ထာဝရဘုရားက မောရှေအား “သင်သည် အဘယ်ကြောင့် ငါ့ထံအော်ဟစ်နေသနည်း။ အစ္စရေးအမျိုးသားတို့အား ဆက်၍ခရီးပြုကြရန် ဆင့်ဆိုလော့။
ဆာလံ 99:6 - မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်၏ယဇ်ပုရောဟိတ်များထဲတွင် မောရှေနှင့်အာရုန်တို့ပါ၍ ကိုယ်တော်၏နာမတော်ကိုခေါ်သောသူတို့တွင် ရှမွေလ ပါ၏။ သူတို့သည် ထာဝရဘုရားကိုခေါ်၍ ကိုယ်တော်သည် သူတို့ကို ထူးတော်မူ၏။ Common Language Bible မောရှေနှင့်အာရုန်တို့သည်ကိုယ်တော်၏ ယဇ်ပုရောဟိတ်များဖြစ်ကြ၏။ ရှမွေလသည်လည်းကိုယ်တော်အားဆုတောင်း ပတ္ထနာပြုသူတစ်ဦးဖြစ်ပေသည်။ သူတို့သည်ထာဝရဘုရားအား ဆုတောင်းပတ္ထနာပြုသောအခါကိုယ်တော် သည် နားညောင်းတော်မူ၏။ Garrad Bible ပု ရော ဟိတ် တို့ အ နက် မော ရှေ နှင့် အာ ရုန်၊ နာ မ တော် အား ပ ဌ နာ ပြု သူ တို့ အ နက် ရှ မွေ လ တို့ သည်၊ ထာ ဝ ရ ဘု ရား ကို ပဌ နာ ပြု ကြ ရာ၊ ထူး တော် မူ ၏။ Judson Bible ယဇ်ပုရောဟိတ်မောရှေနှင့် အာရုန်၊ နာမတော်ကို ပတ္ထနာပြုသောသူ ရှမွေလ၊ ဤသူတို့သည် ထာဝရဘုရားကို ပတ္ထနာပြု၍၊ ကိုယ်တော်သည် ထူးတော်မူ၏။ |
ထာဝရဘုရားက မောရှေအား “သင်သည် အဘယ်ကြောင့် ငါ့ထံအော်ဟစ်နေသနည်း။ အစ္စရေးအမျိုးသားတို့အား ဆက်၍ခရီးပြုကြရန် ဆင့်ဆိုလော့။
မောရှေသည်လည်း ထာဝရဘုရားထံ အော်ဟစ်တောင်းလျှောက်ရာ ထာဝရဘုရားသည် သူ့အား သစ်တုံးတစ်တုံးကို ညွှန်ပြ၏။ သူသည် ထိုသစ်တုံးကိုရေထဲသို့ ပစ်ချလိုက်သော် ရေသည်ချိုလေ၏။ ထာဝရဘုရားသည် ထိုအရပ်၌ သူတို့အတွက် ပြဋ္ဌာန်းချက်၊ စီရင်ထုံးဖွဲ့ချက်တို့ကို စီရင်တော်မူ၏။ ထိုအရပ်၌ သူတို့ကို စမ်းသပ်တော်မူ၏။
ထိုအခါ မောရှေက ထာဝရဘုရားအား “ဤလူတို့ကို အကျွန်ုပ်မည်သို့ပြုရပါမည်နည်း။ သူတို့သည် အကျွန်ုပ်ကို ခဲနှင့်ပေါက်လုနီးပါပြီ”ဟု ဆိုလျက် အော်ဟစ်တောင်းလျှောက်လေ၏။
နောက်တစ်နေ့၌ မောရှေက လူတို့အား “သင်တို့သည် ကြီးလေးသောအပြစ်ကို ကျူးလွန်မိပြီဖြစ်၍ ထာဝရဘုရားထံသို့ ယခု ငါတက်သွား၍ သင်တို့အပြစ်ကို ဖြေလွှတ်ကောင်းဖြေလွှတ်တော်မူရန် ငါလျှောက်ဆိုမည်”ဟု ဆိုလေ၏။
တစ်ဖန် ထာဝရဘုရားက ငါ့အား “မောရှေနှင့်ရှမွေလသည် ငါ့ရှေ့၌လာရပ်လျှင်ပင် ဤလူမျိုးထံ ငါ့စိတ်ပြန်လည်လာမည်မဟုတ်။ သူတို့ကို ငါ့ရှေ့မှ နှင်ထုတ်လော့။ ငါ့ရှေ့မှ ထွက်သွားစေလော့။