အာဗြဟံသည် ဧဖရုန်၏စကားကိုနားထောင်လေ၏။ ထိုသို့ ဟေသအမျိုးသားတို့ရှေ့မှောက်၌ ဧဖရုန်တန်ဖိုးဖြတ်သည့် ငွေအချိန်လေးရာရှယ်ကယ်ကို အာဗြဟံသည် ကုန်သည်တို့၏စံနှုန်းအတိုင်းချိန်တွယ်၍ သူ့အားပေးလေ၏။
ဇာခရိ 11:12 - မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် ငါက သူတို့အား “ငါ့အား လုပ်အားခပေးသင့်သည်ဟုထင်လျှင် ပေးလော့။ မပေးလိုလျှင်လည်း မပေးနှင့်”ဟု ဆိုလျှင် သူတို့သည် လုပ်အားခအဖြစ် ငွေစသုံးဆယ်ကို ချိန်တွယ်ပေးကြ၏။ Common Language Bible ငါကသူတို့အား``သင်တို့ပေးလိုလျှင်ငါ၏ လုပ်အားခကိုပေးကြလော့။ မပေးလိုလျှင် လည်းနေကြတော့'' ဟုပြော၏။ သို့ဖြစ်၍သူ တို့သည်ငါ့လုပ်အားခအဖြစ်ငွေစသုံး ဆယ်ကိုပေးကြ၏။ Garrad Bible ငါ က၊ သ ဘော တူ လျှင် အ ခ ကို ပေး လော့။ မ တူ လျှင် မ ပေး လင့် ဟု တောင်း ဆို ရာ၊ ငွေ အကျပ် သုံး ဆယ် ကို အ ခ အ ဖြစ် ချိန် ပေး ကြ သော်၊ Judson Bible တစ်ဖန် ငါက၊ ငါရထိုက်သော အခကိုပေးအံ့သောငှာ၊ သင်တို့သည် အလိုရှိလျှင် ပေးကြလော့။ အလိုမရှိလျှင် မပေးကြနှင့်ဟု ဆိုသော်၊ သူတို့သည် ငါ့အား အခပေးအံ့သောငှာ ငွေသုံးဆယ်ကို ချိန်ကြ၏။ |
အာဗြဟံသည် ဧဖရုန်၏စကားကိုနားထောင်လေ၏။ ထိုသို့ ဟေသအမျိုးသားတို့ရှေ့မှောက်၌ ဧဖရုန်တန်ဖိုးဖြတ်သည့် ငွေအချိန်လေးရာရှယ်ကယ်ကို အာဗြဟံသည် ကုန်သည်တို့၏စံနှုန်းအတိုင်းချိန်တွယ်၍ သူ့အားပေးလေ၏။
မိဒျန်လူမျိုးကုန်သည်တို့ဖြတ်လာကြသောအခါ အစ်ကိုတို့သည် ယောသပ်ကို တွင်းထဲမှဆွဲထုတ်၍ ငွေရှယ်ကယ်နှစ်ဆယ်ဖြင့် ယောသပ်ကိုဣရှမေလလူမျိုးတို့ထံရောင်းလိုက်၏။ ထိုသူတို့သည်လည်း ယောသပ်ကို အီဂျစ်ပြည်သို့ခေါ်ဆောင်သွားကြ၏။
အာဟပ်မင်းကြီးက နာဗုတ်အား “သင့်စပျစ်ခြံသည် ငါ့နန်းတော်နှင့်နီးသောကြောင့် ဟင်းသီးဟင်းရွက်ခြံပြုလုပ်လိုသဖြင့် ငါ့ကို ပေးပါလော့။ ထိုခြံအစား ပိုကောင်းသောစပျစ်ခြံကို ပေးမည်။ သို့မဟုတ် တန်ဖိုးငွေကို သင်အလိုရှိလျှင် ငါပေးမည်”ဟု မိန့်ဆိုလျှင်
ထို့ကြောင့် အကျွန်ုပ်အဖို့ လက်ဘနွန်တောင်မှ သစ်ကတိုးပင်များကို ခုတ်ပေးကြရန် အမိန့်ထုတ်ပြန်ပါ။ အကျွန်ုပ်၏အမှုထမ်းတို့သည် မင်းကြီး၏အမှုထမ်းတို့နှင့်အတူ အလုပ်လုပ်ကြပါလိမ့်မည်။ မင်းကြီး၏အမှုထမ်းတို့အတွက် လုပ်အားခကိုလည်း မင်းကြီးဆိုသည့်အတိုင်း ပေးပါမည်။ မင်းကြီးသိတော်မူသည့်အတိုင်း အကျွန်ုပ်တွင် ဆီဒုန်လူမျိုးတို့ကဲ့သို့ သစ်ခုတ်ကျွမ်းကျင်သူ မရှိပါ”ဟု မှာကြားလိုက်လေ၏။
နွားသည် ကျွန်ယောက်ျား၊ သို့မဟုတ် ကျွန်မိန်းမကိုဝှေ့လျှင် ထိုကျွန်၏သခင်အား ငွေရှယ်ကယ်သုံးဆယ်ပေးရမည်။ နွားကိုလည်း ခဲနှင့်ပေါက်သတ်ရမည်။
ထို့ကြောင့် ငါသည် အာနသုတ်မြို့ရှိ ငါ့ဘထွေး၏သား ဟာနမေလထံမှ လယ်ကိုဝယ်ယူလေ၏။ သူ့ကို ငွေတစ်ဆယ့်ခုနစ်ရှယ်ကယ် ချိန်ပေးလေ၏။
“သင်တို့ကို တရားစီရင်ရန် သင်တို့ထံသို့ ငါကြွလာမည်။ ငါသည် မှော်ဆရာများ၊ အိမ်ထောင်ရေးဖောက်ပြန်သောသူများ၊ မဟုတ်မမှန်ကျိန်ဆိုသောသူများ၊ သူရင်းငှား၏လုပ်အားခကို မပေးသောသူများ၊ မုဆိုးမနှင့် ဖတဆိုးတို့ကို နှိပ်စက်သောသူများ၊ တိုင်းတစ်ပါးသားတို့ကို လျစ်လျူရှု၍ ငါ့ကိုမကြောက်ရွံ့သောသူများကိုဆန့်ကျင်လျက် အလျင်အမြန်သက်သေထွက်ဆိုမည်”ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူ၏။
“ယေရှုကို သင်တို့လက်သို့အပ်နှံလျှင် သင်တို့သည် အကျွန်ုပ်အား ငွေမည်မျှပေးမည်နည်း”ဟု ဆိုသော် သူတို့သည် ယုဒအား ငွေဒင်္ဂါးသုံးဆယ်ကို သတ်မှတ်ပေးကြ၏။
ထိုအခါ “သူတို့သည် တန်ဖိုးဖြတ်ခြင်းခံရသောသူ၏အဖိုးငွေတည်းဟူသော အစ္စရေးအမျိုးသားတို့တန်ဖိုးဖြတ်ထားသည့် ငွေဒင်္ဂါးသုံးဆယ်ကိုယူ၍ အကျွန်ုပ်အား ထာဝရဘုရားမိန့်မှာတော်မူသည့်အတိုင်း အိုးထိန်းသည်၏မြေယာအတွက် ထိုငွေတို့ကိုပေးကြ၏”ဟု ပရောဖက်ယေရမိအားဖြင့် မိန့်တော်မူခဲ့သောအရာသည် ပြည့်စုံခြင်းသို့ရောက်လေ၏။
ညစာကိုစားကြစဉ် မာရ်နတ်သည် ရှိမုန်၏သား ယုဒဣရှကာရုတ်၏စိတ်နှလုံးထဲ၌ ကိုယ်တော်ကိုအပ်နှံရန် အကြံသွင်းပေးနှင့်ပြီဖြစ်၏။