လူမျိုးတကာတို့သည် မငြိမ်မသက်ဖြစ်ကြ၏။ တိုင်းနိုင်ငံတို့သည် တုန်လှုပ်ကြ၏။ ကိုယ်တော်သည် မိမိအသံကိုလွှင့်တော်မူသောအခါ ကမ္ဘာမြေကြီးသည် အရည်ပျော်လေ၏။
ဆာလံ 97:5 - မြန်မာ့စံမီသမ္မာကျမ်း ထာဝရဘုရား၏ရှေ့တော်၊ ကမ္ဘာမြေတစ်ခွင်လုံးကိုအစိုးရသော အရှင်၏ရှေ့တော်၌ တောင်များသည် ဖယောင်းကဲ့သို့ အရည်ပျော်ကြ၏။ Common Language Bible ကမ္ဘာမြေကြီးကိုအစိုးရသော အရှင်တည်းဟူသောထာဝရဘုရား ၏ရှေ့ တော်၌တောင်တို့သည်ဖယောင်းကဲ့သို့ အရည်ပျော်ကြကုန်၏။ Judson Bible ထာဝရဘုရားရှေ့၊ မြေကြီးတစ်ပြင်လုံးကို အစိုးရတော်မူသော အရှင်၏ရှေ့တော်၌၊ တောင်တို့သည် ဖယောင်းကဲ့သို့ အရည်ဖြစ်ကြ၏။ |
လူမျိုးတကာတို့သည် မငြိမ်မသက်ဖြစ်ကြ၏။ တိုင်းနိုင်ငံတို့သည် တုန်လှုပ်ကြ၏။ ကိုယ်တော်သည် မိမိအသံကိုလွှင့်တော်မူသောအခါ ကမ္ဘာမြေကြီးသည် အရည်ပျော်လေ၏။
အကြောင်းမူကား အမြင့်ဆုံးသောအရှင် ထာဝရဘုရားသည် အံ့ဩဖွယ်အရှင်၊ ကမ္ဘာမြေတစ်ခွင်လုံးကိုအုပ်စိုးသော ကြီးမြတ်သည့်ရှင်ဘုရင်ဖြစ်တော်မူ၏။
ဝါကြွားသောသူတို့အား ‘မဝါကြွားကြနှင့်’ ဟူ၍လည်းကောင်း၊ ဆိုးယုတ်သောသူတို့အား ‘ချိုမထောင်ကြနှင့်။
ထိုသို့ဖြင့် ထာဝရဘုရားဟူသောနာမတော်ရှိသည့် ကိုယ်တော်တစ်ပါးတည်းသာလျှင် ကမ္ဘာမြေတစ်ခွင်လုံး၌ အမြင့်ဆုံးသောအရှင်ဖြစ်ကြောင်းကို သူတို့သိကြပါစေသော။
အကြောင်းမူကား သင့်ကိုဖန်ဆင်းတော်မူသောအရှင်သည် သင်၏ခင်ပွန်းဖြစ်၏။ နာမတော်ကား ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားပေတည်း။ သင့်ကိုရွေးနုတ်တော်မူသောအရှင်သည် အစ္စရေးလူမျိုး၏သန့်ရှင်းသောအရှင်ဖြစ်၏။ မြေကြီးတစ်ပြင်လုံး၏ဘုရားဟု ခေါ်ဝေါ်ခြင်းခံရ၏။
“အို ဇိအုန်သမီးပျို၊ ထ၍ တလင်းနယ်လော့။ ငါသည် သင့်အား သံဦးချိုနှင့် ကြေးဝါခွာကို ပေးမည်။ သင်သည် လူမျိုးများစွာတို့ကို ညက်ညက်ကြေအောင် နင်းနယ်လိမ့်မည်။ သင်သည် သူတို့၏မတရားသောအကျိုးစီးပွားကို ထာဝရဘုရားထံတော်သို့လည်းကောင်း၊ သူတို့၏ဥစ္စာပစ္စည်းတို့ကို မြေတစ်ပြင်လုံး၏အရှင်ထံသို့လည်းကောင်း ဆက်ကပ်လိမ့်မည်။”
တောင်များသည် ကိုယ်တော့်ရှေ့တွင် တုန်ခါ၍ တောင်ကုန်းများ အရည်ပျော်ကုန်၏။ မြေကြီးသည် ကိုယ်တော့်ရှေ့တွင် တုန်လှုပ်၍ ကမ္ဘာကြီးနှင့် မြေကြီးသားအပေါင်းတို့သည်လည်း တုန်လှုပ်ကြပါ၏။
ရပ်တော်မူလျှင် မြေကြီးလှုပ်၍ ကြည့်တော်မူလျှင် တိုင်းနိုင်ငံတို့ တုန်လှုပ်ကြလေ၏။ ရှေးတောင်ကြီးများလည်း ကွဲလွင့်၍ ရှေးတောင်ကုန်းများလည်း နိမ့်ဝင်ကုန်၏။ နည်းလမ်းတော်တို့မူကား ထာဝရတည်၏။
သူကလည်း “ဤအရာများကား မြေတစ်ပြင်လုံး၏အရှင်ရှေ့၌ ခစားသော ဘိသိက်ခံရသူနှစ်ဦးကို ဆိုလိုသည်”ဟု မိန့်ဆိုလေ၏။
တစ်စုံတစ်ယောက်က ‘အဘယ်ကြောင့် ဤသို့ပြုကြသနည်း’ဟု သင်တို့ကိုမေးလျှင် ‘သခင်ဘုရားအလိုရှိသည်။ ဤနေရာသို့ ချက်ချင်းပြန်ပို့ပေးပါလိမ့်မည်’ဟု ပြောကြလော့”ဟူ၍ မိန့်တော်မူ၏။
ငါတို့သခင်ယေရှုခရစ်တော်၏နာမတော်ကိုပတ္ထနာပြုကြသည့် အရပ်ရပ်တို့၌ရှိသောသူအပေါင်းတို့နှင့်အတူသန့်ရှင်းသူအဖြစ်ခေါ်ယူတော်မူခြင်းခံရ၍ ခရစ်တော်ယေရှုအားဖြင့် သန့်ရှင်းစေခြင်းခံရသောသူများတည်းဟူသော ကောရိန္သုမြို့၌ရှိသည့် ဘုရားသခင်၏အသင်းတော်ထံသို့ စာရေးလိုက်ပါ၏။ ကိုယ်တော်သည် ထိုပတ္ထနာပြုသောသူအပေါင်းတို့နှင့် ငါတို့၏သခင်ဖြစ်တော်မူ၏။
မြေတစ်ပြင်လုံးကိုအစိုးရသောအရှင်သခင်၏ပဋိညာဉ်သေတ္တာတော်သည် ဂျော်ဒန်မြစ်ကို သင်တို့ရှေ့မှကူးသွားမည်။