သစ်ကတိုးပင်၌အသိုက်လုပ်၍ လက်ဘနွန်တောင်၌နေသောသူ၊ သားဖွားဝေဒနာကဲ့သို့ နာကျင်ခြင်းဝေဒနာကို သင်ခံစားရသောအခါ သင်မည်မျှညည်းတွားလိမ့်မည်နည်း”ဟု မိန့်တော်မူ၏။
ဇာခရိ 11:1 - မြန်မာ့စံမီသမ္မာကျမ်း အို လက်ဘနွန်တောင်၊ သင့်တံခါးတို့ကို ဖွင့်လော့။ သင်၏သစ်ကတိုးပင်များ မီးလောင်ကျွမ်းပါစေ။ Common Language Bible အို လေဗနုန်တောင်၊ သင်၏သစ်ကတိုးပင်များသည် မီးသင့်လောင်၍သွားနိုင်ရန်သင်၏တံခါးတို့ကို ဖွင့်ပါလော့။ Garrad Bible အို လေ ဗ နုန် တောင်၊ သင့် သစ် က တိုး တော ကို မီး ကျွမ်း လောင် စေ ရန်၊ မီး ကာ ပေါက် များ ကို ဖွင့် လော့။ Judson Bible အို လေဗနုန်တောင်၊ သင်၏အာရဇ်ပင်တို့ကို မီးလောင်စေခြင်းငှာ သင်၏တံခါးတို့ကို ဖွင့်လော့။ |
သစ်ကတိုးပင်၌အသိုက်လုပ်၍ လက်ဘနွန်တောင်၌နေသောသူ၊ သားဖွားဝေဒနာကဲ့သို့ နာကျင်ခြင်းဝေဒနာကို သင်ခံစားရသောအခါ သင်မည်မျှညည်းတွားလိမ့်မည်နည်း”ဟု မိန့်တော်မူ၏။
ကြည့်ရှုလော့။ အဆီးရီးယားပြည်သည် လက်ဘနွန်တောင်မှ သစ်ကတိုးပင်နှင့်တူ၏။ အကိုင်းအခက်ဝေဆာလှပပြီး ထိပ်ဖျားသည် မိုးထိအောင်မြင့်၍ တစ်တောလုံးကို အုပ်မိုးထား၏။
လက်ဘနွန်တောင်ကို သင်နှိပ်စက်ခဲ့သည့်အတိုင်း သင်ပြန်ခံရမည်။ တိရစ္ဆာန်များကို သင်ညှဉ်းဆဲခဲ့သည့်အတိုင်း သင်ပြန်၍ကြောက်လန့်နေရမည်။ သင်သည် လူကိုသတ်ဖြတ်၍ ကမ္ဘာမြေရှိမြို့များနှင့် မြို့သူမြို့သားအပေါင်းတို့အပေါ် ရက်စက်ကြမ်းကြုတ်မှုကိုပြုလေပြီ။
သင်သည် လူကိုသတ်ဖြတ်၍ ကမ္ဘာမြေရှိမြို့များနှင့် မြို့သူမြို့သားအပေါင်းတို့အပေါ် ရက်စက်ကြမ်းကြုတ်မှုကိုပြုပြီး လူမျိုးများစွာကို တိုက်ခိုက်လုယူခဲ့သောကြောင့် ကြွင်းကျန်သောသူအပေါင်းတို့သည် သင့်ကို ပြန်၍တိုက်ခိုက်လုယူလိမ့်မည်။
‘တောင်ပေါ်သို့တက်သွား၍ သစ်ကိုယူဆောင်လာပြီးလျှင် အိမ်တော်ကို ဆောက်ကြလော့။ ထိုအိမ်တော်ကိုငါနှစ်သက်၍ ငါ့ဘုန်းတော်ကိုလည်း ထင်ရှားစေမည်’ဟု ထာဝရဘုရားမိန့်ဆိုပြီ။
ငါသည် သူတို့ကို အီဂျစ်ပြည်မှ ပြန်ခေါ်လာမည်။ အဆီးရီးယားပြည်မှ ပြန်လည်စုသိမ်းမည်။ ဂိလဒ်ပြည်၊ လက်ဘနွန်တောင်သို့ ခေါ်ဆောင်လာမည်။ သူတို့နေစရာအဖို့ နေရာလပ်မကျန်အောင် ဖြစ်လိမ့်မည်။
အို ထင်းရှူးပင်၊ ညည်းတွားလော့။ အကြောင်းမူကား သစ်ကတိုးပင် လဲကျ၍ ကျက်သရေဆောင်သစ်ပင်တို့ ပျက်စီးကုန်ပြီ။ အို ဗာရှန်ဝက်သစ်ချပင်တို့၊ ညည်းတွားကြလော့။ အကြောင်းမူကား ထူထပ်သောသစ်တောကြီး ပြုန်းတီးသွားလေပြီ။
ထိုနေ့ရက်တွင် ငါသည် ယုဒသူကြီးတို့ကို ထင်းမီးဖို၊ ကောက်လှိုင်းမီးတုတ် ဖြစ်စေသဖြင့် လက်ယာဘက်၊ လက်ဝဲဘက် ဝန်းကျင်ရှိလူမျိုးအပေါင်းတို့ကို လောင်ကျွမ်းလိမ့်မည်။ ဂျေရုဆလင်မြို့မူကား ယခင်နေရာဖြစ်သည့် ဂျေရုဆလင်မြို့၌ တည်ရှိလိမ့်မည်။
ငါ့အမျက်မီးသည် စွဲ၍ မရဏာနိုင်ငံအောက်ဆုံးထိတိုင်အောင် တောက်လောင်လိမ့်မည်။ မြေကြီးနှင့် မြေကြီးအသီးအနှံတို့ကို ဝါးမျို၍ တောင်များ၏အခြေအမြစ်တို့ကို လောင်ကျွမ်းလိမ့်မည်။