို ပယ်ဖျက်ရန် ဒုတိယတောင်ဝှေးဖြစ်သော “စည်းလုံးခြင်းတောင်ဝှေး”ကို ငါချိုးပစ်၏။ အခန်းကိုကြည့်ပါ။ |
(ထာဝရဘုရားက၊``ငါသည်ကမ္ဘာမြေကြီး ပေါ်တွင်အဘယ်သူ့ကိုမျှသနားတော့မည် မဟုတ်ပါ။ ငါကိုယ်တိုင်ပင်လူအပေါင်းတို့ ကို သူတို့၏ဘုရင်များ၏လက်သို့ပေးအပ် မည်။ ထိုဘုရင်တို့သည်ကမ္ဘာမြေကြီးကို ပျက်ပြုန်းစေကြမည်ဖြစ်သော်လည်း ငါ သည်ကယ်တင်ပေးလိမ့်မည်မဟုတ်'' ဟု မိန့်တော်မူ၏။)
သိုးရောင်းဝယ်သူတို့ကငါ့ကိုငှားရမ်းသ ဖြင့်ငါသည်နှိပ်စက်ခြင်းခံရသောသိုးတို့ ကို ထိန်းကျောင်းရသူဖြစ်လာလေသည်။ ``ကျေး ဇူးပြုခြင်း'' ဟုနာမည်တွင်သောသိုးထိန်း တောင်ဝှေးတစ်ချောင်းနှင့်``စည်းလုံးခြင်း'' ဟု နာမည်တွင်သောသိုးထိန်းတောင်ဝှေးတစ် ချောင်းကိုယူပြီးလျှင်သိုးအုပ်ကိုငါ ထိန်းကျောင်းရ၏။-