ဤမြို့နှင့်မြို့သားတို့ကို ထိတ်လန့်စရာ၊ ကျိန်ဆဲစရာဖြစ်စေမည်ဟု ငါဆိုသည်ကို သင်ကြားရသောအခါ သင်သည် နှလုံးကြေကွဲလျက်၊ ကိုယ်ကိုနှိမ့်ချလျက်၊ ကိုယ့်အဝတ်ကို ဆုတ်လျက် ငါထာဝရဘုရားရှေ့တော်တွင် ငိုကြွေးသည်ကို ငါကြားပြီ။
ဇာခရိ 1:2 - မြန်မာ့စံမီသမ္မာကျမ်း “ထာဝရဘုရားသည် သင်တို့၏ဘိုးဘေးတို့အား ပြင်းစွာအမျက်ထွက်တော်မူပြီ။ Common Language Bible ထာဝရဘုရားကဇာခရိအား``ငါသည်သင် တို့၏ဘိုးဘေးများကိုလွန်စွာအမျက်ထွက် တော်မူခဲ့၏။- Garrad Bible ငါ ထာ ဝ ရ ဘု ရား သည်၊ သင် တို့ ဘိုး ဘေး များ အ ပေါ် သို့၊ ပြင်း ထန် သော အ မျက် တော် ထား ရ ၏။ Judson Bible ထာဝရဘုရားသည် သင်တို့ ဘိုးဘေးများကို အလွန်အမျက်ထွက်တော်မူပြီ။ |
ဤမြို့နှင့်မြို့သားတို့ကို ထိတ်လန့်စရာ၊ ကျိန်ဆဲစရာဖြစ်စေမည်ဟု ငါဆိုသည်ကို သင်ကြားရသောအခါ သင်သည် နှလုံးကြေကွဲလျက်၊ ကိုယ်ကိုနှိမ့်ချလျက်၊ ကိုယ့်အဝတ်ကို ဆုတ်လျက် ငါထာဝရဘုရားရှေ့တော်တွင် ငိုကြွေးသည်ကို ငါကြားပြီ။
သို့သော် မနာရှေမင်းကြီးပြုခဲ့သောအမျက်တော်ထွက်စရာအမှုအလုံးစုံတို့ကြောင့် ထာဝရဘုရားသည် ယုဒလူမျိုးကို ပြင်းစွာအမျက်ထွက်သောအရှိန်မှာ မငြိမ်းပေ။
အကျွန်ုပ်တို့ပြုသောဆိုးညစ်မှုများ၊ အပြစ်ကြီးများကြောင့် ဤသို့ခံရသော်လည်း အကျွန်ုပ်တို့၏ဘုရားသခင်သည် အကျွန်ုပ်တို့ခံထိုက်သည်ထက်လျော့၍ အပြစ်ဒဏ်ပေးတော်မူ၏။ ဤမျှလောက် လွတ်မြောက်ခွင့်ပေးတော်မူသည်ကိုပင်
အို ဘုရားသခင်၊ ကိုယ်တော်သည် အကျွန်ုပ်တို့ကိုငြင်းပယ်ခဲ့ပါ၏။ အကျွန်ုပ်တို့ကိုဖြိုဖျက်ခဲ့ပါ၏။ ကိုယ်တော်သည် အမျက်တော်ထွက်ခဲ့ပါ၏။ အကျွန်ုပ်တို့ကို ပြန်လည်ထူထောင်တော်မူပါ။
သူတို့သည် ထိုပြည်ကို ဝင်ရောက်သိမ်းပိုက်ကြသော်လည်း စကားတော်ကိုနားမထောင်ကြ။ တရားတော်အတိုင်း မလိုက်လျှောက်ကြ။ ကိုယ်တော်မိန့်မှာသောအမှုတို့ကိုလည်း တစ်စုံတစ်ခုမျှမလုပ်ဆောင်ကြ။ သို့ဖြစ်၍ ကိုယ်တော်သည် ဤဘေးအန္တရာယ်အပေါင်းတို့ကို သူတို့အပေါ်သို့ ကျရောက်စေတော်မူပြီ။
ထို့ကြောင့် ငါ့အမျက်ဒေါသမီးကို ငါသွန်ချသဖြင့် ယုဒမြို့ရွာများနှင့် ဂျေရုဆလင်မြို့လမ်းတို့ကို လောင်ကျွမ်းလေပြီ။ ယခုကဲ့သို့ ပြိုပျက်ရာအရပ်၊ လူသူကင်းမဲ့ရာအရပ် ဖြစ်လေပြီ’ဟု မိန့်တော်မူ၏။
အကျွန်ုပ်တို့ဘိုးဘေးတို့သည် အပြစ်ပြုပြီး သေဆုံးသွားကြပြီ။ သူတို့၏အပြစ်ဝန်ကို အကျွန်ုပ်တို့ ထမ်းရကြပါပြီ။
ထို့ကြောင့် ငါ့အမျက်ဒေါသကို သူတို့အပေါ် သွန်ချမည်။ ငါ့အမျက်မီးဖြင့် သူတို့ကို လောင်ကျွမ်းစေမည်။ သူတို့ပြုကျင့်ခဲ့သည့်အတိုင်း သူတို့ခေါင်းပေါ်သို့ ပြန်ရောက်စေမည်”ဟု ဘုရားရှင်ထာဝရဘုရား မိန့်ဆို၏။
ထို့ကြောင့် သူတို့ကို အမျက်ဒေါသဖြင့် စီရင်မည်။ သနားညှာတာမည်မဟုတ်။ ငါ့ထံ သူတို့အသံကုန်အော်ဟစ်တောင်းလျှောက်လျှင်လည်း ငါနားထောင်မည်မဟုတ်”ဟု မိန့်တော်မူ၏။
ငါအနည်းငယ်အမျက်ထွက်၍ ဂျေရုဆလင်မြို့ကို ဘေးပြုဆုံးမစေသော်လည်း ငြိမ်းချမ်းစွာနေရသောလူမျိုးခြားတို့သည် ပို၍ ပြုကြသောကြောင့် သူတို့ကို ငါအလွန်အမျက်ထွက်၏’ဟု မိန့်တော်မူ၏။
သူတို့၏စိတ်ကို စိန်ကဲ့သို့မာကျောစေကြသဖြင့် ရှေးပရောဖက်တို့မှတစ်ဆင့် ဝိညာဉ်တော်အားဖြင့် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားပေးတော်မူသော ပညတ်တရားများနှင့် နှုတ်တော်ထွက်စကားများကို မလိုက်နာကြ။ ထို့ကြောင့် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် ပြင်းစွာအမျက်ထွက်တော်မူ၏။
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက ‘သင်တို့၏ဘိုးဘေးတို့အား အမျက်ထွက်ခဲ့စဉ်အခါက သင်တို့အပေါ်သို့ ဘေးဆိုးကို ကျရောက်စေမည်ဟု ငါကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား စိတ်ပိုင်းဖြတ်ခဲ့သည့်အတိုင်း စိတ်ပြောင်းလဲမည်မဟုတ်။
သင်တို့ဘိုးဘေးများ မညှဉ်းဆဲခဲ့သောပရောဖက်တစ်ပါးပါးရှိသလော။ သူတို့သည် ဖြောင့်မတ်သောအရှင်ကြွလာမည့်အကြောင်း ကြိုတင်ဟောပြောသောသူများကိုသတ်ခဲ့ကြ၏။ ယခု သင်တို့သည် ထိုဖြောင့်မတ်သောအရှင်ကို သစ္စာဖောက်သောသူနှင့် သတ်ဖြတ်သောသူများဖြစ်ကြပြီ။