ယေရမိ 32:9 - မြန်မာ့စံမီသမ္မာကျမ်း9 ထို့ကြောင့် ငါသည် အာနသုတ်မြို့ရှိ ငါ့ဘထွေး၏သား ဟာနမေလထံမှ လယ်ကိုဝယ်ယူလေ၏။ သူ့ကို ငွေတစ်ဆယ့်ခုနစ်ရှယ်ကယ် ချိန်ပေးလေ၏။ အခန်းကိုကြည့်ပါ။Common Language Bible9 ဟာနမေလထံမှလယ်ကိုဝယ်ယူကာသူ့ အားငွေကိုချိန်တွယ်၍ပေး၏။ လယ်ဖိုးငွေ သားမှာတစ်ဆယ့်ခုနစ်ခုဖြစ်သတည်း။- အခန်းကိုကြည့်ပါ။Garrad Bible9 အာ န သုတ် ခ ရိုင် ရှိ ထို မြေ ကွက် ကို၊ ဘ ထွေး၏ သား ဟာ န မေ လ ထံ မှ ၀ယ်၍၊ ငွေ တစ် ဆယ့် ခု နစ် ကျပ် ကို ချိန် ခြင်း၊ စာ ချုပ် ခြင်း၊ အခန်းကိုကြည့်ပါ။Judson Bible9 အာနသုတ်မြို့၌ရှိသော ငါ့ဘထွေးသား ဟာနမေလ၏လယ်ကို ငါဝယ်၍ လယ်ဖိုးငွေ တစ်ဆယ်ခုနစ်ကျပ် ကို ချိန်ပေးလေ၏။ အခန်းကိုကြည့်ပါ။ |
ရှင်ဘုရင်ကြွလာသောအခါ သူသည် အော်ဟစ်လျက် ရှင်ဘုရင်အား “ကျွန်တော်မျိုးသည် တိုက်ပွဲထဲသို့ ရောက်ခဲ့ပါ၏။ လူတစ်ယောက်က အကျွန်ုပ်ထံသို့ လူတစ်ယောက်ကို ခေါ်လာပြီး ‘ဤသူကို စောင့်ရှောက်ပါ။ သူထွက်ပြေးပျောက်ဆုံးသွားလျှင် သူ့အသက်အဖို့ သင့်အသက်၊ သို့မဟုတ် ငွေတစ်တာလန်ကို ပေးလျော်ရမည်’ဟု အကျွန်ုပ်အား ဆိုပါ၏။
ငါမတိုင်ခင် ဘုရင်ခံလုပ်သောသူတို့သည် ပြည်သူပြည်သားတို့အား ဝန်လေးအောင်ပြုခဲ့ကြ၏။ ငွေရှယ်ကယ်လေးဆယ်အပြင် မုန့်နှင့် စပျစ်ဝိုင်ကိုပါ ယူကြ၏။ သူတို့၏လက်အောက်ငယ်သားတို့သည်လည်း ပြည်သူပြည်သားတို့ကို နိုင်လိုမင်းထက်ပြုကြ၏။ ငါမူကား ဘုရားသခင်ကို ကြောက်ရွံ့ရိုသေသောကြောင့် ထိုသို့မပြု။
အစားအစာမဟုတ်သောအရာအတွက် သင်တို့ငွေကိုလည်းကောင်း၊ ရောင့်ရဲမှုမပေးသောအရာအတွက် သင်တို့ချွေးနှဲစာကိုလည်းကောင်း အဘယ်ကြောင့် သင်တို့အသုံးပြုကြသနည်း။ ငါ့စကားကို စေ့စေ့နားထောင်လော့။ ကောင်းသောအစားအစာကို စားကြလော့။ သင်တို့၏စိတ်ဝိညာဉ်သည် အဆီအနှစ်နှင့်ပြည့်သောအစာနှင့် ဝအီလိမ့်မည်။